The Klingon language (Klingon: tlhIngan Hol) မြန်မာဘာသာအားဖြင့် ကလင်ဂွန်ဘာသာစကား သည် စတားတရက် ဇာတ်ကားများတွင်ပါဝင်သော ကလင်ဂွန်များပြောဆိုသုံးစွဲရန်အတွက် တီထွင်ထားသောဘာသာစကားတစ်မျိုးဖြစ်သည်။ ၎င်းဘာသာစကားသည် တီထွင်ထားသောဘာသာစကားဖြစ်သည့်အတွက်တစ်နည်းအားဖြင့်ဆိုလိုသည်မှာ၎င်းဘာသာစကားကိုအသုံးပြုသောနိုင်ငံဟူ၍မရှိသေးချေ။ လူအနည်းငယ်သာလျှင် ကလင်ဂွန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်သည်။ ကလင်ဂွန်ဘာသာစကားအင်စတီကျု့ သည်ကလင်ဂွန်ဘာသာစကားကိုသင်ကြားနေသောသူများကိုအကူအညီပေးနေပါသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ပထမဦးဆုံးကလင်ဂွန်စကားလုံးများကို ၁၉၇၉ တွင်မင်းသားဂျိမ်းဒိုဟန်ကတီထွင်ဖန်တီးခဲ့သည်။ ၁၉၈၄ခုနှစ်တွင်တတိယမြောက် စတားတရက် ဇာတ်ကားကိုတီထွင်ဖန်တီးသောအခါ ဂျင်းရိုဒန်ဘယ်ရီသည်တကယ့်အစစ်အမှန်ရုပ်လုံးပေါ်ဘာသာစကားကိုတီထွင်ရန်ဆန္ဒပြင်းပြခဲ့သည်။ ထို့ကြောင့် ဘာသာဗေဒပညာရှင် မာ့အော့ရန်းက ကလင်ဂွန်ဘာသာစကားကိုတီထွင်ဖန်တီးခဲ့သည်။ သူသည် ကလင်ဂွန်ဘာသာစကားနှင့်ပတ်သက်သောစာအုပ်အများအပြားကိုလည်း ရေးသားပြုစုခဲ့သည်။

သဒ္ဒါပိုင်းဆိုင်ရာအချက်အလက်များ ပြင်ဆင်ရန်

 ကလင်ဂွန်ဘာသာစကားသည် ပြောဆိုရာတွင်လွယ်ကူသည့်အတွက်ဘာသာစကားတီထွင်သူဘာသာဗေဒပညာရှင် မာ့အော့ရန်းသည်ဘာသာစကားကို တတ်နိုင်သမျှရှုပ်ထွေးပြီးအသံထွက်များကိုလည်း ပြန်လည်ပြင်ဆင်ခဲ့သည်။ ဘာသာစကားစကားလုံးတည်ဆောက်မှုပုံစံသည် ကံ+ကြိယာ+ကတ္တားဖြစ်သည်။ မြန်မာဘာသာစကားအရ ကျွန်တော်ကြောင်ကိုမြင်သည် သည် ကလင်ဂွန်ဘာသာစကားအရ ကြောင်ကို မြင်သည် ကျွန်တော် ဖြစ်သည်။

ကလင်ဂွန်ဘာသာစကားသည် စကားလုံးတည်ဆောက်မှုတွင် ၀ဏ္ဏစနစ် ကို အသုံးပြုထားပြီးစကားလုံးများ၏နောက်တွင်လည်းကောင်း၊ ရှေ့တွင်လည်းကောင်း တွယ်ကပ်ကာ ပြောဆိုသုံးစွဲခြင်းဖြစ်သည်။

Klingon English
qet run
maqet we run
maqetbe’ we do not run

အရေးစနစ် ပြင်ဆင်ရန်

ကလင်ဂွန်ဘာသာစကားကိုရေးသားရာတွင် အချို့သောစကားလုံးများကို လက်တင်အက္ခရာကြီးဖြင့်ရေးသားပြီးအချို့သောစကားလုံးများကိုအက္ခရာအသေးဖြင့်ရေးသားလေ့ရှိသည်။ ၎င်းစနစ်သည် စကားလုံးများကိုကွဲပြားစွာပြောဆိုသော်လည်းပြောင်းလဲခြင်းမရှိပါ။ အောက်တွင်ဖော်ပြထားသည်များသည် ကလင်ဂွန်အက္ခရာများဖြစ်သည်။

a b ch D e gh H I j l m n ng o p q Q r S t tlh u v w y ’

ကိုးကားချက်များ ပြင်ဆင်ရန်