၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ

၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်​​ခြေစစ်ပွဲသည် ၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ​နောက်ဆုံးအဆင့်​ အတွက် ရည်ရွယ်ကျင်းပ​သော ​ခြေစစ်ပွဲဖြစ်သည်။ ထို​ခြေစစ်ပွဲစဉ်များကို ​၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက် မှ ၁၂ ရက်အထိကျင်းပခဲ့သည်။

ပြိုင်ပွဲပုံစံ ပြင်ဆင်ရန်

ခြေစစ်ပွဲကိုအာရှနိုင်ငံ​ပေါင်း ၄၀ မှ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ပြီး ​ခြေစစ်ပွဲ​အောင် ၁၅ သင်းကို​ရွေးချယ်ခဲ့သည်။ ​ခြေစစ်ပွဲဝင် နိုင်ငံ​ပေါင်း ၄၀ ကို ၅ သင်း သို့မဟုတ် ၄ သင်းပါဝင်​သောအုပ်စု ၉ ခုခွဲ​ကာ အ​နောက်အာရှဇုန်တွင် ၅ သင်းပါဝင်​သောအုပ်စု ၂ အုပ်စု နှင့် ၄ သင်းပါဝင်​သော အုပ်စု ၃ အုပ်စု စုစု​ပေါင်း ၅ အုပ်စု၊ အ​ရှေ့အာရှဇုန်တွင် ၅ သင်းပါဝင်​သောအုပ်စု ၂ အုပ်စု၊ ၄ သင်းပါဝင်​သောအုပ်စု ၂ အုပ်စု စုစု​ပေါင်း ၄ အုပ်စုဖြင့် ကျင်းပခဲ့သည်။ ခြေစစ်ပွဲစဉ်များကို အာရှ​ဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်​​ရွေးချယ်ထား​သော အိမ်ရှင်နိုင်ငံများတွင် တစ်​​ကျော့တည်းကျင်းပခဲ့ကာ အုပ်စု ၉ ခု၏ ပထမရအသင်းများ နှင့် အ​ကောင်းဆုံးဒုတိယ ၆ သင်းတို့သည် ​​ခြေစစ်ပွဲ​အောင်အသင်းများအဖြစ် ၂၀၁၄ ခုနှစ်တွင် ကျင်းပသည့်နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ အိမ်ရှင် မြန်မာ အသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်များ ပြင်ဆင်ရန်

​ခြေစစ်ပွဲစဉ်များအတွက် အုပ်စုများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်တွင် မ​လေးရှားနိုင်ငံ၏မြို့​တော် ကွာလာလမ်ပူမြို့ရှိ အာရှ​ဘောလုံးအဖွဲ့ချုပ်၏ရုံးချုပ်၌ မဲခွဲခဲ့သည်။[၁] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ရရှိခဲ့​သောအဆင့်သတ်မှတ်ချက်များအလိုက် မဲအိုး ၁ မှ ၄ အထိ ၄ အိုးခွဲထားသည်။ ထို့​နောက် အဆင့်နိမ့်အသင်းများ ပါဝင်​သော မဲအိုး ၄ မှအသင်းများကိုဦးစွာမဲနှိုက်၍ထိုမှတစ်ဆင့် မဲအိုး ၃၊ ၂၊ ၁ ဟူ၍အစဉ်လိုက်မဲနှိုက်သွားသည်။ ခြွင်းချက်အ​​နေဖြင့် မဲခွဲရာတွင် ခြေစစ်ပွဲကျင်းပမည့်နိုင်ငံများ တစ်အုပ်စုတည်းမကျ​စေရန်အတွက် အိမ်ရှင်ကျင်းပခွင့်ရနိုင်ငံပါ​သော အုပ်စု ထွက်​ပေါ်လာလျှင် ထိုအုပ်စု၌ အခြားအိမ်ရှင်နိုင်ငံများကို မပါဝင်​စေဘဲ အိမ်ရှင်ကျင်းပမည့်နိုင်ငံ မထွက်​ပေါ်လာ​သေး​သော အုပ်စုတွင် ပါဝင်​စေခဲ့သည်။

မဲအိုး (၁) မဲအိုး (၂) မဲအိုး (၃) မဲအိုး (၄) မဲအိုး (၅)
အ​နောက်အာရှဇုန်
(အုပ်စု က မှ င)

  အီရန်
  အီရတ်
  ဂျော်ဒန်
  ဥဇဘက်ကစ္စတန်
  ဆီးရီးယား

  ကူဝိတ်
  အိုမန်
  ကာတာ
  ဆော်ဒီအာရေဗျ
  အာရပ်စော်ဘွားများပြည်ထောင်စု

  ဘာရိန်း
  အိန္ဒိယ
  လက်ဘနွန်
  ယီမင်
  ပါကစ္စတန်

  ဘင်္ဂလားဒေ့ရှ်
  မော်လဒိုက်
  ပါလက်စတိုင်း
  တာဂျစ်ကစ္စတန်
  တာ့ခ်မင်နစ္စတန်

  အာဖဂန်နစ္စတန်
  နီပေါ

အ​​ရှေ့အာရှဇုန်
(အုပ်စု စ မှ ဈ)

  ဩစတြေးလျ
  ဂျပန်
  မြောက်ကိုရီးယား
  တောင်ကိုရီးယား

  တရုတ်
  အင်ဒိုနီးရှား
  ထိုင်း
  ဗီယက်နမ်

  တရုတ် တိုင်ပေ
  လာအို
  မလေးရှား
  စင်ကာပူ

  ဘရူနိုင်း
  မကာအို
  ဂူအမ်

  မွန်ဂိုးလီးယား
  ဟောင်ကောင်
  ဖိလစ်ပိုင်

  မြန်မာ သည် ​ယခုပြိုင်ပွဲ၏ အိမ်ရှင် ဖြစ်​သော​ကြောင့် ​ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ ​နောက်ဆုံးအဆင့်သို့ အလိုအ​လျောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

​အောက်​ဖော်ပြပါနိုင်ငံများသည် ​ခြေစစ်ပွဲဝင်​ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။

အသက်ကန့်သတ်ချက် ပြင်ဆင်ရန်

၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် ​နောက်ပိုင်း​​မွေးဖွား​သော ကစားသမား များကို ​ခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည်။

အုပ်စုရလဒ်များ ပြင်ဆင်ရန်

အကယ်၍ အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီ​နေပါက ​အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။

၁။ ထိုအသင်းများ၏ထိပ်တိုက်​​​​​​ကစားခဲ့​သောပွဲစဉ်များမှ ရမှတ်ပိုများသည့်အသင်း

၂။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့​သောပွဲစဉ်များမှ ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း

၃။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့​သောပွဲစဉ်များမှ သွင်းဂိုးပိုများသည့်အသင်း

၄။ အုပ်စုတွင်းပွဲစဉ်များတွင် ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း

၅။ အုပ်စုတွင်းပွဲစဉ်များတွင် သွင်းဂိုးပိုများသည့်အသင်း

၆။ အကယ်၍ အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စု​နောက်ဆုံးပွဲ၌ ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အ​ပေါ်အချက်များအားလုံးတူညီ​​နေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် အနိုင်ရသည့်အသင်း

၇။ အကယ်၍ အမှတ်စဉ် (၆) အကြုံးမဝင်ပါက အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု နည်းသည့်အသင်း

အကယ်၍ အ​ပေါ်အချက်များ အားလုံးတူညီ​နေပါက မဲနှိုက်ဆုံးဖြတ်မည်။

အ​နောက်အာရှ ပြင်ဆင်ရန်

အုပ်စု (က) ပြင်ဆင်ရန်

အုပ်စု (က) ပွဲစဉ်များကို ကာတာနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ကာတာစံ​တော်ချိန်(UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  ကာတာ ၁၃ +၁၂ ၁၂
  ဥဇဘက်ကစ္စတန် ၁၀ +၈
  အိန္ဒိယ −၄
  တာ့ခ်မင်နစ္စတန် ၁၁ −၇
  နီပေါ ၁၀ −၉

အုပ်စု (ခ) ပြင်ဆင်ရန်

အုပ်စု (ခ) ပွဲစဉ်များကို ​​ဂျော်ဒန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ​​ဂျော်ဒန်စံ​တော်ချိန်(UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  အာရပ်စော်ဘွားများပြည်ထောင်စု ၁၅ +၁၄ ၁၂
  ယီမင် +၆
  ဂျော်ဒန် −၂
  မော်လဒိုက် −၇
  အာဖဂန်နစ္စတန် ၁၂ −၁၁

အုပ်စု (ဂ) ပြင်ဆင်ရန်

အုပ်စု (ဂ) ပွဲစဉ်များကို အီရတ်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ အီရတ်စံ​တော်ချိန် (UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  အီရတ် +၆
  ဘင်္ဂလားဒေ့ရှ် −၅
  ကူဝိတ် −၁
  ပါကစ္စတန် နုတ်ထွက်

အုပ်စု (ဃ) ပြင်ဆင်ရန်

အုပ်စု (ဃ) ပွဲစဉ်များကို အီရန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ အီရန်စံ​တော်ချိန်(UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  အီရန် +၈
  ဆော်ဒီအာရေဗျ +၅
  လက်ဘနွန် −၆
  တာဂျစ်ကစ္စတန် −၇

အုပ်စု (င) ပြင်ဆင်ရန်

အုပ်စု (င) ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံ၌ ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ပါလက်စတိုင်းစံ​တော်ချိန် (UTC+03:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  အိုမန် +၃
  ပါလက်စတိုင်း −၁
  ဘာရိန်း −၂
  ဆီးရီးယား နုတ်ထွက်

အ​ရှေ့အာရှဇုန် ပြင်ဆင်ရန်

အုပ်စု (စ) ပြင်ဆင်ရန်

အုပ်စု (စ) ပွဲစဉ်များကို ​မ​လေးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ​မ​လေးရှားစံ​တော်ချိန် (UTC+08:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  ဗီယက်နမ် ၁၆ +၁၃
  ဩစတြေးလျ ၁၁ +၆
  ဟောင်ကောင် ၁၂ −၁၀
  တရုတ် တိုင်ပေ ၁၀ −၉
  မွန်ဂိုးလီးယား နုတ်ထွက်

အုပ်စု (ဆ) ပြင်ဆင်ရန်

အုပ်စု (ဆ) ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ အ​နောက်အင်ဒိုနီးရှားစံ​တော်ချိန် (UTC+07:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  အင်ဒိုနီးရှား +၇
  တောင်ကိုရီးယား ၁၁ +၇
  ဖိလစ်ပိုင် −၆
  လာအို ၁၁ −၈
  ဂူအမ် နုတ်ထွက်

အုပ်စု (ဇ) ပြင်ဆင်ရန်

အုပ်စု (ဇ) ပွဲစဉ်များကို ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ ထိုင်းစံ​တော်ချိန် (UTC+07:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  မြောက်ကိုရီးယား ၁၂ +၁၂
  ထိုင်း ၁၀ +၈
  စင်ကာပူ −၅
  ဘရူနိုင်း ၁၆ −၁၅

အုပ်စု (ဈ) ပြင်ဆင်ရန်

အုပ်စု (ဈ) ပွဲစဉ်များကို တရုတ်နိုင်ငံ၌ကျင်းပခဲ့သည်။ စံ​တော်ချိန်မှာ တရုတ်စံ​တော်ချိန် (UTC+08:00) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  ဂျပန် ၁၂ +၁၀
  တရုတ် +၅
  မလေးရှား −၁
  မကာအို ၁၄ −၁၄

အ​ကောင်းဆုံး အုပ်စုဒုတိယအသင်းများ သတ်မှတ်ခြင်း ပြင်ဆင်ရန်

အ​ကောင်းဆုံးအုပ်စုဒုတိယအသင်း ၆ သင်း ​ရွေးချယ်ရာတွင် အုပ်စု (ဂ) နှင့် (င) တို့တွင် ၃ သင်းသာပါဝင်​သော​​ကြောင့် အုပ်စုဒုတိယအသင်းများ ညီတူညီမျှဖြစ်​စေရန် ၄ သင်းပါဝင်​သောအုပ်စု (ဃ)၊(စ)၊(ဆ)၊(ဇ) နှင့် (ဈ) တို့တွင် အုပ်စုဒုတိယအသင်းများနှင့်​အုပ်စုအောက်ဆုံးအသင်းများ၏ ထိပ်တိုက်​​​တွေ့ဆုံခဲ့​​သောရလဒ်များကိုမတွက်ချက်ဘဲ ရလာ​သော ထိုအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်၍ဆုံးဖြတ်ခဲ့သည်။ အလားတူ ၅ သင်းပါဝင်​သော အုပ်စု (က) နှင့် (ခ) တို့မှအောက်ဆုံး ၂ သင်းစီနှင့် ၎င်းတို့အုပ်စုနှင့်သက်ဆိုင်ရာအုပ်စုဒုတိယအသင်းတို့၏ ​တွေ့ဆုံမှုရလဒ်များကိုမတွက်ဘဲ ရလာ​သော ယင်းအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်ကာဆုံးဖြတ်ခဲ့သည်။

ထိုကဲ့သို့​ရွေးချယ်ရာတွင် ​အောက်ပါအချက်များဖြင့်ဆုံးဖြတ်ခဲ့သည်။

၁။ ရမှတ်ပိုများသည့်အသင်း

၂။ ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း

၃။ သွင်းဂိုးပိုများသည့်အသင်း

၄။ အဝါကတ်၊ အနီကတ်ပြသခံရမှု ပိုနည်းသည့်အသင်း

အကယ်၍ အထက်ပါ ၄ ချက်များအားလုံးတူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။

အုပ်စု အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  တရုတ် +၂
  ဩစတြေးလျ +၃
  တောင်ကိုရီးယား +၃
က   ဥဇဘက်ကစ္စတန် +၂
  ထိုင်း +၁
  ယီမင်
  ဆော်ဒီအာရေဗျ
  ဘင်္ဂလားဒေ့ရှ် −၅
  ပါလက်စတိုင်း −၁

ကိုးကား ပြင်ဆင်ရန်

  1. ၂၀၁၄ ခုနှစ် အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ် ​ခြေစစ်ပွဲစဉ်အတွက် မဲခွဲပွဲ ကျင်းပခဲ့။ အာရှ​ဘောလုံးအဖွဲ့ချုပ် (၂၆ ဧပြီ ၂၀၁၃)။ 31 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2018 တွင် ပြန်စစ်ပြီး။