ခင်မောင်ချင်းသည် အရာရှိဘဝမှ မြန်မာ့ရုပ်ရှင် လောကသို့ ကူးပြောင်းလာသော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ဇာတ်သဘင်လောကတွင်လည်း ပုလဲအရောင်မမှိန် ဇာတ်ကို တည်ထောင်သူဖြစ်သည့် ဇာတ်မင်းသားလည်း ဖြစ်သည်။ ၁၉၄၄−ခု၊ ဇန္နဝါရီလ (၂၄)ရက်နေ့တွင် အဖ ဦးထွန်းရွှေနှင့် အမိဒေါ်ချစ်တို့မှ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် သာထွန်းရွာတွင် မွေးဖွားသည်။ အမည်ရင်းမှာ ခင်မောင်ချင်းပင် ဖြစ်သည်။

၁၉၆၈-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သိပ္ပံ(ဓာတုဗေဒ)ဘွဲ့ ရရှိခဲ့သည်။ ရုပ်ရှင်လောကထဲသို့ မရောက်မီ ၁၉၆၉ မှ ၁၉၇၂-ခုထိ သန်လျင် ရေနံချက် စက်ရုံတွင် ရေနံအရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် မိစမ်း ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ဝင်ရောက် လာခဲ့သည်။ စံပယ်မွှေးမွှေး အထွေးဖို့ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်ပုလဲအရောင်မမှိန် ဇာတ်ကားတို့သည် လူကြိုက်များသော ဇာတ်ကားများ ဖြစ်သည်။ ကျော်ဟိန်းခေတ်ကောင်းချိန်တွင် ကျော်ဟိန်းနှင့် တူသော ဓာတုဗေဒမင်းသားဟု ဆိုကြသည်။ ကာတွန်းမြင့်သိန်းစံရွှေမြင့် ဇာတ်ကောင်အနေဖြင့် လူသိများပြီး ပုလဲအရောင်မမှိန် ဇာတ်ကားဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။ ခေါင်းဆောင် မင်းသားအနေဖြင့် ရုပ်ရှင်ကားပေါင်း ၂၇-ကား ရိုက်ကူးခဲ့ပြီး ဇာတ်သဘင်ဘက်သို့ ကူးပြောင်းသွားသည်။

ပုလဲအရောင်မမှိန် ဇာတ်သဘင်ကို လူပေါင်း နှစ်ရာကျော်ဖြင့် ဖွဲ့စည်းထူထောင်ကာ ကပြခဲ့သည်။ ဝေဒပညာလည်း ဝါသနာပါသူဖြစ်ပြီး ဆရာကြီး မင်းသိင်္ခ၏ ဗေဒင်သင်တန်းကို ဝေဒပညာရပ်နှင့် ငါးဘာသာ ဂုဏ်ထူးရရှိခဲ့သူဖြစ်သည်။ မြန်မာ့ရုပ်ရှင် အစည်းအရုံးတွင် အမှုဆောင်အဖြစ် တာဝန်ယူကာ ဗေဒင်ဟောခန်း ဖွင့်၍ ဟောပြောလျက် ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ