ခန်းအကယ်ဒမီ (Khan Academy) သည် အမေရိကန်နိုင်ငံရှိ အကျိုးအမြတ်မယူသည့်[၁] ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဆယ်ခန်း (Salkhan) က ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ပညာသင်ကြားသည့် ကျောင်းသားများအတွက် အကူအညီပေးနိုင်မည့် အွန်လိုင်းကိရိယာ (online tool) များကို ဖန်တီးရန် ဖြစ်သည်။[၂] အဖွဲ့သည် တိုတောင်းသည့် သင်ခန်းစာများကို ဗီဒီယိုပြုလုပ်ပေးသည်။[၃] ၎င်းဝဘ်ဆိုက်တွင် သင်ကြားပေးသူများအတွက်လည်း ဖြည့်စွက်လေ့ကျင့်သင်ခန်းစာများနှင့် ပစ္စည်းများပါဝင်သည်။ ၎င်းအဖွဲ့၏ ဝဘ်ဆိုက်နှင့် အပ် (App) ကို အသုံးပြုသူများသည် ရင်းမြစ်များအားလုံးကို အခမဲ့ရယူအသုံးပြုနိုင်သည်။

Khan Academy
ဝဘ်ဆိုဒ် အမျိုးအစား
501(c)(3)
ဖတ်ရှုရရှိနိုင်မှုဘာသာစကား အများအပြား
ပိုင်ဆိုင်သူKhan Academy, Inc.
တည်ထောင်သူများSal Khan
ဝဘ်ဆိုဒ်khanacademy.org
လွှင့်တင်ခြင်း၂၀၀၈; ၁၆ နှစ် အကြာက (၂၀၀၈)

သမိုင်း ပြင်ဆင်ရန်

Salman "Sal" Khan သည် သူ၏ ညီအစ်ကိုတစ်ဝမ်းကွဲတစ်ဦးကို အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်သည့် Yahoo Doodle Images ကိုအသုံးပြုကာ အင်တာနက်မှတစ်ဆင့် သင်္ချာဘာသာရပ်ကို သင်ကြားပေးချိန်ဖြစ်သည့် ၂၀၀၈ ခုနှစ်တွင် အဖွဲ့အစည်းကို စတင်ခဲ့သည်။ [၄]အနည်းငယ်ကြာပြီးနောက်တွင် ခန်း၏ အခြားတစ်ဝမ်းကွဲများသည်လည်း သူ၏ သင်ကြားသည့်ဝန်ဆောင်မှုကို အသုံးပြုရန် စတင်ခဲ့သည်။ ထိုကဲ့သို့ တောင်းဆိုချက်များကြောင့် ခန်းသည် သူ၏ ဗီဒီယိုများကို အင်တာနက်တွင် ကြည့်ရှုနိုင်စေရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်။ သူသည် ယူကျု (Youtube) တွင် သူ၏ သင်ကြားထားသည်များကို တင်ခဲ့သည်။[၅] နောက်ပိုင်းတွင် သူသည် SmoothDraw ဟု ခေါ်သည့် ရေးသားသည့်အသုံးချဆော့ဝဲကို အသုံးပြုခဲ့သည်။ ယခုအချိန်တွင် Wacom တက်ဘလက်ဖြင့် ArtRage ဆော့ဝဲတွင် ရေးသားမှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုဗီဒီယိုသင်ကြားပြသမှုများကို သူ၏ ကွန်ပျူတာတွင် သိမ်းထားခဲ့သည်။[၆]

အကောင်းမြင်သည့် တုံ့ပြန်မှုများသည် ခန်းအား ၂၀၀၉ ခုနှစ်တွင် အလုပ်မှ ထွက်စေခဲ့သည်။ အလုပ်ထွက်ကာ ခန်းသည် ပညာရေးဆိုင်ရာ သင်ကြားမှုဗီဒီယိုများကို အချိန်ပြည့်အာရုံစိုက်ကာ ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ထိုသင်ကြားမှုများကို Khan Academy အမည်ဖြင့် ထုတ်လွှင့်ပေးခဲ့သည်။[၇] Sal Khan က တည်ထောင်ခဲ့ပြီး Khan Academy နှင့် ချိတ်ဆက်ထားသည့် Khan Lab School ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View တွင် ဖွင့်လှစ်ခဲ့သည်။[၈] ၂၀၁၇ ခုနှစ် ဇွန်လတွင် ခန်းအကယ်ဒမီသည် ကောလိပ်ဘွဲ့ရများ၊ အလုပ်ရှာသူများနှင့် လူငယ်ကျွမ်းကျင်သူများအတွက် ကောလိပ်ငွေကြေးဆိုင်ရာစာပေဗီဒီယိုစီးရီးများကို တရားဝင်ထုတ်လွှင်ခဲ့သည်။

ငွေကြေးအထောက်အပံ့ ပြင်ဆင်ရန်

ခန်းအကယ်ဒမီသည် 501(c)(3) အကျိုးမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထောက်ပံ့လှူဒါန်းမှုများကို များသောအားဖြင့် ပရဟိတအဖွဲ့အစည်းများမှ ရရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဂူဂဲသည် ၎င်းတို့၏ 10100 ပရိုဂရမ်၏ တစ်စိတ်တဒေသအနေဖြင့် ခန်းအကယ်ဒမီအား သင်တန်းအသစ်များ ဖန်တီးရန်နှင့် သင်ကြားပြသမှုများကို အခြားဘာသာများသို့ ပြန်ဆိုရန်အတွက် ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မက္ကဆီကိုရှိ Luis Alcazar ဖောင်ဒေးရှင်းမှ Carlos Slim က စပိန်ဘာသာစကားဖြင့် ဗီဒီယိုများ ပြုလုပ်ဖန်တီးနိုင်ရန်အတွက် လှူဒါန်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် AT&T က ခန်းအကယ်ဒမီ၏ မိုဘိုင်းဗားရှင်းသင်ခန်းစာများကို app များမှတစ်ဆင့် သင်ယူရရှိနိုင်ရန်အတွက် ဒေါ်လာ ၂.၂၅ သန်းကို လှူဒါန်းခဲ့သည်။ အမေရိကန် ပြည်တွင်းအခွန်ဝန်ဆောင်မှု၏ ခန်းအကယ်ဒမီဆိုင်ရာအချက်အလက်အရ ဆယ်ခန်း၏ နှစ်ပတ်လည်ဝင်ငွေသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၈၀၀၀၀၀ ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ယခင်ဥက္ကဋ္ဌနှင့်COO ဖြစ်သူ Shantanu Sinha သည် နစ်နာကြေးအနေဖြင့် $375,000 ကျော် ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဆယ်ခန်း၏ နှစ်ပတ်လည်ဝင်ငွေသည် $824,000 ရှိခဲ့သည်။ COO ဖြစ်သူ Ginny Lee ၏ လစာသည် $700,000 ရှိခဲ့သည်။ Bill & Melinda Gates ဖောင်ဒေးရှင်းသည် ခန်းအကယ်ဒမီသို့ ဒေါ်လာ ၁.၅ သန်း လှူဒါန်းခဲ့သည်။

ပါဝင်သည့် အကြောင်းအရာ ပြင်ဆင်ရန်

ဘာသာစကား ရရှိနိုင်မှု ပြင်ဆင်ရန်

ခန်းအကယ်ဒမီ၏ ဗီဒီယိုများကို ဘာသာစကားများစွာသို့ ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်သည်။ စာတန်းထိုး ၂၀၀၀၀ နီးပါး ရရှိနိုင်သည်။ ၎င်းဘာသာပြန်မှုများသည် နိုင်ငံတကာမှ ပူးပေါင်းပါဝင်သူများ၏ အကူအညီဖြင့် အဓိကဘာသာပြန်ထားသည်။[၉][၁၀] ခန်းအကယ်ဒမီပလက်ဖောင်းကို English (en), Bangla (bn), Bulgarian (bg), Chinese (zh), French (fr), German (de), Georgian (ka), Norwegian (nb), Polish (pl) Portuguese (pt), Spanish (es), Serbian (sr), Turkish (tr) and Uzbek (uz) စသည့်ဘာသာစကားများဖြင့် အပြည့်အဝ အသုံးပြုနိုင်သည်။ [၁၁] ထို့အပြင် အခြား ဘာသာစကား ၂၈ ခုဖြင့်လည်း တစ်စိတ်တပိုင်းကို အသုံးပြုနိုင်သေးသည်။[၁၂]

တရားဝင် SAT ပြင်ဆင်မှု ပြင်ဆင်ရန်

၂၀၁၅ ခုနှစ်ကတည်းက ခန်းအကယ်ဒမီသည် တရားဝင် SAT Preparation ဝဘ်ဆိုက်ဖြစ်ခဲ့သည်။ တင်ပြချက်များအရ SAT အတွက် ခန်းအကယ်ဒမီတွင် နာရီ ၂၀ ကြာလေ့လာပါက ပျမ်းမျှအားဖြင့် ၁၁၅ ပွိုင့်တိုးလာသည်ဟု ဆိုကြသည်။[၁၃] ခန်းအကယ်ဒမီဝဘ်ဆိုက်မှ တင်ခဲ့သည့် မေးခွန်းများစွာကိုလည်း စာအုပ်များစွာ၏ လေ့ကျင့်ခန်းများတွင် ထည့်သွင်းကြသည်။[ကိုးကားချက်လိုသည်]

Pixar in a Box ပြင်ဆင်ရန်

၂၀၁၅ ခုနှစ်တွင် ခန်းအကယ်ဒမီသည်Pixar နှင့် ပူးပေါင်းကာ Pixar in a Box ဟု အမည်ရသည့် သင်တန်းအသစ်တစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းသည် ခန်းအကယ်ဒမီသည် Pixar ရှိ ဖန်တီးသူများကို ကျောင်းတွင်လေ့လာသင်ယူခဲ့ရသည်များက မည်ကဲ့သို့အထောက်အကူရသည်ကို သင်ကြားပေးသည်။[၁၄]

ခန်းအကယ်ဒမီကစ် (Khan Academy Kids) ပြင်ဆင်ရန်

၂၀၁၈ ခုနှစ်တွင် ခန်းအကယ်ဒမီသည် ခန်းအကယ်ဒမီကစ် (Khan Academy Kids) ဆော့ဝဲကို ဖန်တီးခဲ့သည်။ ၎င်းသည် အတန်းသင်ကျောင်းမတက်ရောက်မီ ကလေးအရွယ်များဖြစ်ကြသည့် အသက် ၂ နှစ်မှ ၆ အထိ ကလေးငယ်များ သင်္ချာနှင့် ဘာသာဗေဒကို အခြေခံလေ့လာနိုင်အောင် ထုတ်လုပ်ထားသည့် ဆော့ဝဲတစ်ခု ဖြစ်သည်။

ဆရာများ ပြင်ဆင်ရန်

ခန်းအကယ်ဒမီနှင့်အတူ သင်ကြားပြသသူများသည် စာသင်ခန်းတစ်ခု ပြုလုပ်နိုင်သည်။ ထိုစာသင်ခန်းတွင် သင်ကြားပြသသူများသည် ကျောင်းသားများအတွက် ခန်းအကယ်ဒမီ၏ ဒေတာဘေ့ဖြင့် သင်ခန်းစာများကို တင်သွင်းနိုင်သည်။ [၁၅]ဆရာများသည်လည်း ကျောင်းသားများ၏ မှတ်တမ်းများကို စောင့်ကြည့်နိုင်သည်။

ဝေဖန်မှုများ ပြင်ဆင်ရန်

ဖန်တီးတည်ထောင်သူ ဆယ်ခန်းသည် သင်ကြားရေးနည်းပညာနှင့် ပတ်သက်၍ အသိအမှတ်ပြုပညာအရည်အချင်းမရှိသည့်အတွက် ခန်းအကယ်ဒမီသည် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။[၁၆][၁၇] ရူပဗေဒနှင့် သင်္ချာဘာသာရပ်နှင့် သက်ဆိုင်သည့် ဗီဒီယိုများသည် နည်းစနစ်ပိုင်းဆိုင်ရာ တိကျမှန်ကန်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခံခဲ့ရသသည်။ [၁၈]ထိုဝေဖန်မှုများကို ဖြေရှင်းသည့်အနေဖြင့် အဖွဲ့အစည်းသည် ဗီဒီယိုများတွင် ပါရှိနေသည့် အမှားများကို ပြင်ဆင်ခဲ့သည်။ ထို့အပြင် အကြောင်းအရာပိုင်းတွင် ကျွမ်းကျင်သူ ၂၀၀ ကျော်ပါဝင်သည့် ကွန်ယက်ဌာနတစ်ခုကို တည်ထောင်ဖွဲ့စည်းခဲ့သည်။[၁၈]

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် Khanသည် ခန်းအကယ်ဒမီအွန်လိုင်းသင်ကြားသူများ၏ အရည်အသွေးနှင့် ပတ်သက်၍ ကာကွယ်ပြောကြားခဲ့သည်။[၈]

အသိအမှတ်ပြုခံရခြင်း ပြင်ဆင်ရန်

ခန်းအကယ်ဒမီသည် အမေရိကန်နှင့် နိုင်ငံတကာ နှစ်ခုစလုံးတွင် အသိအမှတ်ပြုခြင်းများ ရရှိခဲ့သည်။

  • ၂၀၁၂ ခုနှစ် ဧပြီလတွင် ခန်းအကယ်ဒမီ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ Sal Khan ကို ၂၀၁၂ ခုနှစ် TIME ၏ ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖော်ပြခဲ့သည်။[၁၉]
  • ၂၀၁၄ ခုနှစ် Heinz Award ဆုရရှိခဲ့သည့်သူ ငါးဦးထဲတွင် Khan လည်း ပါဝင်ခဲ့သည်။ သူသည် ထိုဆုကို “Human Condition” နယ်ပယ်ဖြင့် ရရှိခဲ့သည်။[၂၀]
  • ၂၀၁၆ ခုနှစ်တွင် ခန်းအကယ်ဒမီသည်ပညာရေးအတွင် အကောင်းဆုံးဆုဖြစ်သည့် Shorty Award ဆုကိုလည်း ရရှိခဲ့သည်။[၂၁]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Nonprofit Explorer – ProPublica။ November 7, 2015 တွင် ပြန်စစ်ပြီး။
  2. One Man, One Computer, 10 Million Students: How Khan Academy Is Reinventing Education။ November 7, 2015 တွင် ပြန်စစ်ပြီး။
  3. Sampson၊ Demetrios G.; Ifenthaler၊ Dirk; Spector၊ J. Michael; Isaias၊ Pedro (July 17, 2014)။ Digital Systems for Open Access to Formal and Informal Learning။ Springer။ ISBN 9783319022642
  4. de Bertodano၊ Helena။ "Khan Academy: The man who wants to teach the world"၊ September 28, 2012။ 
  5. Dreifus၊ Claudia။ "Salman Khan Turned Family Tutoring Into Khan Academy"၊ The New York Times၊ January 27, 2014။ 
  6. Khan Academy: The future of education?60 MinutesCBS News။ March 11, 2012 – via YouTube
  7. Temple၊ James။ "Salman Khan, math master of the Internet"၊ SFgate၊ December 14, 2009။ 
  8. ၈.၀ ၈.၁ Westervelt၊ Eric။ "'A Bit of a Montessori 2.0': Khan Academy Opens A Lab School"၊ Here & NowWBUR and NPR၊ January 5, 2016။ 
  9. Volunteers | Khan Academy (in en)။ March 6, 2017 တွင် ပြန်စစ်ပြီး။
  10. Supporters | Khan Academy (in en)။ March 6, 2017 တွင် ပြန်စစ်ပြီး။
  11. Is Khan Academy available in other languages? (in en-US)။ 7 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2021 တွင် ပြန်စစ်ပြီး။
  12. Is Khan Academy available in other languages? (in en-US)။ 7 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2021 တွင် ပြန်စစ်ပြီး။
  13. "Studying for the SAT for 20 hours on Khan Academy associated with 115-point average score increase" (in en)၊ Khan Academy 
  14. Pixar in a Box | Partner content | Khan Academy (in en)။ September 8, 2018 တွင် ပြန်စစ်ပြီး။
  15. What can I do from the Classes page? (in en-US)။ 21 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2021 တွင် ပြန်စစ်ပြီး။
  16. Christopher Danielson။ "How well does Khan Academy teach?"၊ The Washington Post၊ July 27, 2012။ 
  17. Strauss၊ Valerie။ "Does the Khan Academy know how to teach?"၊ The Washington Post၊ July 27, 2012။ 
  18. ၁၈.၀ ၁၈.၁ Strauss, Valerie။ "Khan Academy using contractors to check Web site's videos"၊ The Washington Post၊ October 22, 2013။ 
  19. Special၊ Time၊ 1 May 2013 တွင် မူရင်း အား မော်ကွန်းတင်ပြီး9 January 2021 တွင် ပြန်စစ်ပြီး.
  20. The Heinz Awards: Salman Khan။ The Heinz Awards။ 19 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2021 တွင် ပြန်စစ်ပြီး။
  21. Shorty Awards: The Complete Winners List၊ - The Hollywood Reporter