ကမ္ဘောဇဘဏ်လီမိတက်

မြန်မာပုဂ္ဂလိက စီးပွားရေးဘဏ်
(ကမ္ဘောဇဘဏ် မှ ပြန်ညွှန်းထားသည်)


ကမ္ဘောဇဘဏ်လီမိတက် (အတိုကောက်: KBZ) သည် မြန်မာနိုင်ငံ၏ အဓိကဘဏ်လုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ အခြားဘဏ်များမှာ ရိုးမဘဏ်၊ မေဖလားဝါးဘဏ်၊ အာရှဓနဘဏ်တို့ ဖြစ်ကြသည်။ ကမ္ဘောဇဘဏ်အား ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့၌စတင်ဖွင့်လှစ်ခဲ့သည်။ KBZ အား ဦးအောင်ကိုဝင်းမှ ပိုင်ဆိုင်ပြီး[၁] ခရစ်ဒစ်ကဒ်များအသုံးပြုနိုင်သည့် ဘဏ်လုပ်ငန်းအချို့မှ တစ်ခုအပါအဝင်ဖြစ်သည်။[၂] ၂၀၀၅ ခုနှစ်တွင် ငွေကြေးခဝါချမှုဖြင့် မေဖလားဝါးဘဏ် နှင့် အာရှဓနဘဏ်တို့ ဘဏ်လုပ်ငန်းလိုင်စင် ပြန်လည်သိမ်းခံရပြီးနောက်ပိုင်း ကမ္ဘောဇဘဏ် သည် မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးဘဏ် တစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘောဇကုမ္ပဏီများအုပ်စု ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည်။

Kanbawza Bank Limited (KBZ)
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းဘဏ်လုပ်ငန်း
တည်ထောင်သည့်နှစ်၁၉၉၄
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များအောင်ကိုဝင်း
ထုတ်ကုန်ပစ္စည်းငွေကြေးဝန်ဆောင်မှု
အခွန်မဆောင်မီ ဝင်ငွေIncrease ကျပ် ၁၂၉ ဘီလီယံ (၂ဝဝ၄)
အလုပ်သမားဦးရေ14000ကျော်
ဝက်ဘ်ဆိုက်kbzbank.com
ဆောင်ပုဒ်သဒ္ဒါထက်သန် မြန်မာအားမာန် ကမ္ဘောဇဘဏ်

၂၀၁၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကိုယ်စားလှယ်ရုံးခန်း စတင်ဖွင့်လှစ်ခဲ့သည်။[၃] ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ကာ Union Pay International နှင့် ပူးပေါင်းကာ အကြွေးဝယ်ကဒ် (Credit Card) ကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် စင်ကာပူနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ခဲ့သည်။

ယခု ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတဝှမ်း မြို့ပေါင်း ၁၀၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၅၀၀ ခု ဖွင့်လှစ်ထားရှိပြီး အလိုအလျောက်ငွေထုတ်ယူစက် (ATM) ၁၀၀၀ လုံးကျော် တပ်ဆင်ထားရှိသည်။ [၄]

မိတ်ဖက် လုပ်ငန်းများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Fujita၊ Kōichi; Fumiharu Mieno; Ikuko Okamoto (2009)။ The Economic Transition in Myanmar After 1988: Market Economy Versus State Control။ NUS Press။ p. 153။ ISBN 978-9971-69-461-6
  2. Turnell၊ Sean (2009)။ Fiery dragons: banks, moneylenders and microfinance in Burma။ NIAS Press။ p. 264။ ISBN 978-87-7694-040-9
  3. Kanbawza Bank Becomes First Myanmar Bank To Open Representative Office in Thailand - KBZ Bank
  4. Branch - KBZ Bank

ပြင်ပလင့် ပြင်ဆင်ရန်