၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ဒေသစံတော်ချိန် ၂၃:၅၀ အချိန်တွင် ပြင်းအား ရစ်ချက်စတာ စကေး ၆.၄ ရှိ ငလျင်တစ်ခုသည် ထိုင်ဝမ်နိုင်ငံတွင် လှုပ်ခတ်သွားခဲ့သည်။[၂] မြေငလျင်ဗဟိုချက်သည် ဟွာလီယန်မြို့အနီးရှိ ပင်လယ်ကမ်းရိုးတန်းတွင် ဖြစ်ပြီး ဟွာလီယန်မြို့သည် ပျက်စီးမှုဒဏ်အများဆုံး ခံခဲ့ရကာ မာကာလ်လီ ပြင်းအားအဆင့် ၇ (အလွန်ပြင်းထန်) အဆင့်ဖြင့် ငလျင်ဒဏ် ခံခဲ့ရသည်။[၁] ငလျင်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၇၂ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။[၃]

၂၀၁၈ ဟွာလီယန် ငလျင်
၂၀၁၈ ဟွာလီယန် ငလျင် သည် ထိုင်ဝမ် တွင် တည်ရှိသည်
၂၀၁၈ ဟွာလီယန် ငလျင်
၂၀၁၈ ဟွာလီယန် ငလျင် (ထိုင်ဝမ်)
UTC အချိန်??
ရက်စွဲ *၆ ဖေဖော်ဝါရီ ၂၀၁၈
မူလ အချိန် *
အတိုင်းအတာ၆.၄ Mw[၁]
အနက်၁၀.၆ ကီလိုမီတာ (၇ မိုင်)[၁]
ငလျင်ဗဟို24°10′26″N 121°39′11″E / 24.174°N 121.653°E / 24.174; 121.653ကိုဩဒိနိတ်: 24°10′26″N 121°39′11″E / 24.174°N 121.653°E / 24.174; 121.653[၁]
အမျိုးအစားOblique-slip
သက်ရောက်ဧရိယာဟွာလီယန် စီရင်စု၊ ထိုင်ဝမ်
အများဆုံးပြင်းအားVII (အလွန် ပြင်းထန်)[၁]
အရှိန်ထိပ်482.36 gal (0.49 g)
အဟုန်ထိပ်27.53 cm/s
Foreshocksyes
ထိခိုက်သေကြေမှုများ၁၀ ဦး သေဆုံး၊ ၂၇၂ ဦး ဒဏ်ရာရ၊ ၇ ဦး ပျောက်ဆုံး
Deprecated See documentation.
၂၀၁၈ ဟွာလီယန် ငလျင်၏ ရစ်ချက်စတာ စကေးထိုင်ဝမ် ဗဟို ရာသီဥတု ဗျူရို

တက်တိုးနစ် အခြေအနေ

ပြင်ဆင်ရန်

ထိုင်ဝမ်နိုင်ငံသည် အင်အားပြင်း ငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိသည့် နိုင်ငံဖြစ်သည်။[၁][၄] ထိုင်ဝမ်ကျွန်းသည် ဖိလစ်ပိုင်ပင်လယ် ကျောက်လွှာချပ်နှင့် ယူရေးရှား ကျောက်လွှာချပ် နှစ်ခုအကြား ပစိဖိတ်မီးကွင်းဒေသဟု ခေါ်သော ရေအောက်မီးတောင်ရပ်ဝန်းနှင့် ဆက်စပ်တည်ရှိနေသည်။ ငလျင်လှုပ်ခတ်သည့် နေရာတွင် ထိုကျောက်လွှာများသည် တစ်နှစ်လျှင် ၇၅ မီလီမီတာနှုန်းဖြင့် တိုးဝင်လျက်ရှိသည်။

ငလျင်သည် အစောပိုင်းရက်များတွင် လှုပ်ခတ်နေခဲ့သော ငလျင်ဆက်များအနက် အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ ၄.၆ M နှင့် အထက်ရှိ ကနဦးငလျင်များ ၉ ခုကျော် လှုပ်ခတ်ခဲ့သည်။[၁] ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လှုပ်ခဲ့သည့် ငလျင်မှာ ပြတ်ရွေ့တိမ်းစောင်းခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။[၁]

လူ ၁၁၇ ဦး သေဆုံးခဲ့သော ၂၀၁၆ ထိုင်ဝမ် ငလျင် အပြီး ဒုတိယမြောက်နှစ်တွင် ထပ်မံလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။[၅]

ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ ဆက်လက်လှုပ်ခတ်ခဲ့ရာ ဖေဖော်ဝါရီ ၇ ရက်နေ့ ဒေသစံတော်ချိန် ၂၃:၂၁ အချိန်တွင် ပြင်းအား ၅.၇ M ရှိငလျင်သည် ဟွာလီယန်မြို့၏ အရှေ့မြောက်ဘက် ၁၉ ကီလိုမီတာအကွာတွင် မာကာလ်လီ ပြင်းအားအဆင့် ၆ (ပြင်းထန်) ဖြင့် လှုပ်ခတ်သွားခဲ့သည်။[၆]

ပျက်စီးမှုများ

ပြင်ဆင်ရန်
 
ဟွာလီယန်မြို့ရှိ အပျက်အစီးများ ကြည့်ရှုနေသော တရုတ်သမ္မတနိုင်ငံ သမ္မတ ကိုင်ယင်းဝမ်

အဆောက်အဦ လေးခုမှာ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ခြင်း အပါအဝင် ဟွာလီယန်မြို့ရှိ အဆောက်အဦများစွာ ပျက်စီးခဲ့သည်။ မာရှယ်ဟိုတယ်၏ အောက်ပိုင်းအထပ်များ ပြိုကျခဲ့ကာ လူ နှစ်ဦး သေဆုံးခဲ့သည်။ ယန်မန်ဆွိုင်တိ လူနေအဆောက်အဦသည် အောက်ပိုင်းအထပ်များ ပြိုကျမှုကြောင့် ဆိုးရွားစွာ တိမ်းစောင်းသွားခဲ့ရာ လူများစွာ သေဆုံးပြီး နေထိုင်သူ ၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် အရ သိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အဆောက်အဦကို ထပ်မံပြိုကျမလာစေရန် ကရိန်းကားများဖြင့် ပင့်မထားခဲ့ရသည်။[၇] ၂၇၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တရုတ်နိုင်ငံမှ ခရီးသည် ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။[၇] နေအိမ်များတွင် ရေပြတ်လပ်ခဲ့ပြီး အဝေးပြေးလမ်းများနှင့် တံတားများကို ပျက်စီးမှုများကြောင့် ပိတ်ထားခဲ့ရသည်။[၅]

မီးသတ်သမားနှင့် စစ်သား ရာပေါင်းများစွာက ပျက်စီးနေသော အဆောက်အဦများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရာတွင် ကူညီမှုများ ပေးခဲ့ကြသည်။[၃]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ USGS။ M 6.4 - 22km NNE of Hualian, Taiwan
  2. Taiwan earthquake: Deaths confirmed amid rescue effort။ BBC (2018-02-06)။
  3. ၃.၀ ၃.၁ Westcott၊ Ben။ "Dozens feared trapped in Taiwan after earthquake topples buildings"၊ CNN 
  4. More than 50 people could be trapped inside this building (in en) (7 February 2018)။ 8 February 2018 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ "Aftershocks rock Taiwan after deadly quake" (in en-GB)၊ BBC News၊ 2018-02-07။ 
  6. USGS (2018-02-07)။ M 5.7 - 19km NE of Hualian, Taiwan
  7. ၇.၀ ၇.၁ "One more body found in toppled building in Hualien; death toll - 9"၊ Focus Taiwan၊ Central News Agency။ 8 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 30 June 2018။