ဧပရယ်လ်ဖူးလ်နေ့

နှစ်စဉ်ဧပြီလ ၁ ရက်နေ့‌တွင်ကျင်းပလေ့ရှိသည့်ပွဲတော်

ဧပရယ်လ်ဖူးလ်နေ့ (April Fools' Day) ကို ကမ္ဘာတဝှမ်းတွင် နှစ်စဉ်နှစ်တိုင်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပလေ့ ရှိသည်။ တစ်ခါတစ်ရံတွင် အောလ်ဖူးလ်နေ့ (All Fools' Day) ဟု ခေါ်လေ့ ရှိသည်။ ဧပြီလ ၁ရက်နေ့သည် အစိုးရ ရုံးပိတ်ရက် သို့ အထိမ်းအမှတ်ရက် မဟုတ်သော်လည်း ထိုနေ့တွင် လူတိုင်းလိုလိုသည် ဟာသများ ရယ်စရာများကို ပြုလုပ်လေ့ ရှိကြသည်။ ထိုနေ့တွင် ရယ်စရာ အပြုအမူများ၊ မဟုတ်တမ်းတရား ကောလဟာလများ နှင့် အခြား တကယ်ဟု ထင်ရလောက်သည့် အဖြစ်အပျက်များကို ပုံသဏ္ဌန် အမျိုးမျိုးဖြင့် သူငယ်ချင်းများ၊ မိသားစုဝင်များ၊ ဆရာများ၊ အိမ်နီးချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို နောက်ပြောင်လေ့ ရှိကြသည်။

ထုံးစံအားဖြင့် နယူးဇီလန်နိုင်ငံအိုင်ယာလန်နိုင်ငံယူကေဩစတေးလျနိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံတို့တွင် နေ့လယ်မွန်းတည့်ချိန်ထိသာ နောက်ပြောင်လေ့ ရှိကြပြီး နေမွန်းတည့်ကျော်သွားပြီးမှ နောက်ပြောင်သူကို ဧပရယ်လ်ဖူးလ် ဟု ခေါ်ကြသည်။

အခြားနေရာများ ဖြစ်ကြသော တောင်ကိုရီးယားနိုင်ငံဂျပန်နိုင်ငံရုရှားနိုင်ငံနယ်သာလန်နိုင်ငံဂျာမနီနိုင်ငံဘရာဇီးနိုင်ငံကနေဒါနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်မူ တနေကုန် ဟာသ လုပ်လေ့ ရှိကြသည်။ ဧပြီလ ၁ရက် နေ့နှင့် ရူးသွပ်ခြင်းကို တွဲဖက်တွေ့ရသော ပထမဆုံး မှတ်တမ်းမှာ ချော်လ်စာ (Chaucer) ၏ ကန်တာဘူရီဇာတ်လမ်းများ (Canterbury Tales) (၁၃၉၂) တွင် ဖြစ်သည်။