၂၀၁၀ ခုနှစ် ဟေတီငလျင်သည် ပြင်းအား ရစ်ချ်တာစကေး ၇.၀ ရှိ အဖျက်စွမ်းအားကြီးမားသော ငလျင်ကြီးဖြစ်သည်။ ငလျင်ဗဟိုချက်မသည် မြို့တော် ပေါ့တ်အော်ရ်ပရင့်စ်မြို့၏ အနောက်ဘက် ၂၅ ကီလိုမီတာ (၁၆မိုင်) အကွာ လီယိုဂန်းမြို့ အနီးတွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ ဂရင်းနစ်စံတော်ချိန် (၂၁ : ၅၃)နာရီအချိန်တွင် လှုပ်ရှားခဲ့သည်။ ငလျင်ကြီး လှုပ်ပြီးသည့်အချိန်မှ ဇန်နဝါရီလ (၂၄) ရက်နေ့အတွင်း ပြင်းအားရစ်ချ်တာစကေး (၄.၅) နှင့် အထက်ရှိသော နောက်ထပ် ငလျင်ငယ်ပေါင်း (၅၂) ခုထိ ထပ်မံလှုပ်ခဲ့သေးသည်။

၂၀၁၀ ဟေတီငလျင်
ငလျင်ဗဟိုချက်နှင့် သက်ရောက်မှုရှိသော မြို့ကြီးများ
UTC အချိန်??
ရက်စွဲ *၁၂ ဇန်နဝါရီ ၂၀၁၀
မူလ အချိန် *၁၆:၅၃
အတိုင်းအတာ၇.၀ Mw
အနက်၁၃ km (၈.၁ mi)
ငလျင်ဗဟို18°27′25″N 72°31′59″W / 18.457°N 72.533°W / 18.457; -72.533
သက်ရောက်ဧရိယာဟေတီနိုင်ငံဒိုမီနီကန်သမ္မတနိုင်ငံ
အများဆုံးပြင်းအားMM X (Extreme)[၁]
အရှိန်ထိပ်0.5 g[၂]
ဆူနာမီYes (localized)[၃]
ထိခိုက်သေကြေမှုများ၁၀၀,၀၀၀ မှ ၃၁၆,၀၀၀ သေဆုံး [၄]
Deprecated See documentation.

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ အထိ အချက်အလက်စစ်တမ်းများအရ လူပေါင်း (၃) သန်းနီးပါး ငလျင်ဒဏ်ကို ခံစားခဲ့ကြရသည်။ ဟေတီအစိုးရ၏ ပြန်တမ်းများအရ သေဆုံးသူဦးရေပေါင်းမှာ (၂၁၇၀၀၀)မှ (၂၃၀၀၀၀) ကြားရှိပြီး လူပေါင်း (၃)သိန်းခန့် ဒဏ်ရာရရှိခဲ့ကာ လူပေါင်း (၁)သန်းခန့် အိုးမဲအိမ်မဲ့ဖြစ်ခဲ့ကြကြောင်း သိရှိရသည်။ နေအိမ်ပေါင်း ၂ သိန်းခွဲခန့်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦပေါင်း (၃)သောင်းခန့် ပြိုကျ(သို့မဟုတ်)ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။

ငလျင်ကြောင့် ပို့အော်ပရင့်စ်မြို့တော်နှင့် ဂျက္ကမဲလ်မြို့အပါအဝင် အခြားမြို့ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့သည်။ သမိုင်းဝင်အဆောက်အဦများ၊ အထင်ကရအဆောက်အဦများလည်း ပျက်စီးခဲ့သည်။ သမ္မတနန်းတော်၊ အမျိုးသားလွှတ်တော်၊ ပို့အော်ပရင့်စ် ကက်သီဒရယ်နှင့် ပင်မအကျဉ်းထောင်ကြီးတို့ပါဝင်သည်။ သေဆုံးသွားသူများထဲတွင် ပို့အော်ပရင့် ဂိုဏ်းချုပ်ဘုန်းကြီး ဂျိုးဇက်ဆာ့ဂျ်မီးယော့၊ အတိုက်အခံပါတီခေါင်းဆောင် မီချာဂေးလတ်တို့ပါဝင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ဟေတီငြိမ်ချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ချုပ် အဆောက်အဦးကြီးမှာလည်း ပြိုကျပျက်စီးခဲ့ရပြီး ငြိမ်းချမ်းရေးထိန်းသိမ်းရေးမစ်ရှစ် အကြီးအကဲ ဟယ်ဒီ အန်နာဘီ အပါအဝင် အများအပြားသေဆုံးခဲ့သည်။

ကမ္ဘာ့နိုင်ငံအများအပြားတို့က လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ကယ်ဆယ်ရေး၊ ရှာဖွေရေး လုပ်ငန်းများအတွက် ဆေးအဖွဲ့များ၊ အင်ဂျင်နီယာအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ အထောက်အကူပစ္စည်းများနှင့် ငွေအားပါ ထောက်ပံ့ကူညီခဲ့ကြသည်။ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က လုပ်ငန်းများ ရပ်နားတော့မည့်အချိန်နီးပြီဟု ကြေညာသည်။ နောက်တစ်ရက်တွင် ဟေတီအစိုးရက အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်ရေးကို ဆက်လက် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။


ကိုးကား ပြင်ဆင်ရန်

  1. "PAGER – M 7.0 – HAITI REGION" United States Geological Survey, 12 January 2010
  2. "New Zealand quake raises questions about L.A. buildings"၊ Los Angeles Times၊ 26 February 2011။ 27 February 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2011။ 
  3. Lessons to be learned from Haiti's tsunami BBC News, 25 February 2010
  4. [၁] Columbia Journalism Review, "Two Years Later, Haitian Earthquake Death Toll in Dispute", 20 January 2012