ကိဗုကန် သည် အာဖရိကတိုက်ရှိ ကန်ကြီးများထဲတွင် ပါဝင်သည့် ကန်တစ်ခု ဖြစ်သည်။[၂] ၎င်းသည် ကွန်ဂိုနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံတို့အကြား နယ်နိမိတ်တွင်တည်ရှိသည်။ ဤကန်သည် Albertine အက်ကြောင်းနှင့် အရှေ့အာဖရိကအက်ကြောင်း ကြားတွင် တည်ရှိသည်။ ဤကန်မှ ရေသည် ရုဇိဇိမြစ်အတွင်းသို့ စီးဝင်သည်။ ထိုမြစ်မှတစ်ဆင့် တောင်ဘက်သို့ ဆက်လက်စီးဆင်းသွားကာ တန်ဂန်ယိကကန်အတွင်းသို့ စီးဆင်းသည်။[၃]

ကိဗုကန်
Satellite image of Lake Kivu courtesy of NASA.
ကိဗုကန် သည် Democratic Republic of the Congo တွင် တည်ရှိသည်
ကိဗုကန်
ကိဗုကန်
ကိဗုကန် သည် အာဖရိကတိုက် တွင် တည်ရှိသည်
ကိဗုကန်
ကိဗုကန်
ကိုဩဒိနိတ်2°0′S 29°0′E / 2.000°S 29.000°E / -2.000; 29.000ကိုဩဒိနိတ်: 2°0′S 29°0′E / 2.000°S 29.000°E / -2.000; 29.000
အမျိုးအစားRift Valley lakes, meromictic, limnically active lake
ပင်မ ရေထွက်စီးကြောင်းRuzizi River
ရေစုဝေးရာ နေရာ၂,၇၀၀ km2 (၁,၀၀၀ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများRwanda, Democratic Republic of the Congo
အကျယ်ဆုံး အလျား၈၉ km (၅၅ mi)[၁]
အကျယ်ဆုံး အနံ၄၈ km (၃၀ mi)[၁]
မျက်နှာပြင် ဧရိယာ၂,၇၀၀ km2 (၁,၀၄၀ sq mi)[၁]
ပျမ်းမျှအနက်၂၄၀ m (၇၈၇ ft)
အနက်ဆုံး အနက်အရှိုင်း၄၈၀ m (၁,၅၇၅ ft)
ရေထုထည်၅၀၀ km3 (၁၂၀ cu mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁,၄၆၀ m (၄,၇၉၀ ft)
ကျွန်းများIdjwi
အနီးရှိမြို့များGoma, Congo
Bukavu, Congo
Kibuye, Rwanda
Cyangugu, Rwanda
Kivu lake shoreline at Gisenyi, Rwanda

ပထဝီသွင်ပြင် ပြင်ဆင်ရန်

ကိဗုကန်သည် ပျမ်းမျှအားဖြင့် ၉၀ ကီလိုမီတာ (၅၆ မိုင်) ရှည်လျားကာ အကျယ်ဆုံးနေရာသည် ၅၀ ကီလိုမီတာ (၃၁ မိုင်) ရှိသည်။ [၂]ကန်၏ ပုံသဏ္ဌာန်သည် ပုံမှန်မဟုတ်သည့်အတွက် ၎င်း၏ မျက်နှာပြင်ကို တိကျစွာတိုင်းတာရန် ခက်ခဲသည်။ ခန့်မှန်းကာ တိုင်းတာချက်များအရ ၎င်း၏ မျက်နှာပြင်ဧရိယာသည် ၂၇၀၀ စတုရန်းကီလိုမီတာ (၁၀၄၀ စတုရန်းမိုင်) ရှိသည်။ ဤကန်သည် အာဖရိကတိုက်၏ ရှစ်ခုမြောက်အကြီးဆုံးကန် ဖြစ်သည်။[၃] ကန်၏ မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၆၀ မီတာ (၄၇၉၀ ပေ) တွင် တည်ရှိသည်။ ဤကန်သည် နှစ် ၁၀၀၀ ပြည့်သည့်အခါတိုင်း လင်းမနစ်ပေါက်ကွဲမှု (limnic eruption) တစ်ကြိမ် ဖြစ်ပေါ်သည်။[၂] ကန်၏ အမြင့်ဆုံးအနက်သည် ၄၇၅ မီတာ (၁၅၅၈ ပေ) ရှိသည်။ ၎င်း၏ ပျှမ်းမျှအနက်သည် ၂၂၀ မီတာ (၇၂၂ ပေ) ရှိသည်။ ဤကန်သည် ကမ္ဘာပေါ်ရှိ ကန်များတွင် အမြင့်ဆုံးအနက်အရ တစ်ဆယ့်ရှစ်ခုမြောက် အနက်ဆုံး ကန်ဖြစ်သည်။ ပျှမ်းမျှအနက်အရ ကိုးခုမြောက် အနက်ဆုံးကန် ဖြစ်သည်။[၂]

ကန်၏ ၁၃၇၀ စတုရန်းကီလိုမီတာ (၅၂၉ စတုရန်းမိုင်) သို့မဟုတ် ကန်ရေ၏ ၅၈ ရာခိုင်နှုန်းသည် ကွန်ဂိုနိုင်ငံ၏ နယ်နိမိတ်အတွင်းတွင် တည်ရှိသည်။ [၃]

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Kivu, lake, Congo and Rwanda Archived 2006-01-09 at the Wayback Machine., Columbia Encyclopedia, Sixth Edition. 2001-05.
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Scheffel၊ Richard L.; Wernet၊ Susan J., eds. (1980)။ Natural Wonders of the World။ United States of America: Reader's Digest Association, Inc။ pp. 206–207။ ISBN 978-0-89577-087-5
  3. ၃.၀ ၃.၁ ၃.၂ The Largest Lakes in Africa