အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (The Asian Development Bank, ADB) သည် အာရှနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန် ရည်မှန်းချက်ဖြင့် ၁၉၆၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ထူထောင်ခဲ့သည့် ဒေသတွင်း ဖွံ့ဖြိုးရေးဘဏ်ဖြစ်သည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် ယခင်အီးကဖီးခေါ် အာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (ယခု အက်စကက် ခေါ် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးကော်မရှင်) ၏စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသော အာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် အစည်းအဝေးက အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့သဖြင့် ယင်းနေ့မှာပင် ဘဏ်ဖွဲ့စည်းရေးစာချုပ်ကို ၂၁ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၆၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် သတ်မှတ်ထားသော နိုင်ငံအရေအတွက် ပြည့်စုံသဖြင့် ဘဏ်လုပ်ငန်း ကို စတင် အကောင်အထည်ဖော်ခဲ့ကြသည်။

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်
Asian Development Bank
ADB logo
ဆောင်ပုဒ်အာရှ ပိစိဖိတ်ဒေသတွင်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး
ဖွဲ့စည်းခြင်း၂၂ ဩဂုတ် ၁၉၆၆
အမျိုးအစားဒေသဆိုင်ရာ အဖွဲ့အစည်း
ဦးတည်ချက်Crediting
ဌာနချုပ်မနီလာမြို့ဖိလစ်ပိုင်နိုင်ငံ
ဝန်ဆောင်မှုဒေသ
အာရှ-ပစိဖိတ်
အဖွဲ့ဝင်များ
၆၇ နိုင်ငံ
ဥက္ကဋ္ဌ
တကီဟီရို နာကာအို
အဓိကအဖွဲ့အစည်း
Board of Directors[၁]
ဝန်ထမ်း
၃,၀၅၁+[၂]
ဝက်ဘ်ဆိုဒ်adb.org

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်ခြင်း၏ ရည်ရွယ်ချက်မှာအာရှနှင့် အရှေ့ဖျားဒေသရှိ နိုင်ငံများ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှပ်နှံခြင်း၊ ငွေကြေးအကူအညီပေးခြင်း၊ ငွေချေးငှားငြင်း၊ ကျွမ်းကျင်မှုအကူအညီပေးခြင်းနှင့် အခြားအကူအညီပေးခြင်း အမျိုးမျိုးတို့ကို ဆောင်ရွက်ရန် ဖြစ်သည်။ စီးပွားတိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်များကို အထိရောက်ဆုံး ဆောင်ရွက်ရေးသည် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အဓိကဦးစားပေး လုပ်ငန်းဖြစ်သည်။

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အဓိက စည်းကမ်းချက်များမှာ အီးကဖီး (အက်စက်) အဖွဲ့ဝင်နိုင်ငံအားလုံး နှင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အာရှနှင့် ပစိဖိတ်ဒေသရှိ အခြားနိုင်ငံများလည်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခွင့်ရှိသည်။ ငွေချေးငှား လိုသော အစိုးရအဖွဲ့အစည်းသို့မဟုတ် ပုပ္ပလိကလုပ်ငန်းများသည် ဘဏ်မှချေးငွေများကို တိုက်ရိုက်ဖြစ်စေ၊ အာမခံစာချုပ်များဖြင့် အရင်းအနှီးများ ထည့်ဝင်၍ဖြစ်စေ၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အခြားစာချုပ်များဖြင့် ဖြစ်စေ အကူအညီရရှိနိုင်သည်။ ဘဏ်ချေးငွေများ၏ အတိုးနှုန်းမှာ ကော်မရှင်ငွေ အပါအဝင် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်း အထိဖြစ်သည်။ နှစ်ရှည်ချေးငွေ၊ အထူးချေးငွေနှင့် အတိုးနှုန်းနည်းသော ချေးငွေများဟူ၍ ကန့်သတ်ထားသည်။ ငွေချေးငှားသော နိုင်ငံများသည် ဘဏ်မှ ချေးငွေဖြင့် အဖွဲ့ဝင်နိုင်ငံများထံမှသာ ကုန်ပစ္စည်းများ ဝယ်ယူရမည် စသည်တို့ ဖြစ်သည်။

ဘဏ်အုပ်ချုပ်ရေး လုပ်ငန်းများအတွက် အဖွဲ့ဝင်နိုင်ငံတိုင်းမှ ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့်အုပ် ချုပ်ရေးမှူး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသည်။ အုပ်ချုပ်ရေးမှူးဘုတ်အဖွဲ့က ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သော ညွှန်ကြားရေးမှူးများအဖွဲ့ကို ရွေးချယ်ရသည်။ ဥက္ကဋ္ဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ အဖွဲ့ဝင် ညွှန်ကြားရေးမှူး ၁ဝ ဦးကို အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံ ခုနှစ် နိုင်ငံနှင့် ပြင်ပဒေသရှိ အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံတို့မှ တစ်ဦးကျစီ ရွေးချယ်ခြင်း ဖြစ်သည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ လုပ်ငန်းတည်နေရာသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဖြစ်သည်။[၃]

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ရုံးချုပ်

အဖွဲ့ဝင်နိုင်ငံများ ပြင်ဆင်ရန်

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွင် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများနှင့် အာရှနှင့်ပစိဖိတ်ဒေသပြင်ပမှ နိုင်ငံများပါဝင်ကြပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၆၇ နိုင်ငံ ရှိသည်။ အာရှနှင့် ပစိဖိတ်ဒေသ အဖွဲ့ဝင်နိုင်ငံ ၄၈ နိုင်ငံ နှင့် ပြင်ပနိုင်ငံ ၁၉ နိုင်ငံ တို့ ဖြစ်သည်။

နိုင်ငံ အဖွဲ့ဝင်သည့်နှစ်
  အာဖဂန်နစ္စတန် ၁၉၆၆
  ဩစတြေးလျ ၁၉၆၆
  ကမ္ဘောဒီးယား ၁၉၆၆
  အိန္ဒိယ ၁၉၆၆
  အင်ဒိုနီးရှား ၁၉၆၆
  ဂျပန် ၁၉၆၆
  တောင်ကိုရီးယား ၁၉၆၆
  လာအို ၁၉၆၆
  မလေးရှား ၁၉၆၆
  နီပေါ ၁၉၆၆
  နယူးဇီလန် ၁၉၆၆
  ပါကစ္စတန် ၁၉၆၆
  ဖိလစ်ပိုင် ၁၉၆၆
  ဆမိုးအား ၁၉၆၆
  စင်ကာပူ ၁၉၆၆
  သီရိလင်္ကာ ၁၉၆၆
  ထိုင်ဝမ် ၁၉၆၆
  ထိုင်း ၁၉၆၆
  ဗီယက်နမ် ၁၉၆၆
  ဟောင်ကောင် ၁၉၆၉
  ဖီဂျီ ၁၉၇၀
  ပါပူအာ နယူးဂီနီ ၁၉၇၁
  တုံဂါနိုင်ငံ ၁၉၇၂
  ဘင်္ဂလားဒေ့ရှ် ၁၉၇၃
  မြန်မာ ၁၉၇၃
  ဆော်လမွန်ကျွန်းစု ၁၉၇၃
  ကီရီဘတ်စ် ၁၉၇၄
  ကွတ်ကျွန်းစု ၁၉၇၆
  မော်လဒိုက် ၁၉၇၈
  ဗနွားတူနိုင်ငံ ၁၉၈၁
  ဘူတန် ၁၉၈၂
  တရုတ် ၁၉၈၆
  မာရှယ်အိုင်းလန်း ၁၉၉၀
  မိုက်ခရိုနီးရှားနိုင်ငံ ၁၉၉၀
  မွန်ဂိုးလီးယား ၁၉၉၁
  နအူရူးနိုင်ငံ ၁၉၉၁
  တူဗားလူ ၁၉၉၃
  ကာဇက်စတန် ၁၉၉၄
  ကာဂျစ္စတန် ၁၉၉၄
  ဥဇဘက်ကစ္စတန် ၁၉၉၅
  တာဂျစ်ကစ္စတန် ၁၉၉၈
  အဇာဘိုင်ဂျန် ၁၉၉၉
  တာ့ခ်မင်နစ္စတန် ၂၀၀၀
  အရှေ့တီမော ၂၀၀၂
  ပလောင်း ၂၀၀၃
  အာမေးနီးယား ၂၀၀၅
  ဘရူနိုင်း ၂၀၀၆
  ဂျော်ဂျီယာ ၂၀၀၇
နိုင်ငံ အဖွဲ့ဝင်သည့်နှစ်
  ဩစတြီးယား ၁၉၆၆
  ဘယ်လ်ဂျီယမ် ၁၉၆၆
  ကနေဒါ ၁၉၆၆
  ဒိန်းမတ် ၁၉၆၆
  ဖင်လန် ၁၉၆၆
  ဂျာမနီ ၁၉၆၆
  အီတလီ ၁၉၆၆
  နယ်သာလန် ၁၉၆၆
  နော်ဝေ ၁၉၆၆
  ဆွီဒင် ၁၉၆၆
  ယူနိုက်တက်ကင်းဒမ်း ၁၉၆၆
  အမေရိကန် ၁၉၆၆
   ဆွစ်ဇာလန် ၁၉၆၇
  ပြင်သစ် ၁၉၇၀
  စပိန် ၁၉၈၆
  တူရကီ ၁၉၉၁
  ပေါ်တူဂီ ၂၀၀၂
  လူဇင်ဘတ် ၂၀၀၃
  အိုင်ယာလန် ၂၀၀၆

ကိုးကား ပြင်ဆင်ရန်

  1. http://www.adb.org/About/management.asp
  2. December 2012 Management and Staff Representation
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)