ကာကျူပွတ်ပင်

(ကာကျူပွတ် မှ ပြန်ညွှန်းထားသည်)
Weeping paperbark
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Myrtaceae
မျိုးဇာတ်: Melaleuceae
မျိုးစု: Melaleuca
မျိုးစိတ်:
M. leucadendra
ဒွိနာမ
Melaleuca leucadendra
Synonyms[၁]

ကာကျုပွတ်ပင်သည် အရှေ့အိန္ဒိယကျွန်းစု၊ ပသျှူးကျွန်းဆွယ်နှင့် ဩစတြေးလီးယားတိုက် အပူပိုင်း ဒေသ များ၌ပေါက်သော သစ်ပင်တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံတွင် မြိတ် နယ်၌ တွေ့ရသည်။ ကလန်ပင် ဟူ၍လည်း ခေါ်ကြသည်။ ဤအပင်၏အရွက်မှ ဆေးဖက်ဝင်သည့် ကာကျုပွတ်ဆီ သို့မဟုတ် ကာပူတီဆီကို ထုတ်ယူရရှိ၍ မြန်မာ နိုင်ငံသို့ ပသျှူးကျွန်းဆွယ်ဖက်မှ တင်သွင်းရောင်းချလေ့ရှိခဲ့သည်။ ဆီ အမြောက်အမြားကိုမူ စလီးဗီးကျွန်းမှ ရရှိ၏။ ကာကျူပွတ်ဆီ သည် အငွေ့ပျံလွယ်သော ဆီဖြစ်သည်။ အနံ့မှာ တာရပင်ဆီနှင့် ပရုတ်ရောစပ်ထား သော အနံ့ကဲ့သို့ဖြစ်၍ အလွန်စူးရှသည်။ ဤဆီကို ရုမက်တစ်ဇင်ရောဂါ(အရိုးအဆစ်ရောင်နာ) များတွင် လိမ်းရ၍ ကာလဝမ်းရောဂါနှင့် အခြားရောဂါများအတွက်လည်း လေးညှင်းဆီသဘောကဲ့သို့ အသုံးပြုကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ကာကျူပွတ်ပင် (Melaleuca leucadendra)World Checklist of Selected Plant Families (WCSP)Royal Botanic Gardens, Kew
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)