အောင်ဇမ္ဗူဆရာတော်

မြန်မာနိုင်ငံသား World Alliance of Buddhist ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ (Honary President) တစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံတွင်အ

အောင်ဇမ္ဗူဆရာတော်သည် မြန်မာနိုင်ငံသား World Alliance of Buddhist ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ (Honary President) တစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံတွင်အလွန်ထင်ပေါ်ကျော်ကြားသော ဆရာတော်တစ်ပါးလည်းဖြစ်သည်။ နိုင်ငံများစွာကိုလည်းကြွရောက်ပြီး အစည်းအဝေးများစွာကိုလည်း တက်ရောက်ပြီးဖြစ်သည်။

အောင်ဇမ္ဗူဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဓမ္မအမည်ပဏ္ဍဝံသ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၁၃၂၅ ခု၊ ကဆုန်လပြည့်၊ ကြာသပတေးနေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပန်းကုံးကျေးရွာ
မိဘ
  • ဦးအောင်ပြည့် (father)
  • ဒေါ်လှယဉ် (mother)
ရာထူး တာဝန်
ဌာနWorld Alliance of Buddhist
ဂုဏ်ဒြပ်Honary President
ဂုဏ်ပြုခံရမှုများအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊

မဟာသဒ္ဓမ္မဇောတိကဓဇ၊

သဒ္ဓမ္မဇောတိကဓဇ

ဖွားမြင်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်လောင်းလျာအား ကောဇာသက္ကရာဇ် ၁၃၂၅ ခု၊ ကဆုန်လပြည့်၊ ကြာသပတေးနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်၊ ပန်းကုံးကျေးရွာ၌ ခမည်းတော် ဦးအောင်ပြည့် + မယ်တော် ဒေါ်လှယဉ် တို့မှ ဖွားမြင်ပါသည်။ မွေးချင်းငါးယောက်အနက် ပဥ္စမြောက် အထွေးဆုံးသားရတနာ ဖြစ်ပြီး ငယ်မည်မှာ မောင်ထွန်းလေး (ခေါ်) ခင်မောင်ထွန်း ဖြစ်သည်။

ရှင်သာမဏေအဖြစ်ရောက်ရှိခြင်း ပြင်ဆင်ရန်

မောင်ထွန်းလေး ရှစ်နှစ်သားအရွယ်၊ ကောဇာသက္ကရာဇ် ၁၃၃၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့၊ ဗိုလ်ရုံကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမေဓာနန္ဒထံတွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့သည်။ ဘွဲ့တော်မှာ ရှင်ပဏ္ဍဝံသ ဖြစ်သည်။

ရဟန်းအဖြစ်သို့ရောက်ရှိခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ကောဇာသက္ကရာဇ် ၁၃၅၄ ခုနှစ်၊ နယုန်လတွင်  မန္တလေးတိုင်းဒေသကြီးအမရပူရမြို့ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံတိုက် နာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုဏ္ဍလာဘိဝံသအား ဥပဇ္ဈာယ်ပြုပြီး မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော်မှာ အရှင်ပဏ္ဍဝံသ ဖြစ်သည်။

ကျောင်းတိုက်တည်ထောင်ခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ခရစ်နှစ် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက္၊ လွတ်လပ်ရေးနေ့၊ နံနက်(၁၀)နာရီအချိနမှ စတင်ကာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ သီဟလမ်းရှိ အောင်ဇမ္ဗူကျောင်းတိုက္ဓမ္မရိပ္သာကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်အဖြစ်ဖြင့် စတင်ထမ်းဆောင်ပါသည်။ ထိုစဉ်က နှစ်ထပ်သစ်သားကျောင်းတစ်ဆောင်နှင့် သိမ်ပျက်တစ်လုံးသာတည်ရှိသည်။ "ရဟန်းပျိုပျို၊ ကျောင်းအိုအို၊ အမောင်မည်သို့နေမည်နည်း"ဟုပြောရမလိုပင်။ ထိုကျောင်းတွင် နှစ်ပေါင်းများစွာ သာသနာပြုခဲ့ရသည်။ ယခုတွင်တော့ တိုးတက်သည်ထက် တိုးတက်လာကာ ကျောင်းများမှာ လက်ချောင်း၊ခြေချာင်းမက များပြားလာသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သိမ်ကုန်းလမ်းနေ ဦးဟုတ်ရီ+ဒေါ်ခင်သန်းဝင်း သမီး မသက်သက်ဇွန် မိသားစုတို့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ရေပြာရွာရှိ မြေကွက်ကို လှူဒါန်းသဖြင့် အောင်ဇမ္ဗူတောရဓမ္မရိပ်သာကို တည်ထောင်ခဲ့သည်။ ထို့တဖန် မစ္စတာ ကာတာစူယူကီ ကူမာနိုက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် (၃၀၁)ဆူကို လှူဒါန်းခဲ့ပြန်ပါသည်။ ထို့ကြောင့် (၃၀၁)ဆူ ဂျပန်ဘုရားဟု အမည်ရခြင်းဖြစ်သည်။ ဆရာတော်သည် ယခုအခါ ပြင်ဦးလွင်မြို့တွင် အောင်ဇမ္ဗူဗုဒ္ဓသာသနာ့ရိပ်သာကို တည်ထောင်ခြင်း အောင်မြင်ပြီ ဖြစ်သည်။

ဘွဲ့တံဆိပ်တော် ပြင်ဆင်ရန်

  • မန္တလေးမြို့၊ သာမဏေစာမေးပွဲ ပထမဆင့်၊ ဒုတိယဆင့်ထိ။
  • အစိုးရဓမ္မာစရိယစာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်းထိ။
  • မော်လမြိုင်မြို့၊ သဒ္ဓမ္မပါလစာမေးပွဲတွင် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်၊ စတုတ္ထဆင့်ထိ။
  • ဝိနယာနုဂ္ဂဟ စာမေးပွဲတွင် ဝိနည်းငါးကျမ်းအနက် လေးကျမ်း
  • သဒ္ဓမ္မဇောတိကဓဇ
  • မဟာသဒ္ဓမ္မဇောတိကဓဇ
  • The Great Leadership Award
  • အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

ကိုးကား ပြင်ဆင်ရန်

  1. အောင်ဇမ္ဗူဆရာတော်၏သာသနာပြုပုံရိပ်စာအုပ်များ