မဟာမဲခေါင်ဒေသခွဲ

(GMS မှ ပြန်ညွှန်းထားသည်)
မဟာမဲခေါင်ဒေသခွဲ၏ စီးပွားရေးနယ်နိမိတ်များ

GMS (Greater Mekong Subregion) ပြင်ဆင်ရန်

G M S ဆိုသည်မှာ The Greater Mekong Sub-region မဟာမဲခေါင်ဒေသခွဲ၏ အတိုကောက်စာလုံးဖြစ်သည်။ မဟာမဲခေါင်ဒေသခွဲဆိုသည်မှာ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံ(၆)နိုင်ငံကို စုစည်းတည်ထောင်ထားသော အဖွဲ့အစည်း ဖြစ်သည်။

G M S အဖွဲ့တွင်ပါဝင်သောနိုင်ငံများမှာ -

  1. တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ယူနန်ပြည်နယ်)
  2. လာအိုနိုင်ငံ
  3. မြန်မာနိုင်ငံ
  4. ထိုင်းနိုင်ငံ
  5. ကမ္ဘောဒီးယားနိုင်ငံ
  6. ဗီယက်နမ်နိုင်ငံ တို့ ဖြစ်သည်။

G M S ဖွဲ့စည်းခြင်းနှင့် ရည်ရွယ်ချက် ပြင်ဆင်ရန်

G M S အဖွဲ့ ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် ADB (အာရှဖွံ့ဖြိုးရေးဘဏ်) ၏အကူအညီဖြင့် ၁၉၉၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ G M S အဖွဲ့ အားအောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

  1. G M S ဒေသခွဲနိုင်ငံများအတွင်း စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရန်။
  2. G M S ဒေသခွဲနိုင်ငံများအတွင်း လူနေမှုအဆင့်အတန်းမြင့်မားရန်။
  3. G M S ဒေသခွဲအတွင်း ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများရှာဖွေရန်။
  4. အခြေခံစီးပွားရေး အဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဒေသတွင်း စက်မှုနှင့်လယ်ယာကဏ္ဍများ တိုးချဲ့ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။

ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ပြင်ဆင်ရန်

၁၉၉၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသော တတိယအကြိမ် GMS ဝန်ကြီးအဆင့် ညီလာခံတွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ( Trade Facilitation Working Group) ဖွဲ့စည်းရန်စတင်ဆွေးနွေးခဲ့ပြီး TFWG ဖွဲ့စည်းရေး ကြိုတင်ပြင်ဆင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၁၉၉၄ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တက်ရောက်ခဲ့ပါသည်။

TFWG - မှဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ပြင်ဆင်ရန်

TFWG အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များမှာ -

  1. National Trade Facilitation committee တည်ထောင်ရန်။
  2. ဒေသခွဲအတွင်း ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ပုံစံများရှင်းလင်းလွယ်ကူမှုရှိစေရေး စံနှုန်းများသတ်မှတ်ရန်။
  3. Data များတင်ပြရာတွင် Standard Codes များကို အသုံးပြုရန်။
  4. ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းအစီအစဉ်များ ကျင်းပဆောင်ရွက်ရန် တို့ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. www.commerce.gov.mm/gms.html