ကျော်ရဲအောင်သည် မြန်မာ့ရုပ်ရှင်လောကတွင် အောင်မြင်ကျော်ကြားသော သရုပ်ဆောင် မင်းသားတစ်ဦး ဖြစ်သည်။ ကျော်ရဲအောင်ကို ၁၉၆၆-ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့၌ အဖ ဦးမြင့်အောင်နှင့် အမိဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကိုကိုနိုင် ဖြစ်သည်။

၀ဇီရာရုပ်ရှင်တွင် ဖွင့်လှစ်သည့် ဒါရိုက်တာ ဘိုကလေးတင့်အောင် ဦးစီးသော ပြဇာတ်သင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။ လက်ဦးဆရာမှာ ဒါရိုက်တာ ကြည်စိုးထွန်း ဖြစ်သည်။ ၁၉၉၀-ခုနှစ်တွင် ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင် ရိုက်ကူးသော တို့ကပိုချစ်တယ် ဇာတ်ကားတွင် စိုးမြတ်သူဇာနှင့် တွဲဖက်၍ ပထမဆုံးခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သည်။ ကြော်ငြာကဏ္ဍတွင် လှကလေးစိန်ထိုးမုန့် ကြော်ငြာဖြစ်သည်။ ၁၉၉၆-ခုနှစ်တွင် သားသမီးဇနီးကြင်ယာ ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၀၇-ခုနှစ်တွင် ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားဖြင့်လည်းကောင်း အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည်။ ကျော်ရဲအောင်သည် ၁၉၉၃ ခုနှစ်တွင် မဆုမွန်နှင့် အိမ်ထောင်ကျပြီး သား ထူးမြတ်ကျော်ရဲအောင်နှင့် သမီး မှုံနံ့သာကျော်ရဲအောင် ဟူသော သားသမီးနှစ်ဦး ထွန်းကားသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ