ကွန်ပျူတာတက္ကသိုလ်(မအူပင်)
ကွန်ပျူတာတက္ကသိုလ်(မအူပင်)သည် ရန်ကုန်မြို့အနောက်ဘက်ကီလိုမီတာ ၁၀၀ ခန့်တွင်ရှိသော မအူပင်မြို့နယ်တွင်တည်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကွန်ပျူတာတက္ကသိုလ်သုံးခုအနက် တစ်ခုဖြစ်သည်။ တက္ကသိုလ်သည် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို ပေးအပ်သည်။ တက္ကသိုလ်၏ကျောင်းဝင်းသည် ၄၂.၅၅၂ ဧကအထိကျယ်ပြန့်သည်။ [၁]
ကွန်ပျူတာတက္ကသိုလ်(မအူပင်) | |
မြန်မှန်တွက်ချက်တိုင်းပြည်တွက် | |
ကွန်ပျူတာတက္ကသိုလ်(မအူပင်) | |
| |
တည်ထောင်ခုနှစ် | ၂၀၀၃ |
ပါမောက္ခချုပ် | ဒေါက်တာသန္တာသိန်း |
အမျိုးအစား | အမျိုးသားတက္ကသိုလ် |
အကျယ်အဝန်း | ၄၂.၅၅၂ ဧက |
အထိမ်းအမှတ်အရောင် | စိမ်းပြာရောင် |
ဆက်သွယ်ရန် | စိမ်းမြကန်သာလမ်း |
ဝဘ်ဆိုတ် | ucsmub.edu.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်အစိုးရကွန်ပျူတာကောလိပ်(မအူပင်)ကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်)အဖြစ် ပြောင်းလဲခဲ့သည်။
ပေးအပ်သော ဘွဲ့များ
ပြင်ဆင်ရန်စဉ် | ဘွဲ့အမည် | ဘွဲ့အမျိုးအစား | သင်တန်းကာလ |
---|---|---|---|
၁ | ရိုးရိုးဘွဲ့ | B.C.Sc | ၅ နှစ် |
၂ | ရိုးရိုးဘွဲ့ | B.C.Tech | ၅ နှစ် |
၃ | ဘွဲ့လွန်ဒီပလိုမာသင်တန်း | D.C.Sc | ၁ နှစ် |
ဌာန
ပြင်ဆင်ရန်ပညာရေးဆိုင်ရာဌာနများ
ပြင်ဆင်ရန်- ကွန်ပျူတာသိပ္ပံဌာန
- သတင်းအချက်အလက်သိပ္ပံဌာန
- ကွန်ပျူတာဌာန
- ကွန်ပျူတာစနစ်နှင့်နည်းပညာဌာန
- သဘာဝသိပ္ပံဌာန
- ဘာသာစကားများဌာန
- မြန်မာနိုင်ငံဌာန
- အင်္ဂလိပ်ဌာန
- သတင်းအချက်အလက်နည်းပညာထောက်ပံ့ခြင်းနှင့်ထိန်းသိမ်းခြင်းဌာန
- အသုံးချဌာန
စီမံခန့်ခွဲမှုဌာနများ
ပြင်ဆင်ရန်- ဝန်ထမ်းရေးရာဌာန
- ကျောင်းသားရေးရာဌာန
- ငွေစာရင်းဌာန
- နယ်မြေဌာန
ပါမောက္ခချုပ်များ / ကျောင်းအုပ်ကြီးများ
ပြင်ဆင်ရန်စဉ် | နာမည် | အခန်းကဏ္ဍ | တာဝန်ထမ်းဆောင်ခဲ့သောနှစ် |
---|---|---|---|
၁ | ဒေါ်မိုးမိုးဝင်း | ကျောင်းအုပ်ကြီး | |
၂ | ဒေါ်တာတာခင် | ကျောင်းအုပ်ကြီး | |
၃ | ဒေါက်တာမီမီစုသွင် | ကျောင်းအုပ်ကြီး | |
၄ | ဒေါက်တာသင်းသင်းထိုက် | ကျောင်းအုပ်ကြီး | |
၅ | ဒေါက်တာလှမြတ်ကောင်း | ကျောင်းအုပ်ကြီး | |
၆ | ဒေါက်တာနှင်းမင်းဦး | ကျောင်းအုပ်ကြီး | |
၇ | ဒေါက်တာသဲနုဖြူ | ကျောင်းအုပ်ကြီး | |
၈ | ဒေါက်တာခိုင်ခိုင်ဦး | ကျောင်းအုပ်ကြီး | |
၉ | ဒေါက်တာသန္တာသိန်း | ပါမောက္ခချုပ် |
ပညာရေးဆိုင်ရာဆက်နွယ်မှု
ပြင်ဆင်ရန်၂၀၁၉ ခုနှစ်တွင် MikroTik ပညာရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ရန် MikroTik အကယ်ဒမီနှင့်အတူ ပူးပေါင်းခဲ့သည်။[၄]
အဖွဲ့အစည်းများ
ပြင်ဆင်ရန်ကျောင်းသားများသမဂ္ဂ
ပြင်ဆင်ရန်၂၀၁၉ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂကို တရားဝင်တည်ထောင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်) ကျောင်းသားများသမဂ္ဂ ဟုခေါ်သည်။
ကျောင်းသားအစည်းအရုံးများ / ကလပ်များ
ပြင်ဆင်ရန်၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်းတွင် ပါမောက္ခများနှင့်ဆရာများ၏ပံ့ပိုးမှုဖြင့် အိုင်တီကလပ်ကို တည်ထောင်ခဲ့ပြီး တက္ကသိုလ်၏ပါမောက္ခချုပ်မှ အသိအမှတ်ပြုခဲ့သည်။ ၎င်းကို အိုင်တီကလပ် ကွန်ပျူတာတက္ကသိုလ်(မအူပင်) အဖြစ်လူသိများသည်။[၅]
Music Club၊ Dance Club, Handmade Club, E-Sport Club တို့ကို ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကလပ်များ အဖြစ်တည်ထောင်ပေးထားသည်။
ထုတ်ကုန်ပြပွဲ
ပြင်ဆင်ရန်၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တက္ကသိုလ်၏ထုတ်ကုန်ပြပွဲကို ကျင်းပခဲ့သည်။ [၆] ကျောင်းသားများသည် ထုတ်ကုန် ၄၁ ခုကို ပြသခဲ့သည်။ ထုတ်ကုန်ပြပွဲတွင် Information System of Private Hospital [၇], Trip Advisor နှင့် Garden System တို့သည် ပထမ၊ ဒုတိယနှင့်တတိယဆုအသီးသီးရရှိခဲ့ကြသည်။ Smart Restaurant [၈], APineKine နှင့် Smart Township System[၉] တို့သည်နှစ်သိမ့်မှုဆုများရရှိခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ BackGround History » Computer University (Maubin) (in en-US)။
- ↑ University Information။ 8 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ "Faculty – University of Computer Studies (Maubin) Archived 5 June 2019 at the Wayback Machine.". Retrieved 2020-04-27.
- ↑ "Mikrotik Academy – University of Computer Studies (Maubin) Archived 5 June 2019 at the Wayback Machine.". Retrieved 2020-04-27.
- ↑ Internally retrieved from the University's notice board. announced in December 2017.
- ↑ Product Show – University of Computer Studies (Maubin)။ Apr 27၊ 2020 တွင် ပြန်စစ်ပြီး။
- ↑ “ပွဲရက်နီးလာတဲ့တစ်လလောက်မှာ တစ်ညကို ၄ နာရီလောက်ပဲ အိပ်ရတော့တယ်” (in en)။
- ↑ Smart Restaurant စနစ်ရေးဆွဲသူ ကွန်ပျူတာတက္ကသိုလ် (မအူပင်) ကျောင်းသားများနှင့် တွေ့ဆုံခြင်း (in en)။
- ↑ Smart Township ပရောဂျက် ဖန်တီးသူများနှင့်တွေ့ဆုံခြင်း (in en)။