ကုသိုလ်ကမ္မပထ တရား ဆယ်ပါး

ကုသိုလ်ကမ္မပထ တရား ဆယ်ပါး

၁။ ဒါန - သဒ္ဒါကြည်ဖြူပေးလှူရခြင်း။(နှမြောတွန့်တိုမှုမရှိခြင်း)

၂။ သီလ - ကာယ၊ဝစီ ထိုနှစ်လီသော ဒုစရိုက်ကို မလိုက် ပယ်ကြင်ရခြင်း။ (စောင့်ထိမ်းနိုင်မှု)

၃။ ဘာဝနာ - သမထ၊ဝိပဿနာထိုနှစ်ဖြာကို လေ့လာ ပွားများရခြင်း။ (သတိရှိမှုနှင့်ပွားများနိုင်မှု)

၄။ အပစာယန - ရတနာသုံးပါး ဆရာသမား မိဘ စသောသူများကို ရိုသေရခြင်း။ (အတ္တထောင်လွှားမှုကင်းခြင်း)

၅။ ဝေယျာဝစ္စ - ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကို သယ်ပိုးဆောင်ရွက်ရခြင်း။ (မာနကင်းသော လုပ်ငန်းဆောင်တာ)

၆။ ပတ္တိ ဒါန - မိမိပြုထားသော ကောင်းမှုအစုစုကို အမျှပေးဝေ မျှဝေ ခံစားစေခြင်း။ (ဝန်တိုကင်းသော ပေးကမ်းစွန့်ကြဲမှု)

၇။ ပတ္တနုမောဒန - သူတပါးပြုသော မြတ်ကောင်းမှုကို သာဓုခေါ် ကောင်းချီးပေး ဝမ်းမြောက် ရခြင်း။ (မနာလိုရှင်းသောဝမ်းမြောက်မှု)

၈။ ဓမ္မသာဝန - ဘုရားစကား မြတ်တရားကို နာကြားဆည်းပူးအပ်ခြင်း။ (ပညာလေ့လာဆည်းပူးလိုစိတ်)

၉။ ဓမ္မဒေသနာ - ဘုရားစကား မြတ်တရားကို ဟောကြား ပွားများအပ်ခြင်း။ (ပညာပြန်ပွားစေလိုစိတ်)

၁၀။ ဒိဋ္ဌိဇုကမ္မ - နိဗ္ဗာန်ရောက်ကြောင်း ကောင်းသော အယူ ကို ဖြောင့်မတ်စွာ ယူခြင်း။ (ရိုးရှင်းသောခံယူချက်)