ဧဘရာဟင် ရိုင်စီ

အီရန်နိုင်ငံ၏ အဌမမြောက်သမ္မတ(၂၀၂၁-၂၀၂၄)၊ရဟတ်ယာဉ် မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သူ

ဆေရပ် ဧဘရာဟင် ရေဆို့ ဆာဒတိ (ပါရှန်း: سید ابراهیم رئیس‌الساداتی‎‎ ၊ ၁၉၆၀ ဒီဇင်ဘာ ၁၄ - ၂၀၂၄ မေ ၁၉ ) သည် ဧဘရာဟင် ရိုင်စီ (ပါရှန်း: سید ابراهیم رئیس‌ဤအသံ အကြောင်းအသံထွက် ) ဟု လူသိများပြီး ဣရန်ရှေးရိုးစွဲနှင့်စာအုပ်ကြီးဝါဒီ နိုင်ငံရေးသမား ဖြစ်သည်။ (ဆေရပ်မှာ တမန်တော်မိုဟာမက်အနွယ်မှ ဆင်းသက်သူကို ဂုဏ်ပြုခေါ်ဝေါ်သောစကားဖြစ်သည်။ အမည်တွင် ပါသည်မဟုတ်။) မုဉ္ဇလင်ဂျူရီလူကြီးနှင့် သမ္မတရွေးကောက်ခံသူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အီရန်နိုင်ငံ သမ္မတရွေးကောက်ပွဲ၌ပါဝင်ကာ သမ္မတအဖြစ် အရွေးခံရသည်။၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့ တွင် အီရန်နိုင်ငံ ထဲ ရဟတ်ယာဉ်ပျက်ကျသွားရာကတဆင့် ကွယ်လွန်ခဲ့သည်။[၁]

Ebrahim Raisi

ဧဘရာဟင် ရိုင်စီ
ابراهیم رئیسی
Raisi in 2023
အီရန်နိုင်ငံ ၏ အဌမမြောက် သမ္မတ
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၁ – ၁၉ မေ ၂၀၂၄
ယခင်လူဟာဆန်ရဟူနီ
ဆက်ခံသူMuhammad Mukhbar
(Acting)
အီရန်နိုင်ငံ ၏ သတ္တမမြောက် တရားသူကြီးချုပ်
တာဝန်သက်တမ်း
၇ မတ် ၂၀၁၉ – ၁ ဇူလိုင် ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွားSayyid Ebrahim Raisolsadati
(1960-12-14)၁၄ ဒီဇင်ဘာ၊ ၁၉၆၀
အီရန်နိုင်ငံ
ကွယ်လွန်၁၉ မေ၊ ၂၀၂၄(2024-05-19) (အသက် ၆၃)
အီရန်နိုင်ငံ ၊ East Azerbaijan ပြည်နယ်
ကွယ်လွန်ရသည့် အကြောင်းရင်းရဟတ်ယာဥ်ပျက်ကျမှု
နိုင်ငံရေးပါတီCombatant Clergy Association
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Islamic Republican Party (until 1987)
ကြင်ဖော်(များ)Jamileh Alamolhoda
သားသမီး
မိခင်ကျောင်းDisputed
လက်မှတ်
ဝက်ဘ်ဆိုဒ်Government website
Personal website (Persian)

ဘဝဖြတ်သန်းမှု ပြင်ဆင်ရန်

ဧဘရာဟင် ရိုင်စီ သည် အီရန်၏ တရားရေးစနစ်တွင် နေရာစုံမှ တာဝန်ထမ်းဖူးသည်။ ၂၀၀၄-၂၀၁၄ ကာလ၌ လက်ထောက်တရားသူကြီးချုပ်၊ ၂၀၁၄-၁၆ တွင် ရှေ့နေချုပ်၊ ၂၀၁၉ မှသည် ရွေးကောက်ပွဲမဝင်မီအထိ တရားသူကြီးချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၀-၉၀ ကာလများ၌ လက်ထောက်အစိုးရရှေ့နေ၊ အစိုးရရှေ့နေရာထူးများဖြင့် တီဟီရန်တွင် တာဝန်ကျစဉ်က ထောင်ချီသော နိုင်ငံရေးလှုပ်ရှားသူတို့ကို ပြစ်ဒဏ်ကျအောင် စွမ်းဆောင်သည်။ အစ္စတန်ကွတ်ရဇဗီအမည်ရှိ မုဉ္ဇလင်အလှူငွေစီမံရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အုပ်ထိန်းသူအဖြစ် ၂၀၁၆ မှ ၂၀၁၉ မတိုင်မီအထိ တာဝန်ယူသည်။ ၂၀၀၆ ခုတွင် စအရွေးခံရပြီး ခိုရဆန် (တောင်ပိုင်း) ပြည်နယ်၏ ကျွမ်းကျင်ပညာရှင်များအစည်းအဝေးမှ အဖွဲ့ဝင်ဖြစ်လာသည်။ အီမန်ရေဇာဗလီ မက်ရှဟတ်သောကြာနေ့ဆုတောင်းပွဲခေါင်းဆောင် မဟာအီမန်ရှင် အာမတ်အလ္လာမိုဟိုဒါ၏ မွေးစားသားလည်း ဖြစ်သည်။

နိုင်ငံရေးသမားဘဝ ပြင်ဆင်ရန်

၂၀၁၇ ခုတွင် အစ္စလာမ္မစ်တော်လှန်ရေးအင်အားစုများ၏လူထုမျက်နှာစာအမည်ရှိ ရှေးရိုးစွဲပါတီမှနေ၍ သမ္မတအရွေးခံသည်။ သဘောထားပျော့ပျောင်းသော ဟာဆန်ရဟူနီကို ၅၇% - ၃၈.၃% ဖြင့် ရှုံးသည်။ ၁၉၈၈ ခုနှစ်၌ ထောင်ဂဏန်းမျှရှိသော နိုင်ငံရေးအကျဉ်းသားများကို စီရင်ချက်ပေးသည့် ပြစ်ဒဏ်ချမှတ်ရေး လေးဦးကော်မတီ၌ ပါဝင်ခဲ့သည်။ သေမိန့်ချသည်က များသဖြင့် တောင်ပိုင်းမီဒီယာများနှင့် အစိုးရအတိုက်အခံတို့က သေမိန့်ကော်မတီဟု အမည်တပ်ကြသည်။ အမေရိကန်၏ နိုင်ငံရပ်ခြားစည်းစိမ်ထိန်းချုပ်ရေးရုံးမှ အမိန့်စာအမှတ် ၁၃၈၇၆ ဖြင့် ဧဘရာဟင် ရိုင်စီ ကို စီးပွားရေးပိတ်ဆို့မှု လုပ်ထားသည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့က သူ့ကို လူ့အခွင့်အရေးချိုးဖေါက်သူအဖြစ် စွပ်စွဲကြသည်။ ဒုတိယအကြိမ်ဝင်ပြိုင်သည့် ၂၀၂၁ ရွေးကောက်ပွဲတွင် မဲ ၆၁.၉% ရကာ သမ္မတသက်စေ့ပြီဖြစ်သော ဟာဆန်ရဟူနီနေရာကို ဆက်ခံသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

သူသည် ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့ က အဇာဘိုင်ဂျန်နိုင်ငံ နှင့် ကပ်ရက် အီရန်နိုင်ငံ ၏ နယ်စပ်တွင် ရှိသည့် ကွစ်ဇ်ကလာဆီဆည် နှင့် ခိုဒါးဖာရင်ဆည် တို့အား သွားရောက်ဖွင့်လှစ်ပေးခဲ့အပြီး ပြန်အလာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည်။ရာသီဥတုဆိုးရွားမှုကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ကာ သမ္မတ နှင့်အတူလိုက်ပါလာသည့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အားလုံးအသက်ဆုံးကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန ကကြေညာခဲ့သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. အီရန်သမ္မတ အီဗရာဟင် ရိုင်အီဆီ လိုက်ပါသွားတဲ့ရဟတ်ယာဉ်ပျက်ကျမှုBBC Burmese (၁၉ မေ ၂၀၂၄)။ ၂၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. Iranian President Ebrahim Raisi killed in helicopter crashReuters (20 May 2021)။ 20 May 2024 တွင် ပြန်စစ်ပြီး။