ခင်အေးဟန် (၁၉၃၇-၂၀၀၆) သည် မြန်မာနိုင်ငံသား အလှမယ်၊ သရုပ်ဆောင်၊ အဆိုရှင်နှင့် အသံသရုပ်ဆောင် ဖြစ်သည်။ အထူးသဖြင့် ရုပ်ရှင်အနုပညာတွင် ဘာပဲလုပ်ရ လုပ်ရ ခံယူချက်ထားသူ ဖြစ်ပြီး ဒေါ်သီတာခင်ထွေးလို မိန်းမကြမ်းကြီးဆန်ဆန်၊ အထက်တန်းလွှာမှ မာနကြီး၊ အတ္တစွဲ မိန်းမကြီးမျိုးအဖြစ် သရုပ်ဆောင်လိုကြောင်း သိရသည်။

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

၁၉၃၇ ခု၊ အောက်တိုဘာလ ၁၂ ရက်တွင် ဦးသိန်း၊ ဒေါ်သန်းမယ်တို့မှ တွံတေးမြို့၌ မွေးသည်။ အမည်ရင်းမှာ မအေးဟန် ဖြစ်၏။ အထက်တန်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းမှ ဖြေဆိုရာ (ခ) အဆင့်ဖြင့်သာ အောင်သည်။ နောက် ထားဝယ်မြို့၌ ဒုတိယအကြိမ် ဖြေဆိုသော် စာမေးပွဲကျ၏။

အနုပညာခရီး ပြင်ဆင်ရန်

ရန်ကုန်၌ (ခ) အဆင့်ဖြင့်သာ အောင်သည်နောက် ကန်တော်ကလေး ဘားမားမူစလင်ကျောင်း (ယခု အထက ၆ မင်္ဂလာတောင်ညွန့်) ၌ ၁၉၅၅-၅၇ ကာလတွင် ဆရာမအဖြစ် အလုပ်ဝင်သည်။ နောက် ထားဝယ်သို့ပြောင်းကာ (၁၀) တန်း ထပ်ဖြေသည်။ စာမေးပွဲမအောင်သော်လည်း မယ်ရွေးပွဲတွင် ဝင်ပြိုင်ရာ အနိုင်ရသဖြင့် ထားဝယ်မယ် ဖြစ်၏။

အနုပညာအလုပ်ကို ဇောက်ချလုပ်မည်ဟု ရည်ရွယ်ကာ ရန်ကုန်သို့ ပြန်လာသည်။ သိမ်ဖြူရှိ မယ်ရွေးပွဲတွင် ပြိုင်ရာ အနိုင်ရ၏။ [၁] ဒါရိုက်တာ ဦးတင်ယုက ရုပ်ရှင်လောကသို့ ခေါ်သည်။ ၁၉၆၀ ပြည့်ထွက် အရိုင်းနဲ့တောကောင် ဇာတ်ကားတွင် ဇာတ်ရံအဖြစ် စပါသည်။

ဇင်းကျိုက်တောင် ဇာတ်ကား၌ ပါဝင်ပြီးနောက် သရုပ်ဆောင်အလုပ်မှနားကာ ကုန်သွယ်ရေးဌာန၌ စာရေးအဖြစ် ၁၉၆၃-၆၉ ကာလ၌ အလုပ်ဝင်ခဲ့သည်။

နောက် ဒါရိုက်တာ စံလွင်နှင့် ခင်စိုး ပေါင်းရိုက်သည့် ဒီကောင်မလေး ဇာတ်ကားတွင် ပြန်ပါရအပြီး သရုပ်ဆောင်အလုပ်၊ အသံသရုပ်ဆောင်အလုပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်တော့၏။

ပါဝင်ခဲ့သောဇာတ်ကားများ ပြင်ဆင်ရန်

  • အရိုင်းနဲ့တောကောင် (၁၉၆၀)
  • ဇင်းကျိုက်တောင်
  • ဒီကောင်မလေး
  • ရပ်ကြီးသူ (၁၉၇၅)
  • ချစ်ခြင်းဆိုသည် ဘာလဲကွယ် (၁၉၈၄)
  • စိမ်းလို့သာခေါ်လိုက်ပါ (၁၉၈၄)
  • ကျားခင်စိန် (၁၉၉၃)
  • နော်ရင်မွှေး (၁၉၉၄)
  • တုယှဉ်နှိုင်းလည်းမမီပါ (၁၉၉၇)

အသံဖြင့်သရုပ်ဆောင်သည့် ကတ်ဆက်ဇာတ်လမ်းများ ပြင်ဆင်ရန်

  • ပြောပြန်ရင်လဲ မောင်သာရလွန်ရာကျမယ်
  • ထီးဆောင်းပြောတဲ့ပတ်ဝန်းကျင်
  • စိတ်
  • အချစ်သုတေသနဇာတ်လမ်း

မိသားစုဘဝ ပြင်ဆင်ရန်

ရုပ်ရှင်သရုပ်ဆောင် အေးကျော်နှင့် လက်ထပ်ကာ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းတွင် နေသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၀၆ ခုတွင် ကွယ်လွန်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ခင်မောင်ထွေး (ပျဉ်းမနား). "သရဖူနှင့် အလှမယ် ရွေးချယ်ခြင်း ပြဿနာများ". Irrawaddy. 2014-09-11.