Bit rate

တစက္ကန့်အတွင်းရှိဘစ်အရေအတွက်(ဆက်သွယ်ရေး/ကွန်ပျူတာပညာရပ်ဆိုင်ရာ)
(Bits per second (bps) မှ ပြန်ညွှန်းထားသည်)
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ကွန်ပျူတာများသည် တယ်လီဖုန်းလိုင်းဖြင့် အဆက်အသွယ်ပြုရာတွင် အချက်အလက်များကို မတူညီသည့် အမြန်နှုန်းများဖြင့် လွှဲပြောင်းပေးကြသည်။ ယင်းအမြန်နှုန်းကို bits per second ဖြင့် တိုင်းတာ သုံးစွဲကြသည်ကများသည်။ Bit တစ်ခုသည် ကွန်ပျူတာက အဆင့်ဆင့်အသုံးချ ဆောင်ရွက်နိုင်သော သတင်းအချက်အလက်ထဲမှ အသေးငယ်ဆုံးယူနစ်ဖြစ်သည်။ Bit per second ကို Band rate ဖြင့် လွဲမှားမှတ်ယူတတ်ကြသည်။ Bps သည် တစ်စက္ကန့်တွင် လွှဲပြောင်းပေးသော သတင်းအချက်အလက်ကိုယ်စားပြု Bit အရေအတွက်ကို ရည်ညွှန်းသည်။ အမြန်နှုန်းမြင့်မြင့်ဖြင့် အချက်အလက် လွှဲပြောင်းပေးနေစဉ်ကာလအတွင်း modem တစ်ခုသည် လျှပ်စစ်သင်္ကေတ တစ်ခုအတွင်း အပြောင်းအလဲတစ်ခုစီအတွက် သတင်းအချက်အလက် ကိုယ်စားပြု Bit တစ်ခုမက ပို့လွှတ်ပေးနိုင်သည်။