ကုက္ကိုင်းဘုရားကျောင်း (တရုတ်: 福山寺; ပင်ယင်: Fúshān Sì; ပေဝေဂျီ: Hok-san-sī;)သည် ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိကာ မဟာယာနဗုဒ္ဓဘာသာကျောင်းတစ်ခုဖြစ်ပြီး ဖူးကျန့်ပြည်နယ်၊ အန်ရှီးစီရင်စုမှ မြန်မာပြည်သို့ ရောက်လာကြသော တရုတ်လူမျိုးများဖြစ်သည့် ဟုတ်ကင်းလူမျိုးများမှ ဆင်းသက်လာသူများက ၁၈၇၅ ခုနှစ် ဇန်နဝါရီလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၁][၂] ဘုရားကျောင်းကို ရန်ကုန်မြို့လယ်ရှိ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကွပ်ကဲသည်။ ကုက္ကိုင်းဘုရားကျောင်းသည် တရုတ်ဗုဒ္ဓရဟန်းတော် ချင်ရှီဇူရှိ(တရုတ်: 祖師公, also known as Chó·-su-kong)အား ရည်မှန်းကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဘုရားကျောင်းအား ပြန်လည်ထိန်းသိမ်းခဲ့သည်။ တရုတ်နှစ်သစ်ကူးနေ့နှင့် ချင်ရှီးဇူရှိ မွေးနေ့တွင် ဘုရားကျောင်းသည် ဘုရားရှိခိုးသူများစွာနှင့် စည်ကားလျက်ရှိသည်။ ဘုရားကျောင်းကို ထိန်းသိမ်းသူ မစ္စတာယန်က သူသည် ၁၉၆၀ ခုနှစ်တွင် ဘုရားကျောင်းအား ပြန်လည်ပြုပြင်ထိန်းသိမ်းရာ၌ ပါဝင်ခဲ့သူဖြစ်ပြီး ဘုရားကျောင်းအား စီမံအုပ်ချုပ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဟု ဆိုသည်။ ဘုရားကျောင်းဝန်းအတွင်းထဲတွင် စားသောက်ဆိုင်တစ်ခုနှင့် ဘတ်စကစ်ဘောကစားကွင်းတစ်ခု ပါဝင်သည်။ ထို့ပြင် ဘုရားကျောင်းဝင်ပေါက်ရှေ့ ညာဘက်တွင် ဘုရားကျောင်းအလယ်တွင် ရေပန်းတစ်ခုတည်ရှိသည်။ ထိုကြောင့် ဘုရားကျောင်းသည် ဝတ်ပြုရာနေရာတစ်ခုထက် တရုတ်ပန်းခြံတစ်ခုနှင့် ပိုတူနေသည်။ ဘုရားကျောင်းဝင်းထဲတွင် တရုတ်ကျောက်ဆစ်ရုပ်များ၊ တရုတ်ဗိသုကာဟန်များဖြင့် တန်ဆာဆင်ထားသည်။ တရုတ်ဟန် အဝိုင်းသဏ္ဌာန်ရှိ လသာဆောင်များပါဝင်ပြီး ကျောက်စားပွဲများ၊ ထိုင်ခုံအပုများဖြင့် တန်ဆာဆင်ထားသည်။ တခုသော လသာဆောင်၏ နံဘေး၌ တရုတ် ဆယ့်နှစ်ရာသီခွင်ရုပ်များရှိပြီး တရုတ်တံတားနှင့် မျှော်စင်ပုံ ပန်းချီကားအသေးစားလည်း ပါဝင်သည်။

ကုက္ကိုင်းဘုရားကျောင်း
Fushansi
Hok-san-sī
福山寺
ကုက္ကိုင်းဘုရားကျောင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကုက္ကိုင်းဘုရားကျောင်း
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့
ကိုဩဒိနိတ်16°49′30.73″N 96°9′15.64″E / 16.8252028°N 96.1543444°E / 16.8252028; 96.1543444ကိုဩဒိနိတ်: 16°49′30.73″N 96°9′15.64″E / 16.8252028°N 96.1543444°E / 16.8252028; 96.1543444
ဘာသာရေး နှီးနွယ်မှုမဟာယာန ဗုဒ္ဓဘာသာ
နတ်ဘုရားChó·-su-kong (ချင်ရှီ)
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
ပြီးစီးဇန်နဝါရီ ၁၈၇၅; ၁၄၉ နှစ် အကြာက (၁၈၇၅-၀၁)

ကိုးကား ပြင်ဆင်ရန်

  1. "The Chinese in Rangoon during the 18th and 19th Centuries" (1966). Essays Offered to G. H. Luce by His Colleagues and Friends in Honour of His Seventy-Fifth Birthday. Volume 1: Papers on Asian History, Religion, Languages, Literature, Music Folklore, and Anthropology 23: 107–111. Artibus Asiae Publishers. 
  2. Fushan Si