ကျွဲကျောင်းမင်သေ

အပင်မျိုးစိတ်
Euphorbia hirta
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Euphorbiaceae
မျိုးဇာတ်သေး: Euphorbiinae
မျိုးစု: Euphorbia
မျိုးစိတ်:
E. hirta
ဒွိနာမ
Euphorbia hirta
Synonyms[၂]
  • Chamaesyce gemella (Lag.) Small
  • Chamaesyce hirta (L.) Millsp.
  • Chamaesyce karwinskyi (Boiss.) Millsp.
  • Chamaesyce rosei Millsp.
  • Desmonema hirta (L.) Raf.
  • Euphorbia bancana Miq.
  • Euphorbia capitata Lam.
  • Euphorbia chrysochaeta W.Fitzg.
  • Euphorbia gemella Lag.
  • Euphorbia globulifera Kunth
  • Euphorbia karwinskyi Boiss.
  • Euphorbia nodiflora Steud.
  • Euphorbia obliterata Jacq.
  • Euphorbia verticillata Vell.

ကျွဲကျောင်းမင်သေ သည် ပင်ပျောပင်ငယ်တစ်မျိုးဖြစ်၍ ၃ပေခန့်အထိ မြင့်၏။ အပင်တွင် အမွေးများရှိသည်။ အကိုင်းအခက် များနီကြောင်ကြောင် အရောင်ရှိပြီး ထောင်မတ်၍ ဖြာသည်။ ယင်းအကိုင်းအခက်တို့မှ အစေးများ ထွက်သည်။ အရွက်သည် ရွက်ဆိုင်ထွက်၏။ အနည်းငယ် ရွဲ့စောင်းနေသော ရှည်မျောမျော ဘဲဥပုံသဏ္ဌာန် ရှိ၍ ရွက်ထိပ်ချွန်သည်။ အလျား ၁ လက်မခန့် ရှည်၏ ။ ရွက်နားခွေးသွားစိပ်ရှိ၍ ရွက်ကြော ထင်ရှားသည်။ အပွင့်မှာ ကြားထွက်ပန်းခိုင်ဖြစ်၍ ပန်းခိုင်၏ ထိပ်ဘက်၌ သေးငယ်သော အပွင့်ကလေးများ အဆုပ်လိုက်ပွင့်၏။ အသီးသည် ပြောင်းစေ့နှင့် သဏ္ဌာန်တူသည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ မိုးရာသီ၌ သဘာဝအလျောက် အလေ့ကျပေါက်ရောက်သည်။

အသုံးပြုခြင်း ပြင်ဆင်ရန်

ပဉ္စငါးပါး နှင့် အစေး ကို အသုံးပြုကြသည်။ ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို သောက်လျှင် သွေးအန်ရောဂါ ၊ ဝက်သက် ရောဂါ နှင့် ရင်ဘတ်အောင့်ခြင်း ပျောက်၏။ ပြုတ်၍ သောက်လျှင် ပန်းနာ၊ ရှိုက်နာ၊ ပြွန်ချောင်းများရောင်တင်းသော ရောဂါပျောက်၏။ ကလေးများ အတွက်မူ ချောင်းဆိုးရောဂါ၌ သုံးရသည်။ ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ပွေး၊ ဝဲ ၊ ယားနာ ၊ အရေပြားရောဂါတို့၌ သုတ်လိမ်း ပေးလျှင် ပျောက်၏။ [၃]

အာနိသင် ပြင်ဆင်ရန်

မြန်မာဆေးကျမ်းများ အလိုအရ အစေးသည် ချို၏ ၊ စပ်၏ ၊ ငန်၏ ၊ ပူသောသတ္တိရှိ၏၊ သုက်ကိုပွားစေ၏ ၊ ကိုယ်ဝန်ကို တည်စေတတ်၏ ၊နှာစေး ၊ချောင်းဆိုး ၊ အအေးပပ် ၊အပူဝင်၊ အပူငုပ်တို့၌ အကျိုးပြု၏။ အရွက်သည် ချို၏ ၊ ဖန်၏ ၊ အပူကို နိုင်၏ ၊ အပင်ကြိတ်၍ ရသော အရည်သည် နှလုံးနှင့် အသက်ရှူလမ်းကြောင်း တစ်လျှောက် အတွက် လွန်စွာအကျိုးပြု၏ ။

ကိုးကား ပြင်ဆင်ရန်

  1. ကျွဲကျောင်းမင်သေ (Euphorbia hirta)World Checklist of Selected Plant Families (WCSP)Royal Botanic Gardens, Kew။ 20 July 2019 တွင် ပြန်စစ်ပြီး။
  2. Euphorbia hirta L.Plants of the World Online။ Royal Botanic Gardens, Kew။ 2019-07-20 တွင် ပြန်စစ်ပြီး။
  3. http://arogyamonline.com/commodity/materials/?raw=30[လင့်ခ်သေ]