နှစ်စဉ်နှစ်တိုင်း ပြက္ခဒိန်များကိုတွက်ချက်နေရခြင်းဒုက္ခမှ ကင်းလွတ်စေရန် ဂရီဂေါရီးယန်း ပြက္ခဒိန်ကို ပြန်လည်ပြုပြင်ကာ ကမ္ဘာ့ပြက္ခဒိန်ပြုရေးအတွက် အီတလီဘုန်းတော်ကြီးတစ်ဦးဖြစ်သူ မာကိုမက်စ်ထရိုဖိနိ (Marco Mastrofini) က ၁၈၃၄တွင် တင်ပြခဲ့သည်။ ၎င်းတင်ပြခဲ့သော ကမ္ဘာ့ပြက္ခဒိန်မှာ နှစ်အားလုံးအတွက် အတူတူပင်ဖြစ်သည်။ ဘာမှ ပြုပြင်ပြောင်းလဲရန် မလိုပေ။

ထိုပြက္ခဒိန်ကို နှစ်တိုင်း တနင်္ဂနွေဖြင့်စပြီး စနေနေ့ဖြင့် ဆုံးသည်။ ပြက္ခဒိန်၌ တူညီသောအပိုင်းလေးပိုင်းပါဝင်သည်။ အပိုင်းတိုင်းကို တနင်္ဂနွေနှင့်စပြီး စနေဖြင့်ဆုံးသည်။ တစ်ပိုင်းလျှင် ၉၁ ရက် သို့မဟုတ် ၁၃ ပတ် သို့မဟုတ် ၃ လ စီပါသည်။ ထိုသုံးလတွင် ၃၁ ရက်ပါသောလ တစ်လ၊ ရက် ၃၀ ပါသောလ နှစ်လစီပါသည်။ ပထမပိုင်းကို ၃၁ ရက်ပါသည့် ဇန်နဝါရိလဖြင့်လည်းကောင်း၊ ဒုတိယပိုင်းကို ၃၁ ရက်ပါသည့် ဧပြီလဖြင့်လည်းကောင်း၊ တတိယပိုင်းကို ၃၁ ရက်ပါသည့် ဇူလိုင်လဖြင့် လည်းကောင်း၊ စတုတ္ထပိုင်းကို ၃၁ ရက်ပါသည့် အောက်တိုဘာလဖြင့်လည်းကောင်း စသည်။

တစ်ပိုင်းလျှင် ၉၁ ရက်ကျဖြင့် ၄ ပိုင်းတွင် စုစုပေါင်း ၁၆၄ ရက်ဖြစ်သည်။ ထို့ကြောင့် ၃၆၅ ရက်ပြည့်ရန် ဒီဇင်ဘာလပြီး နောက်တစ်ရက် ထပ်ဖြည့်လိုက်သည်။ ဤရက်ကို ကမ္ဘာ့နေ့ (Worldday) ဟုခေါ်ပြီး သင်္ကေတ W ဖြင့် သတ်မှတ်သည်။ နှစ်တစ်နှစ်ကုန်ဆုံးသည့် အထိန်းအမှတ်အဖြစ် တစ်ကမ္ဘာလုံး၏ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်မည်။ ထိုရက်သည် ဒီဇင်ဘာ ၃၀ ရက် စနေနေ့၏ နောက်တစ်ရက်ဖြစ်သော်လည်း ၎င်းရက်ကို နေ့အမည်မပေးဘဲ ဖျောက်ထားလိုက်သည်။ ထိုရက်၏နောက်တစ်ရက်မှာ ဇန်နဝါရီလ ၁ ရက် တနင်္ဂနွေနေ့ နှစ်ကူးရုံးပိတ်ရက်ဖြစ်သည်။

အကယ်၍ ရက်ထပ်နှစ်ဖြစ်ပါက ဇွန်လ နောက်ဆုံးရက်တွင် နောက်ထပ် တစ်ရက်ထပ်ထည့်ကာ သင်္ကေတ W ဖြင့် သတ်မှတ်ပြီး ရက်ထပ်နှစ် ဟု ခေါ်ဆိုမည်ဖြစ်သည်။ ထိုရက်သည် ဇွန်လ ၃၀ ရက် စနေနေ့၏ နောက်တစ်ရက်ဖြစ်သော်လည်း ၎င်းရက်ကို နေ့အမည် မပေးဘဲ ဖျောက်ထားလိုက်သည်။ ထိုရက်၏နောက်တစ်ရက်မှာ ဇူလိုင်လတစ်ရက် တနင်္ဂနွေနေ့ဖြစ်သည်။

ဇန်နဝါရီ
ဧပြီ
ဇူလိုင်
အောက်တိုဘာ
ဖေဖော်ဝါရီ
မေ
ဩဂုတ်
နိုဝင်ဘာ
မတ်
ဇွန်
စက်တင်ဘာ
ဒီဇင်ဘာ
S ၁၅ ၂၂ ၂၉ ၁၂ ၁၉ ၂၆ ၁၀ ၁၇ ၂၄
M ၁၆ ၂၃ ၃၀ ၁၃ ၂၀ ၂၇ ၁၁ ၁၈ ၂၅
T ၁၀ ၁၇ ၂၄ ၃၁ ၁၄ ၂၁ ၂၈ ၁၂ ၁၉ ၂၆
W ၁၁ ၁၈ ၂၅ ၁၅ ၂၂ ၂၉ ၁၃ ၂၀ ၂၇
T ၁၂ ၁၉ ၂၆ ၁၆ ၂၃ ၃၀ ၁၄ ၂၁ ၂၈
F ၁၃ ၂၀ ၂၇ ၁၀ ၁၇ ၂၄ ၁၅ ၂၂ ၂၉
S ၁၄ ၂၁ ၂၈ ၁၁ ၁၈ ၂၅ ၁၆ ၂၃ ၃၀
30 December, Worldsday follows 
30 June, Leapyear day follows (only on leap years) 
W

အဲလစ်ဇဘတ် အခေလစ်ဇ် (Elisabeth Achelis) က ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ပြက္ခဒိန်ကို နိုင်ငံတကာမှ လက်ခံလာစေရန် ကမ္ဘာ့ပြက္ခဒိန်အဖွဲ့ (The World Calendar Associatiin- TWCA) ကို ဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ၁၉၃၀ ပြည့်နှစ်များက (နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂဖြစ်လာမည့်) နိုင်ငံပေါင်းချုပ် အသင်းကြီးကပါ ကမ္ဘာပြက္ခဒိန်ကို ထောက်ခံခဲ့သည်။ အခေလစ်ဇ်သည် ၁၉၃၁ ပြည့်နှစ်မှစကာ ပြက္ခဒိန် ပြန်လည်ပြင်ဆင်ရေးဂျာနယ် (Journal of Calendar Reform) ကို ထုတ်ဝေခဲ့သည့်အပြင် ပြက္ခဒိန်နှင့် ပတ်သက်၍လည်း စာအုပ် ၅ အုပ် ရေးခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်တွင် အခေလစ်ဇ်သည် ကမ္ဘာပြက္ခဒိန်ကို နိုင်ငံတကာမှ ထောက်ခံမှုများရရန် ကြိုးပမ်းခဲ့သည်။ သူ၏ကြိုးပမ်းမှုဖြင့် အမေရိကန်ကွန်ဂရက်လွတ်တော်တွင်ပါ ထည့်သွင်းဆွေးနွေသည်အထိ ဖြစ်လာသည်။ သို့သော် ဤကမ္ဘာပြက္ခဒိန်ကိစ္စကို ကိုင်တွယ်ရန အသင့်တော်ဆုံးမှာ ကမ္ဘာ့ကုလသမဂ္ဂဖြစ်သည်ကိုမူ သူမအနေနဲ့ လက်မခံနိုင်စရာမရှိပါ။

သို့သော် ဤကိစ္စမှာ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော အရေးဖြစ်၍ မလွယ်ကူလှပါ။ ၁၉၅၅ ထိတိုင် ကုလသမဂ္ဂတွင် လိပ်ခဲတည်းလည်းဖြစ်နေရသည်။ ကမ္ဘာပြက္ခဒိန်ကို ၁၉၅၆ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ စတင်အသုံးပြုရန် အမေရိကန်ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့ရာ အိန္ဒိယက ထောက်ခံသဘောတူသည်။ မြန်မာပြည်အစိုးရထံသို့လည်း ထောက်ခံ၊ မထောက်ခံ မေးမြန်းခဲ့သည်။ မြန်မာအစိုးရက ပြက္ခဒိန်အကြံပေးအဖွဲ့သို့ အဆိုပါကမ္ဘာပြက္ခဒိန်သဘောများနှင့် အကြံဉာဏ်များ တောင်းခံခဲ့သည်။

ထိုအခါ၌ မြန်မာပြက္ခဒိန်အဖွဲ့တွင် မြန်မာဗေဒင်ပညာရှိများနှင့် ဘုန်းတော်ကြီးတစ်ပါးအပါအဝင် ပုဂ္ဂိုလ် ၁၈ ဦး အစည်းအဝေးပွဲကျင်းပခဲ့သည်။ အနောက်နှင့်အရှေ့ နက္ခတ်ပညာရှိ ၂ ဦးသာရှိသော်လည်း ကျန်တစ်ဦးမှာ အကြောင်းမညီညွတ်၍ အစီးအဝေးကို မတက်ရောက်နိုင်ခဲ့ပေ။ ပြက္ခဒိန်အစည်းအဝေးမှ ဤကမ္ဘာ့ပြက္ခဒိန်သည် နေ့ဖျောက်သောပြက္ခဒိန်ဖြစ်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များ အသုံးမပြုထိုက်။ တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်းဖြစ်သဖြင့် ကမ္ဘာ့ပြက္ခဒိန်ကို မြန်မာအစိုးရက ထောက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးတွင် အခေလစ်ဇ်သည် သူမ၏ TWCA အဖွဲ့ကြီးကို ၁၉၅၆ ၌ ဖျက်သိမ်းလိုက်ရတော့သည်။ TWCA ကိုဖျက်သိမ်းလိုက်လင့်ကစား ယခုတိုင် လက်မလျော့တမ်း ကြိုးပမ်းနေသူများလည်း ရှိသည်။ ၎င်းတို့က ကမ္ဘာပြက္ခဒိန်ကို ၂၀၁၂ တွင် အသက်ဝင်ရန် ကြိုးစားခဲ့ကြသည်။ ယခု TWCA ၏ ဒါရိုက်တာမှာ ဝိန်းအက်ဒွပ်ရစ်ချတ်ဆင် (wayne Richardson of Ellinwood, Kansas) ဖြစ်သည်။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်


[၁]

အကိုးအကား ပြင်ဆင်ရန်

  1. မြန်မာပြက္ခဒိန်၊ အေးငြိမ်း(လေးမျက်နှာ)။ ပကြိမ်၊ နိုဝင်ဘာ၊ ၂၀၁၄။ ရွက်စိမ်းစာပေ။ ရန်ကုန်။