ဦးကျော်ဒင် (၁၉၀၀-?) သည် မြန်မာလူမျိုး အပျော်တန်းဘောလုံးနည်းပြ ဖြစ်သည်။ [၁]

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

၁၉၀၀ ပြည့် ဇွန်လတွင် မွေးသည်။ ၁၉၂၀ ဝန်းကျင်တွင် ဂျပန်သို့ ပညာတော်သင်သွားရာ ၁၉၂၄ ခုတွင် မြန်မာသို့ ပြန်လာခဲ့သည်။

နည်းပြအလုပ် ပြင်ဆင်ရန်

ဂျပန်သို့ ပညာတော်သင်ရောက်စဉ် တိုကျိုတန်းမြင့်ကျောင်း၏ တွဲဘက်ကျောင်းဖြစ်သော တိုကျိုအငယ်တန်း တန်းမြင့်ကျောင်းတွင် တုတ်ထောက်ခုန်ကစားသမားဟောင်း ကျော်ဒင်က ဘောလုံးနည်းပြ လုပ်သည်။ ရှီဂျီယိုရှီ ဆူဇူကီ (鈴木 重義) ၏ ပန်ကြားချက်အရ ဝါဆီဒါအထက်တန်းကျောင်းသို့ ပြောင်း၍ နည်းပြလုပ်သည်။ ဆူဇူကီက လက်ထောက်နည်းပြအဖြစ် တာဝန်ယူသည်။ သို့သော် ကျောင်းတက်သည်က ရှိနေသဖြင့် ကြပ်ကြပ်မတ်မတ် နည်းပြနိုင်သည်တော့ မဟုတ်။ ၁၉၂၃ ခုတွင် တိုကျိုနည်းပညာတန်းမြင့်ကျောင်းမှာ နာမည်ကျော် ကန်တိုငလျင်ဒဏ် ခံရပြီး စာမသင်နိုင်တော့။ ထိုကာလရောက်မှသာ နိုင်ငံအနှံ့ ဘောလုံးနည်းစနစ် ဖြန့်ဝေခြင်း လုပ်သည်။ ဝါဆီဒါကျောင်းသည် နိုင်ငံလုံးဆိုင်ရာ အထက်တန်းကျောင်းများ ဖိတ်ခေါ်ပြိုင်ပွဲ (All-Japan High School Football Tournament) တွင် ၁၉၂၃-၂၄ နှစ်နှစ်ဆက် ဖလားရခဲ့သည်။

၁၉၂၃ ခု ဩဂုတ်လတွင် အဖွဲ့လိုက်ဘောလုံး ဘယ်လိုကစားတယ် စာအုပ်ကို တပည့်အချို့ဖြင့်ပေါင်းကာ အင်္ဂလိပ်-ဂျပန် နှစ်ဘာသာနှင့် ထုတ်ဝေသည်။ ဂျပန်နိုင်ငံ၌ ဘောလုံးနည်းစနစ်အကြောင်းကို သဘောတရား၊ နည်းစနစ်နှင့် ရှင်းပြသည့် ပထမဆုံးစာအုပ် ဖြစ်သည်။ သရုပ်ဖော်ပုံများကိုလည်း ထည့်သွင်းထားသည်။

ရေးသားခဲ့ စာအုပ် ပြင်ဆင်ရန်

  • အဖွဲ့လိုက်ဘောလုံး ဘယ်လိုကစားတယ် (How to Play Association Football)

ဘွဲ့ထူးဂုဏ်ထူးများ ပြင်ဆင်ရန်

၂၀၀၇ ခုတွင် ဂျပန်ဘောလုံးဆိုင်ရာ ဂုဏ်ပြုခန်းမတွင် ဖော်ပြခံရသည်။

ကိုးကား ပြင်ဆင်ရန်

  1. Kyaw Din, Archived 25 May 2020 at the Wayback Machine. Japan Soccer Archive.