ခင်ရွှေ (ဘီအေ၊ ဘီအီးဒီ)

(ခင်ရွှေ (ဘီအေ၊ ဘီးအီးဒီ) မှ ပြန်ညွှန်းထားသည်)
ဒေါ်ခင်ရွှေ (ဘီအေ၊ ဘီးအီးဒီ)
[[Image:|200px]]
၈၂ နှစ်
မွေးသက္ကရာဇ် ၂ ဩဂုတ် ၁၉၁၂
အမည်ရင်း ဒေါ်ခင်ရွှေ
မိဘအမည် ဦးမောင်လေး + ဒေါ်ဒေါ်ညွန့်
မွေးဖွားရာဒေသ နတ်တလင်းမြို့ပဲခူးတိုင်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဘီအေ၊ ဘီးအီးဒီ
အလုပ်အကိုင် ပညာရေးအရာရှိ
ကြင်ဖော် ဦးတင်ထွဋ်၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
သားသမီး ဒေါက်တာသိန်းထွဋ်၊ ဒေါက်တာကျော်ကျော်ထွဋ်၊ ဗိုလ်ကြီးမျိုးမြင့်ထွဋ်၊ ဒေါက်တာအောင်မြတ်ထွဋ်၊ ဒေါက်တာခင်နွဲ့ရည်ထွဋ်
ထင်ပေါ်ကျော်ကြားမှု ဗုဒ္ဓဘာသာ ကလျာဏယုဝတီအသင်း အတွင်းရေးမှူး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၆ အောက်တိုဘာ ၁၉၉၄
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ခင်ရွှေ၊ ဒေါ်(ဘီအေ၊ ဘီးအီးဒီ) ပြင်ဆင်ရန်

ဒေါ်ခင်ရွှေသည် နတ်တလင်းမြို့သမဝါယမအရာရှိ ဦးမောင် လေးနှင့် ဒေါ်ဒေါ်ညွှန့်တို့မှ ၁၉၁၂ ခု၊ ဩဂုတ်လ ၂ ရက်နေ့၌ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးမောင်လေး တည်ထောင် ခဲ့သော နတ်တလင်းမြို့ အစိုးရမူလတန်းကျောင်းတွင် ၄ နှစ် အရွယ်ကစ၍ ပညာသင်ကြား ခဲ့သည်။ ကျောင်းဝင်နံပါတ်မှာ ၂၁ ဖြစ်သည်။ ထိုကျောင်းသည် အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်လာ ချိန်၌ ဒေါ်ခင်ရွှေသည် အစိုးရစစ်ခုနှစ်တန်းကို ပထမအဆင့်ဖြင့်အောင်မြင်ခဲ့သည်။

ထိုနောက် ရေကျော်မက်သဒစ် ကျောင်းသို့ ပြောင်းလာ ကာ ဆယ်တန်းစာမေးပွဲ၌ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂဲဩ မေတြီဘာသာရပ်များ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ ယူနီဘာ စီတီမှ ဘီအေနှင့်ဘီအီး ဒီဘွဲ့ကိုပါ ဆွတ်ခူးခဲ့သည်။ ဒေါ်ခင်ရွှေ သည် ကျောင်းဘာသာရပ်များအပြင် ပရိယတ္တိ စာမေးပွဲများကို လည်း ငယ်စဉ်ကပင်ဝင်ရောက်ဖြေဆိုခဲ့ရာ သံခိပ်ပြိုင်ပွဲများ၌ ဆုစာအုပ်များချီးမြှင့်ခြင်းခံခဲ့ရသည်။ ကျောင်းကပွဲ ရန်ပုံငွေရှာပွဲ များ၌လည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သည်။

အမျိုးသားဆရာဖြစ်သင်ကျောင်း၌ ကထိကအဖြစ်သင်ရိုး ညွန်းတန်း သင်ကြားနည်းများနှင့် သင်္ချာ ဘာသာရပ်ကို ပို့ချခဲ့ သည်။ ဆရာဖြစ်သင်ကောလိပ်တွင် ဂဏန်းသင်္ချာနည်းပြနှင့် ကထိကဖြစ်ခဲ့သည်။

စစ်မဖြစ်မီကပင် ရန်ကုန်မြို့မြူနီစပယ်တွင် တွဲဖက် ပညာရေးအရာရှိမှ ပညာရေးအရာရှိအဖြစ် တိုးမြှင့်ခံခဲ့ရသည်။ စစ်ဖြစ်ခါနီး၌ (ဗ၏R၏P) လေကြောင်းကာကွယ်ရေးအဖွဲ့ အမျိုးသမီးဌာနစိတ်၌ ဒေါ်မြစိန် အမ်အေက ဥက္ကဋ္ဌ၊ ဒေါ်ခင်ရွှေ က အတွင်းရေးမှူးနှင့်ငွေထိန်းအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ ရသည်။

စစ်အတွင်း၌နတ်တလင်းမြို့ရပ်ရွာ၏ တာဝန်ပေးချက် အရ အလယ်တန်းကျောင်းကို အထက်တန်းအဖြစ် တိုးမြှင့်ကာ ဒေါ်ခင်ရွှေအား ကျောင်းအုပ်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံ ရသည်။ ဖဆပလအဖွဲ့ဝင်၊ အာရှလူငယ်အမျိုးသမီးဌာနမှူး အနေနှင့် ဂျပန်စာသင်ခြင်း၊အာရှလူငယ်ရန်ပုံငွေရှာခြင်းများ ပြုလုပ်ခဲ့သည်။

စစ်ပြီးသည့်အခါ ၁၉၄၆ မှ ၁၉၅၄ အထိ မူလရာထူး ကို ဆက်လက်လက်ခံပြီး လက်ထောက်ပညာ ရေးအရာရှိထူးကိုရ ခဲ့သည်။ ၁၉၅၄ မှ ၁၉၅၉ အထိ ပညာရေးအရာရှိ တိုးမြှင့်ခံရ သည်။ ပညာရေးဘုတ်အဖွဲ့ ကိုဖျက်သိမ်း၍ မြူနီစပယ်ကျောင်း များ၊ အစိုးရကျောင်းအဖြစ် ပြောင်းလဲသွားသည့်အခါ မြူနီစပယ် တွင်ကျန်ရစ်ပြီး ဒုအတွင်းရေးမှူးဟု အထူးခန့်ထားခြင်းခံရလေ သည်။ ၁၉၅၉ မှ ၁၉၆၇ အထိ ဖြစ်သည်။

ဒေါ်ခင်ရွှေသည် လူမှုဝန်ထမ်းစိတ်ထက်သန်သော ပုဂ္ဂိုလ်ဖြစ်သည်။ ၁၉၃၆ ခုနှစ် မြို့မကျောင်းရန်ပုံ ငွေအတွက် ဂျူဗလီဟောရုံတွင် ကပွဲများကျင်းပသည့်အခါ ဘွဲ့ရအမျိုးသမီး ကြီးများ ပါဝင်သရုပ်ဆောင် ကပြသော ပေဖူးလွှာအခန်း၌ ဒေါ်မမခင်က သတင်းစာအယ်ဒီတာအဖြစ်လည်းကောင်း၊ ဒေါ်ခင်ရွှေက ဆောင်းပါးရှင် အဖြစ်လည်းကောင်း၊ ဘိလပ် ပြန်သန်း ဒေါ်ရာသန်းအေးက လှိုင်ထိပ်ခေါင်တင် အဖြစ် လည်းကောင်း၊ ဒါရိုက်တာ ဆရာခန့်၊ ရွှေပြည်အေးနှင့် ဆရာရွှေတိုင်ညွန့်တို့စီစဉ်သော တေးသရုပ်ဖော်အခန်းများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

ကောလိပ်ကျောင်းသူအနေနှင့်လည်း၊ ဗုဒ္ဓဘာသာ အသင်း၊ နေ့ကျောင်းသူများအသင်း၊ တက္ကသိုလ် ဓမ္မာရုံရန်ပုံငွေ ရှာဖွေရေးများ၌ အားသွန်ခွန်စိုက်ပါဝင်လှုပ်ရှားခဲ့သည်။ ဆရာ အဖြစ်သင် ကောလိပ်၌ ယိမ်းများစီစဉ်ပေးခဲ့သည်။

၁၉၅၇ တွင် ငှက်ပြာကင်းထောက် အမျိုးသမီးငယ်လေး များ၏ခေါင်းဆောင်အဖြစ်နှင့် လူငယ်လေးများကို စုစည်းလမ်းပြ ပေးခဲ့သည်။ ငှက်ပြာလေးများ၏ မင်းကြီးအမည်ကိုခံယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတကာကင်းထောက် အမျိုးသမီးကွန်ဖရင့် ကျင်းပရာ နယူးဒေလီမြို့သို့ အခြားကိုယ်စားလှယ် လေးဦးနှင့် အတူတက်ရောက်ခဲ့သည်။

၁၉၅၁ ခုကစ၍ တည်ထောင်ခဲ့သော [[ဗုဒ္ဓဘာသာ ကလျာဏယုဝတီအသင်း]] တွင် အတွင်းရေးမှူးတာ ဝန်ယူခဲ့သည်။ မင်္ဂလာတရားတော်စာမေးပွဲများတွင် မြူနီစပယ်ကျောင်းသား အများအပြားဖြေဆိုအောင်မြင်ခဲ့သည်။ ဗုဒ္ဓဘာသာ ကလျာဏ ယုဝတီအသင်း၏ အဆောက်အအုံမှာ ဗိုလ်တစ်ထောင် အီဒင်လမ်း ၌ တည်ရှိခဲ့သည်။ ဘာသာရေး၌ငယ်စဉ်ကပင် ကိုင်းရှိုင်းခဲ့သူပီပီ ဆရာဆရာမများကိုစုစည်း၍ မိမိကခေါင်းဆောင်ကာ ဗုဒ္ဓဂါယာ သို့လည်း ရောက်ရှိခဲ့သည်။

ဒေါ်ခင်ရွှေကို မြန်မာပီသသော ဆံထုံးကြီးနှင့် အမြဲမြင် တွေ့ရသည်။ သူ၏ စိတ်သဘောထားကိုသူ ၏ဝတ်စားဆင်ယင် မှုမြင်ရုံနှင့် အတိမ်အနက် အကဲခတ်နိုင်သည်။ စေတနာ ဝန်ထမ်းပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းများမှာ နေရှင်နယ် ကောင်စီအမျိုးသမီးအဖွဲ့၊ တနင်္လာညနေအသင်း၊ အမျိုးသမီး စောင့်ရှောက်ရေး အသင်း၊ ယူနီဘာစီတီအမျိုးသမီးများအသင်းနှင့် အမျိုးသမီးကင်းထောက် အသင်းများဖြစ်သည်။

ခင်ပွန်းသည်မှာ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးတင်ထွဋ် ဖြစ်၍နောင်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။

သားသမီးများမှာဒေါက်တာသိန်းထွဋ်၊ ဒေါက်တာကျော်ကျော်ထွဋ်၊ ဗိုလ်ကြီးမျိုးမြင့်ထွဋ်၊ ဒေါက်တာအောင်မြတ်ထွဋ်နှင့် ဒေါက်တာ ခင်နွဲ့ရည်ထွဋ်တို့ဖြစ်သည်။ ၁၄ နတ်မောက်လမ်းတွင် ၆-၁ဝ-၉၄ နေ့က ကွယ်လွန်အနိစ္စရောက်ခဲ့ရာ မြန်မာမှုကို လေးစားထိန်းသိမ်းခဲ့သော ထူးချွန်သည့် ပညာရေးလောကမှ အမျိုးသမီးကြီးတစ်ဦး ဆုံးရှုံးခဲ့ရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)