ကလောမြို့

ရှမ်းပြည်နယ်၊ မြန်မာ

ကလောမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၂၉၇ ခန့်တွင် တည်ရှိသည်။ ပြည်ထောင်စုလမ်းမကြီးသည် ကလောမြို့မှ ဖြတ်သန်းသွားသည်။ ကလောမြို့၏ အရှေ့ဘက်တွင် အောင်ပန်းမြို့ ရှိပြီး အနောက်ဘက်သည် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိသည်။ ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆင်းရာ တံခါးပေါက်ကဲ့သို့ ဖြစ်သည်။ မြို့အရှေ့ဘက်တွင် တောင်တန်းများမှရေများ စီးဆင်းရာ ကလောချောင်းရှိပြီး ၎င်းချောင်းသည် အင်းလေးကန်အတွင်းသို့ စီးဝင်သည်။ ကလောမြို့၏သမိုင်းကြောင်းကို ရှေးမြန်မာ ဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်သို့ လာရာလမ်း၏နားခိုရာနေရာတစ်ခုသာ ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်လူမျိုးများ သဘောကျနှစ်ခြိုက်သဖြင့် မြို့အင်္ဂါရပ်နှင့်ညီအောင် ဖွဲ့စည်းတည်ဆောက် နေထိုင်ခဲ့ကြသည်။

ကလောမြို့
ၵၢတ်ႇလေႃႉ (ၵလေႃး)
ဝေင်ꩻကလော်ꩻ
ကလောမြို့ အဝင် ဆိုင်းဘုတ်
ကလောမြို့ အဝင် ဆိုင်းဘုတ်
ကလောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလောမြို့
ကလောမြို့
ကလောမြို့တည်နေရာ
ကိုဩဒိနိတ်: 20°38′N 96°34′E / 20.633°N 96.567°E / 20.633; 96.567ကိုဩဒိနိတ်: 20°38′N 96°34′E / 20.633°N 96.567°E / 20.633; 96.567
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကလောခရိုင်
မြို့နယ်ကလောမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၂၉၇ ပေ (၁၃၁၀ မီတာ)
လူဦးရေ (၂၀၁၄)၉၃၀၃၂[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

အမည်ရင်းမြစ် ပြင်ဆင်ရန်

အမည်ရင်းမြစ်ကို အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးရှိနိုင်သည်ဟု ယူဆရသည်။

ပလောင်ရင်းမြစ် ပြင်ဆင်ရန်

ကလောဟူသော အမည်သည် ဒေသခံလူမျိုးများဖြစ်သော ပလောင်လူမျိုးများ၏ကလောက် ဟူသော အသံထွက်မှ ဖြစ်ပေါ်လာသည်။ ပလောင်စကားအရ ကလောက်သည် ဒယ်အိုး(သို့)ဇလုံ ဟု အဓိပ္ပာယ်ရသည်။ ကလောမြို့အား အရပ်လေးမျက်နှာ တောင်တန်းများဝန်းရံနေပုံမှာ ဒယ်အိုးပုံစံနှင့် တူသောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြသည်။

ရှမ်းရင်းမြစ် ပြင်ဆင်ရန်

ကလောဟူသော အမည်သည် ဒေသခံ ရှမ်းစကားမှ ဆင်းသက်လာသည်။ ကိုလိုနီခေတ်မြို့ပြ အင်္ဂါရပ်နှင့်အညီ စော်ဘွားတို့မှ ဈေးနေ့သတ်မှတ်ပေးရာ အနီးအနားရှိ ရွာများမှ ဈေးနေ့တွင် နွားလှည်းဖြင့် လာရောက်ရောင်းချကြရာ ၵၢတ်ႇလေႃႉ (လှည်းဈေး) ဟုခေါ်ဆိုရာမှ အချိန်ကာလကြာသော် ၵလေႃး (ကလော) ဟူ၍ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။[ကိုးကားချက်လိုသည်]

လူနေထိုင်မှုနှင့် စီးပွားရေး ပြင်ဆင်ရန်

ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သော အဆောက်အဦးအချို့ကို အချို့နေရာများတွင် မြင်တွေ့နိုင်သေးသည်။ တပ်မတော်မှ ခြေမြန်တပ်မ(၅၅) အခြေစိုက်ရာ မြို့ဖြစ်ပြီး ခ.လ.ရ(၃)၊ ခ.လ.ရ(၇) နှင့် ခ.လ.ရ(၁၁၂) စသည့် တပ်ရင်း(၃)ရင်း ရှိသည်။ တပ်မတော် စစ်ဦးစီးတက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားသည်။ မြို့ရေပေးဝေရေးအတွက် မြို့အရှေ့ဘက်ရှိ အင်းပြင်ရေကန်နှင့် မြို့အနောင်တောင်ဘက်ရှိ ရေအေးကန်တို့မှ ဟိုးယခင်မှစတင်ကာ ဖြန့်ဝေပေးသည်။ မြို့အနောက်ဘက်ရှိ သဘာဝရေထွက်မှလည်း ရေပိုက်များဖြင့်သွယ်ယူကာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကြိုးစားလုပ်ဆောင် ဖြန့်ဝေပေးနေသည်။ ကလောမြို့အင်းပြင်ရွာတွင် လောပိတ ရေအားလျှပ်စစ်ထုတ်စက်ရုံမှလာသော လျှပ်စစ်ဓာတ်အားကို ခွဲရုံတည်ဆောက်၍ တောင်ကြီးပင်းတယမြို့သာစည်မြို့နှင့် ကလောမြို့တွင်းသို့ ဖြန့်ဝေပေးသည်။ စီးပွားရေးအနေဖြင့် မက်မန်းသီးမက်မွန်သီးလိမ္မော်သီးဂေါ်ဖီထုပ်၊ ပန်းမုန်လာ တို့ကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ယခင်က သယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်း၊ လက်တွန်းလှည်းများကို အားထားအသုံးပြုခဲ့ကြသော်လည်း ယခုအခါ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီများဖြင့် အစားထိုး လုပ်ကိုင်နေကြပြီဖြစ်သည်။ အေးချမ်းသောမြို့ ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာဓလေ့များကြောင့် နိုင်ငံခြားခရီးသွားများအတွက် အကြိုက်တွေ့ရာမြို့ဖြစ်သည်။

နေထိုင်သည့်လူမျိုးများနှင့်အလုပ်အကိုင် ပြင်ဆင်ရန်

ယခင်က ကလောမြို့တွင်နေထိုင်သူအများစုမှာ ရှမ်းလူမျိုးဓနုလူမျိုးတောင်ရိုးလူမျိုးနှင့် ပလောင်လူမျိုးပအိုဝ်းလူမျိုးများ ဖြစ်ကြသည်။ ယခုအခါတွင် အစိုးရဌာနရုံးစိုက်ရာမြို့ ဖြစ်သာကြောင့် လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ တောင်ယာလုပ်ငန်း၊ သစ်ခုတ်ဝါးခုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ရွှေအနည်းငယ်ထွက်သောကြောင့် ရွှေတူးခြင်းလုပ်ငန်းကိုလည်း အနည်းငယ်လုပ်ကိုင်ကြသည်။

ပညာရေး ပြင်ဆင်ရန်

၁၉၆၅ ခုနှစ် မတိုင်မီက ကလောမြို့တွင် အထက(၁)၊ အထက(၂)၊ အထက(၃) ဟူ၍ အစိုးရ အထက် တန်း ကျောင်း ၃ ကျောင်းရှိခဲ့သည်။အင်္ဂလိပ်ခေတ်ကတည်းက တည်ထောင်ခဲ့ကြသည့် ခရစ်ယာန် သာသနာပြု အထက်တန်းကျောင်း နှစ်ကျောင်းမှာ ၁၉၁၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော စိန့်အဂ္ဂနက် ကွန်ဗင့် (St. Agnes Convent) ကျောင်းနှင့် ဓမ္မစကြာလမ်းရှိ မက်သဒစ် ခရစ်ယာန်သာသနာပြုကျောင်းဖြစ်သည့် ကင်းစ်ဝုဒ် (Kingswood) ကျောင်းတို့ ဖြစ်ကြသည်။မြန်မာ ဗုဒ္ဓဘာသာ အမျိုးသားကျောင်းကို ၁၉၃၃ ခုနှစ်တွင် သိမ်တောင်ကျောင်းမှ ဆရာတော်များ၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများကဦးစီးကာ တည်ထောင်ခဲ့ကြ၏။ မူလတန်းအဆင့် ပညာသင်ကျောင်းဖြစ်ပြီး မြို့မကျောင်းဝင်း ဆုတောင်းပြည့်စေတီ မြောက်ဖက်၌တည်ရှိခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရချိန်တွင် ကလောမြို့၏ ပထမဆုံး အစိုးရအထက်တန်း ကျောင်းကို ယခု စစ်ဦးစီးတက္ကသိုလ်အဝင်လမ်း အနောက်ဘက်တောင်ကုန်းလေးပေါ်၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ယင်းအစိုးရအထက်တန်းကျောင်းကို ကလောမြို့ ရဲစခန်း နှင့် မျက်နှာချင်းဆိုင် နေရာကွင်းပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်လာပြီးနောက် ၁၉၆၄ ခုနှစ်တွင် သာသနာပြုကျောင်းများ ကို ပြည်သူပိုင်သိမ်းလိုက်သဖြင့် အစိုးရအထက်တန်းကျောင်းများ ဖြစ်လာခဲ့သည်။ ထိုအခါ လွတ်လပ်ရေးရချိန်၌ တည်ထောင်ခဲ့သော အစိုးရ အထက်တန်းကျောင်းသည် အထက(၁) ဖြစ်လာသည်။
ဓမ္မစကြာလမ်းမှ ကင်းစ်ဝုဒ် သာသနာပြုကျောင်းမှာ အထက(၂) ဖြစ်လာပြီး ကွန်ဗင့်ကျောင်းက အထက(၃) ဟူ၍ ဖြစ်လာခဲ့ရာမှ ထိုကာလတွင် ကလောမြို့တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိလာခဲ့သည်။ ထိုအချိန်တွင် ရပ်ကွက်(၁၀) သီတာလမ်းရှိ မူလတန်းကျောင်းသည်လည်း အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့်လာသဖြင့် ထိုခေတ်တွင် ကလောမြို့၌ အထက် တန်းကျောင်း သုံးကျောင်းနှင့် အလယ်တန်းကျောင်း တစ်ကျောင်းရှိခဲ့သည်။ ၁၉၆၇-၆၈ ခုနှစ်တွင် အထက်တန်းကျောင်းကျောင်း သုံးကျောင်းကို ပေါင်းစည်းပြီး အ.ထ.က ကျောင်း နှစ်ကျောင်း အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့သည်။ ထိုအချိန်က အထက(၂) ဖြစ်သည့် ကင်းစ်ဝုဒ်ကျောင်းကို ဖျက်သိမ်းလိုက်သောကြောင့် မူလက အထက(၃) ဖြစ်သော ကွန်ဗင့်ကျောင်း သည် အထက(၂) ဖြစ်လာခဲ့သည်။ သိပ္ပံတွဲ ကျောင်းသားများက အထက(၁) သို့ ပြောင်းရွှေ့ရပြီး ဝိဇ္ဇာတွဲ ကျောင်း သားများက အထက(၂) သို့ ပြောင်းရွှေ့ကာ ပညာသင်ကြားရလေသည်။ ထိုအချိန်မှစတင်ကာ ကလောတွင် အထက(၁) နှင့် အထက(၂) ဟူ၍ အစိုးရ အထက်တန်းကျောင်း နှစ်ကျောင်း သာ ရှိပါတော့သည်။ ထို့ကြောင့် ၁၉၆၈ မတိုင်မီက တည်ရှိခဲ့သော အထက(၃) သည် လက်ရှိ အထက(၂) ကျောင်းပင် ဖြစ်ပါတော့သည်။
ကလောမြို့တွင် အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်းများ ရှိသည်။ ယခင်က အစိုးရစက်မှုလက်မှုကျောင်းရှိခဲ့သော်လည်း နောက်ပိုင်းတွင် အေးသာယာမြို့ သို့ ပြောင်းရွေ့သွားခဲ့သည်။ စာရင်းကိုင်သင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် ဘာသာစကားသင်တန်းအချို့ ရှိသည်။

ဘာသာရေးနှင့်ယုံကြည်ကိုးကွယ်မှု ပြင်ဆင်ရန်

ကလောတွင် နေထိုင်သူအများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။ အခြား အစ္စလာမ်ဘာသာဟိန္ဒူဘာသာခရစ်ယာန်ဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိကြသည်။ သီတင်းကျွတ်လနှင့် တန်ခူးလ တို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူတို့သည် ဘုန်းကြီးကျောင်းများသို့ ပုံမှန်သွားရောက် ကန်တော့လေ့ရှိကြသည်။

ရိုးရာဓလေ့များ ပြင်ဆင်ရန်

တန်ခူးလတွင် အတာတက်ပွဲခေါ် ပအိုဝ်းရိုးရာ မီးလုံးလွှတ်ပွဲ (ဗမာအခေါ် ဒုံးလွှတ်ခြင်း)များ ကျင်းပလေ့ရှိကြသည်။ အနီးအနားရှိ မြို့များနှင့် ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြသည်။ တန်ဆောင်မုန်းလတွင် မဟာဘုံကထိန်ပွဲတော်ကို ကျင်းပကြသည်။ ကလောမြို့၏ အထင်ကရကျောင်းတိုက်များ ဖြစ်သည့် မြို့မပရိယတ္တိစာသင်တိုက်နှင့် သိမ်တောင်ပရိယတ္တိစာသင်တိုက် တို့၌ကျင်းပကြသည်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တွင် မြို့မပရိယတ္တိစာသင်တိုက်အတွက် ပဒေသာပင်များ လှည့်လည်ပူဇော်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် သိမ်တောင်ပရိယတ္တိစာသင်တိုက် အတွက်လှည့်လည်ပူဇော်ကြသည်။ အဆိုပါနေ့ရက်များ၏ ညချမ်းအချိန်အခါ၌ မီးတိုင်များဖြင့် ဘုရားမီးပူဇော်ပွဲ (ဒေသအခေါ် မီးရှော်တိုင်ပွဲ)များကို စည်ကားသိုက်မြိုက်စွာ ထိုကျောင်းတိုက်များ၌ ကျင်းပကြသည်။ မီးရှော်တိုင်ပွဲသည် ပြိုင်ပွဲတစ်ခုအနေဖြင့် ကျင်းပပေးပြီး မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ယခုအချိန်တွင် ကျောင်းတိုက်များတွင် မကျင်းပတော့ဘဲ ကလောမြို့ မောမြေဦးပန်းခြံအတွင်း၌ ကျင်းပလျက်ရှိသည်။

နာမည်ကျော်ကြားသည့်နေရာများ ပြင်ဆင်ရန်

နှစ်ရာချီရှိပြီဖြစ်သော နှီးဘုရားမှာ ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော နေရာဖြစ်သည်။

ရွှေဥမင် သဘာဝလှိုဏ်ဂူဘုရားမှာလည်း ထင်ရှားသည်။

ကလောမြို့မှ (၁၀) မိုင်ခန့်ဝေးသည့် မြင်းမထိ ဂူ မှာလည်း သဘာဝအလှကြောင့် ထင်ရှားသည်။ [၂]

သိမ်တောင်ဘုန်းကြီးကျောင်း နှင့် ကလောမဟာစည်သာသနာ့ရိပ်သာ တို့ကိုလည်း လေ့လာနိုင်သည်။

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

 
ကလောဘူတာ

အခြားမြို့များသို့ မီးရထားလမ်း၊ ကားလမ်းတို့ဖြင့် ဆက်သွယ်ထားသည်။ အနီးဆုံးလေဆိပ်မှာ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေဆိပ် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၆၂
  2. Top Places You Must Visit in Kalaw။ 2018 September 11 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း(၁-က)

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

ခင်မောင်တင့်