ကမ္ဘာပြား ယူဆချက်

လေယာဉ် (သို့) ဓာတ်ပြား ကဲ့သို့ကမ္ဘာမြေပုံသဏ္န်၏ရှေးခေတ်အယူအဆ

ကမ္ဘာပြားယူဆချက် မှာ ကမ္ဘာသည် ဓာတ်ပြားကဲ့သို့ ပြားချပ်စွာ တည်ရှိနေသည် ဆိုသည့် ရှေးကျသော ကမ္ဘာ့ပုံသဏ္ဌာန်ဆိုင်ရာ အယူအဆတစ်ခုဖြစ်သည်။ ရှေးခေတ်ဂရိတွင် ဘီစီ ၃၂၃ မတိုင်ခင်အထိ၊ ကြေးခေတ် နှင့် သံခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့ရာ မြေထဲပင်လယ်ဒေသတွင် ဟဲလင်နစ်စတစ်ကာလ (ဘီစီ ၃၁) အထိနှင့် တရုတ်တွင် ၁၇ ရာစုအထိ "ကမ္ဘာသည် ပြားသည်" ဟူသည့် အယူအဆ များစွာကျယ်ပြန့်ခဲ့သည်။

၁၈၉၃ တွင် အော်လန်ဒို ဖာဂူဆန် ရေးဆွဲသော ကမ္ဘာပြားယူဆချက် မြေပုံ

လက်ရှိ လူအများလက်ခံထားကြသည့် စက်လုံးကမ္ဘာအယူအဆမှာ ရှေးခေတ်ဂရိ သိပ္ပံပညာနှင့် ယထာဘူတပညာရှင် ပိုက်သာဂိုးရပ်စ် နှင့်အတူ ဘီစီ ၆ရာစုတွင် ပေါ်ပေါက်လာခဲ့သည်။ သို့သော် ပိုက်သာဂိုးရပ်စ် မတိုင်မီ ဘီစီ ၄ ရာစုအစောပိုင်းတွင်မူ ကမ္ဘာပြားအယူအဆကိုသာ ရှေးခေတ်ဂရိများက လက်ခံထားခဲ့ကြသည်။ ဘီစီ ၄ရာစု အစပိုင်းတွင် ပလေတို က စက်လုံးကမ္ဘာအကြောင်း ရေးသားခဲ့ပြီး ဘီစီ ၃၃၀ခန့်တွင် သူ၏ကျောင်းသားဟောင်းဖြစ်သူ အရစ္စတိုတယ် က အဆိုပါ စက်လုံးကမ္ဘာနှင့်ပတ်သက်၍ ခိုင်မာသောသက်သေများ ရှာဖွေပေးခဲ့သည်။ ထို့နောက် ကမ္ဘာလုံးပုံသဏ္ဌာန်ဆိုင်ရာ အသိပညာများမှာ ဟဲလင်နစ်စတစ်ခေတ် အလွန်တွင် တဖြည်းဖြည်းပြန့်နှံ့လာသည်။ [၁][၂]

ကိုးကားချက် ပြင်ဆင်ရန်

  1. ရှေးဂရိ အယူအဆများ ရိုမန်နှင့် အလယ်ခေတ်သို့ ဆက်လက်စီးဆင်းလာမှု : ရိမ်းဟတ် ကရူဂျာ : အလယ်ခေတ် ကမ္ဘာလုံးအယူအဆ သီအိုရီစာတမ်းများ (​၁၄၉၂) - စတုဂတ်တက္ကသိုလ်၊ ဂျာမနီ.
  2. ဥရောပမှ သိပ္ပံယူဆချက်များအား တရုတ်တို့ မွေးစားခြင်း : ဂျီးန်ကလော့ဒ် မာ့ဇလော့ဖ်, "၁၈ရာစု ကာလ တရုတ် နက္ခတ္တ ဗေဒစာများမှ အာကာသနှင့် အချိန်အကြောင်းများ" Archived 7 September 2019 at the Wayback Machine.

ပြင်ပလင့်များ ပြင်ဆင်ရန်