စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရရှိသည်။ စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းဒါရုဆလင် နိုင်ငံတို့တွင် အင်ဂျင်နီယာအဖြစ်သွားရောက်လုပ်ကိုင်နေစဉ်ကပင် ဆောင်းပါးစာပေများစတင်ရေးသားခဲ့သည်။ စာရေးဆရာ မောင်ကိုကို (အမရပူရ) နှင့်အတူတူဟု ထင်မှတ်တတ်ခြင်းများရှိသော်လည်းမတူပေ။ ယခင် 7 Days News ဂျာနယ်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ယင်းဂျာနယ် အဖွဲ့ကွဲပြီးနောက် ရန်ကုန်မီဒီယာကို ထူထောင်ပြီး Flower News ဂျာနယ်ကို ထုတ်ဝေသည်။