ကျွန်စနစ် (အင်္ဂလိပ်: slavery) ဆိုသည်မှာ လူအချင်းချင်း ပိုင်ဆိုင်၊ ဝယ်ယူ၊ ရောင်းချခွင့်ပြုသော ပိုင်ဆိုင်မှုဥပဒေ ပြဋ္ဌာန်းထားသည့် စနစ်တစ်ရပ် ဖြစ်သည်။[၁]

ကျွန်တစ်ဦးအနေဖြင့် ယင်းသဘောတူညီမှုမှ တဖက်သက် နုတ်ထွက်၍မရသည့်အပြင် တန်ကြေးမရဘဲ အလုပ်လုပ်ကိုင်ရသည်။ ဤသို့ တရားဝင်ခွင့်ပြုထားသောစနစ်ကို ပညာရှင်များစွာက ရှက်တဲလ်ကျွန်စနစ်ဟု သုံးနှုန်းသည်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပါက လူတစ်ဦးအနေဖြင့် ကိုယ်ပိုင်ဆန္ဒမပါဘဲ အတင်းအကျပ် အလုပ်စေခိုင်းခံရသည့် အခြေအနေတိုင်းကို ကျွန်ပြုခြင်းဟု ညွှန်းနိုင်သည်။ နှောင်ဖွဲ့ခံလုပ်သား သို့မဟုတ် အတင်းအကျပ်ပြုခံ လုပ်သားဟူသော ယေဘုယျအသုံးအနှုန်းများကို ပညာရှင်များက သုံးစွဲလေ့ရှိသည်။[၂] သို့သော် ကျယ်ပြန့်သောအဓိပ္ပာယ်ရှိသည့် ကျွန်ပြုခြင်းသဘော၌ ကျွန်များတွင် ဥပဒေ သို့မဟုတ် ထုံးတမ်းနှင့်အညီ အချို့အခွင့်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုရနိုင်သည်။

သမိုင်းဦးလူ့ယဉ်ကျေးမှုအစကို နောက်ကြောင်းပြန်ကြည့်ပါက ယဉ်ကျေးမှုပုံစံအမျိုးမျိုး၌ ကျွန်စနစ် တည်ရှိခဲ့သည်။[၃] လူတစ်ဦးအနေဖြင့် မွေးဖွားသည့်အချိန်၊ အဖမ်းခံရသည့် သို့မဟုတ် ရောင်းချခံရသည့် အချိန်မှစ၍ ကျွန်ဇာတ်သွင်း ခံရနိုင်သည်။

အတိတ်ကာလများက လူမှုအသိုင်းအဝိုင်းများစွာတွင် ကျွန်စနစ်သည် တရားဥပဒေနှင့် ညီသော်လည်း ယခုအခါ အသိအမှတ်ပြုနိုင်ငံများ၌ တရားမဝင်သတ်မှတ်ထားသည်။[၄][၅] ကျွန်စနစ်ကို ၂၀၀၇ ခုနှစ်၌ ဖျက်သိမ်းသည့် နောက်ဆုံးနိုင်ငံ မှာ မောရစ်ရှနိုင်ငံဖြစ်သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာတစ်ဝန်း၌ ခေတ်သစ်ကျွန်ပြုခြင်းပုံစံအချို့နှင့် ရင်ဆိုင်နေရသူ လူဦးရေ သန်း ၄၀ ကျော်ရှိသည်။[၆] အတွေ့ရများသော ခေတ်သစ်ကျွန်ပြုသည့် ပုံစံမှာ လူကုန်ကူးခြင်းဖြစ်သည်။[၂] အခြားနယ်မြေများ တွင် ယနေ့ခေတ် အတွေ့ရအများဆုံးပုံစံဖြစ်သည့် ကြွေးဖြင့်တုပ်နှောင်ခြင်း၊ ကံကြွေးချခြင်း၊ အိမ်တွင်းအကျဉ်းကျခံ အစေခံပြုခြင်း စသည်များအပြင် ကလေးသူငယ်များအပေါ်ကျင့်သုံးသည့် အဓမ္မလုပ်အားပေးစေခြင်းကလေးစစ်သား နှင့် အတင်းအကျပ်အိမ်ထောင်ပြုပေးခြင်း စသကဲ့သို့ ကျင့်သုံးမှုများမှတဆင့် ကျွန်ပြုခြင်း (သို့မဟုတ် နှောင်ဖွဲ့ခံလုပ်သား) ဆက်လက်တည်ရှိနေဆဲဖြစ်သည်။[၇]


ကိုးကား ပြင်ဆင်ရန်

  1. Brace၊ Laura (2004)။ The Politics of Property: Labour, Freedom and Belonging။ Edinburgh University Press။ pp. 162–။ ISBN 978-0-7486-1535-3May 31, 2012 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ Slavery in the 21st century။ Newint.org။ May 27, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 29, 2010 တွင် ပြန်စစ်ပြီး။
  3. Historical survey: Slave-owning societies။ February 23, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Kevin Bales (2004)။ New Slavery: A Reference Handbook။ ABC-CLIO။ p. 4။ ISBN 978-1-85109-815-6February 11, 2016 တွင် ပြန်စစ်ပြီး
  5. White, Shelley K.; Jonathan M. White; Kathleen Odell Korgen (2014)။ Sociologists in Action on Inequalities: Race, Class, Gender, and Sexuality။ Sage။ p. 43။ ISBN 978-1-4833-1147-0
  6. Findings Global Slavery Index 2016 (2016)။ 2 February 2018 တွင် ပြန်စစ်ပြီး။
  7. Religion & Ethics – Modern slavery: Modern forms of slavery။ BBC (January 30, 2007)။ June 16, 2009 တွင် ပြန်စစ်ပြီး။