စိန်၊ ဦး (ကာတွန်း)

(ကာတွန်းဦးစိန် မှ ပြန်ညွှန်းထားသည်)

ကာတွန်းဦးစိန်သည် မြန်မာကာတွန်း ပညာရှင် တစ်ဦးဖြစ်သည်။ ကာတွန်းဦးစိန်ကို ရန်ကုန်မြို့တွင် အဖ ဦးဖိုးရန် နှင့် အမိဒေါ်လှတင်တို့မှ ၁၉၂၄-ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့တွင် မွေးဖွားသည်။ ဆယ်တန်းအောင်ပြီးချိန်မှ စ၍ ပန်းချီနှင့် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ ပန်းချီဦးအုန်းမောင်ပန်းချီဦးငွေကိုင်ပန်းချီဦးဘဉာဏ် တို့ထံတွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၂-ခုနှစ်တွင် စာပေဗိမာန် မဂ္ဂဇင်းရှုမဝ ရုပ်စုံမဂ္ဂဇင်းတို့၌ ပန်းချီ ကာတွန်းများကို စတင်ရေးဆွဲခဲ့သည်။ ပန်းချီ ကာတွန်းနှစ်မျိုးစလုံးကို ရေးနိုင်ပြီး မဂ္ဂဇင်းကာတွန်း ရေးဆွဲရာတွင် အထူးထင်ရှားလှသည်။

ကာတွန်း မောင်စိန်

၁၉၆ဝ ပြည့်နှစ်တွင် စာရေးဆရာ တက္ကသိုလ်ထင်ကြီးနှင့် ပူးပေါင်း၍ ပျူစောထီး ကာတွန်းရုပ်ရှင်ကားကို ဖန်တီးခဲ့သေးသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၉၄-ခုနှစ် မတ်လ(၆)ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၀)ရှိပြီ ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မိုးဇော်စိုး ၏ ကာတွန်းရုပ်ရှင်၏ မူလဇာစ်မြစ်နှင့် ဖန်တီးမှု အဆင့်ဆင့် (စာပေဗိမာန်ထုတ်၊ ၂၀၀၀-ပြည့်နှစ်)