ချားလ်စ်ဒါဝင် (Charles Darwin) (၁၈၀၉-၁၈၈၂)ကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ (Evolution Theory) နှင့် ပတ်သက်ပြီး ကျော်ဇောထင်ရှားသူဖြစ်သည်။ ၁၂ ဖေဖော်ဝါရီ ၁၈၀၉ အင်္ဂလန်နိုင်ငံ၊ ရှရူဘူရီ (shrewsbury) တွင်ဖွားမြင်သည်။ အသက်၁၆နှစ်တွင် အီဒင်ဘတ်တက္ကသိုလ် (Edinburg) တွင် ဆေးပညာကို စတင်သင်ယူသည်။ သို့သော် ဆေးပညာနှင့် ခန္ဒာဗေဒ (Anatomy) တွင် စိတ်ပါဝင်စားမှု သိပ်မရှိသဖြင့် ကိန်းဘရစ်ချ်တက္ကသိုလ် (Cambridge) သို့ ပြောင်းရွေ့ပြီး ကျမ်းစာသင်ယူသည်။ သို့သော် များစွာအားစိုက်သင်ယူခြင်း မရှိပဲ မြင်းစီး၊ အမဲလိုက် စသည့် အပျော်အပါးများဖြင့်သာ အချိန်ဖြုန်းနေလေ့ရှိသည်ဟု ဆိုသည်။ ထို့အတွက် ဖခင်ဖြစ်သူနှင့် မကြာခဏပင် အခြေတင် စကားများကြသည်။ နောက်မကြာမှီ ဆရာတစ်ဦးအား အပိုင်စည်းရုံးပြီး မိမိအား သဘာဝပညာရှင် (Nuturalist) အဖြစ်ထောက်ခံချက်ပေးစေသည်။ ထိုထောက်ခံချက်ကို အသုံးပြုကာ ဘီဂဲလ်သင်္ဘော (H.M.S Beagle) ဖြင့် ရေလမ်းစူးစမ်းရှာဖွေရေးခရီးတွင် လိုက်ပါသွားခဲ့သည်။ ထိုခရီးမှာ ဒါဝင့်အတွက် သာမက သူ၏ဘဝနောက်ပိုင်း တွေ့ရှိချက်များကိုပါ အလွန်အကျိုးရှိစေသည်ကို တွေ့ရသည်။ ၁၈၃၁ ခုနှစ်တွင် စတင်သည့် ထိုခရီးစဉ်တွင်လိုက်ပါခဲ့စဉ်က ဒါဝင့်အသက်မှာ ၂၂နှစ်သားသာရှိသေးသည်။

ချားလ်စ် ဒါဝင်
Three quarter length studio photo showing Darwin's characteristic large forehead and bushy eyebrows with deep set eyes, pug nose and mouth set in a determined look. He is bald on top, with dark hair and long side whiskers but no beard or moustache. His jacket is dark, with very wide lapels, and his trousers are a light check pattern. His shirt has an upright wing collar, and his cravat is tucked into his waistcoat which is a light fine checked pattern.
Darwin, c. 1854, when he was preparing en:On the Origin of Species for publication[၁]
မွေးဖွားချားလ်စ် ရောဘတ် ဒါဝင်
(1809-02-12)၁၂ ဖေဖော်ဝါရီ၊ ၁၈၀၉
Shrewsbury, England
ဆုံးပါး၁၉ ဧပြီ၊ ၁၈၈၂(1882-04-19) (အသက် ၇၃)
Down, Kent, England
ခေါင်းချရာWestminster Abbey
နယ်ပယ်သဘာဝသမိုင်း၊ ဘူမိဗေဒ
အဖွဲ့အစည်းဌာန
Tertiary education:

Professional institution:

  • Geological Society of London
ကြီးကြပ်သူများ
ကျော်ကြားမှုအရင်းခံ
သူ့အပေါ် ဩဇာလွှမ်းမိုးသူများ
သူ၏ဩဇာလွှမ်းမိုးခံHooker, ဟပ်စလေ, Romanes, Haeckel, Lubbock
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
အိမ်ထောင်ဘက်Emma Wedgwood (m. 1839)
ရင်သွေး(များ)၁၀
လက်မှတ်
"Charles Darwin", with the surname underlined by a downward curve that mimics the curve of the initial "C"

ထိုမှစတင်ပြီးခရီးထွက်ရာ (၅) နှစ်လုံးလုံး တောင်အမေရိကတိုက်ကမ်းခြေများ၊ အိန္ဒိယသမုဒ္ဒရာ နှင့် တောင်ဘက် အတ္တလန်တိတ်ဒေသများတွင် အေးအေးလူလူ လေ့လာခွင့်ရသည်။ ထို့ပြင် လူသူမနီးသည့် ကျွန်းများ၊ လူရိုင်းဆန်ဆန်မျိုးနွယ်စုများ (တိုးတက်မှုများစွာမရှိသေးသည့် ရှေးကျကျန်ရစ်သည့် လူမျိုးနွယ်စုများ) (Primitive tribes)၊ ကျောက်ဖြစ်ရုပ်ကြွင်း (Fossil)၊ အပင်များ၊ သတ္တဝါများကို အမျိုးစုံလင်အောင် တွေ့ရှိကာ လေ့လာခွင့်ရခဲ့သည်။ တွေ့ရှိချက်မှန်သမျှကို စာအုပ်များတွင် မှတ်တမ်းမှတ်ရာအစုံအလင် ရေးမှတ်ထားခဲ့သည်။ ထိုမှတ်စုများမှာ နောင်တစ်ချိန်တွင်ရေးသားမည့် ကျမ်းများအတွက် အရေးပါသည့် အရင်းအနှီးများ ဖြစ်ပေတော့သည်။

၁၈၃၆ ဒါဝင် အိမ်ပြန်ရောက်ပြီးနောက်တွင် မိမိ၏တွေ့ရှိချက်များကို အခြေခံကာ သတ္တဝါနှင့် အပင်များသည် မည်သည့်နည်းနှင့်မျှ မပြောင်းမလဲပဲ တပုံစံတည်း တည်ရှိမနေနိုင်ကြောင်း နားလည်ခဲ့သည်။ သို့သော် ထိုအချက်အား မည်သူ့ကိုမှ ပြောပြခဲ့ခြင်း၊ ရှင်းပြခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ အများက ကန့်ကွက်မည်မှာ သေချာလှသည် ဖြစ်သောကြောင့်ပင်။ သို့သော် ဘူမိဗေဒ သဘောအရ တောင်များ၊ ချိုင့်ဝှမ်းများ၊ ပင်လယ်များ၊ ကုန်းမြေများ အားလုံးသည် အချိန်ကာလနှင့် အခြေအနေများအရ ပြောင်းလဲမြဲဖြစ်သကဲ့သို့ သတ္တဝါများ၊ အပင်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်မည်ကို သက်သေပြနိုင်ရန် အကြီးအကျယ်ပင် လုံ့လထုတ်တော့သည်။ သို့ဖြင့် ပညာရှင်များ အသိုင်းအဝန်းကြားတွင် ဒါဝင်၏အမည်မှာ ထင်ရှားလာခဲ့သည်။ ၁၈၃၈ တွင် သောမက်စ်မားလ်သပ်စ်လူဦးရေ အခြေခံသဘောတရားအကြောင်း အမည်ရှိ စာအုပ်ကို ဖတ်ရှုမိပြီးနောက် မိမိစိတ်ကူးကို မည်သို့သက်သေပြရမည်ကို အတွေးရသွားခဲ့သည်။ သို့ဖြင့် သဘာဝအလိုက် ရွေးချယ်ခြင်း အခြေခံ သဘောတရား (Principle of natural selection) ကိုရေးသားခဲ့ပြီး ဖြန့်ဝေခြင်းမပြုပဲ သက်သေပြနိုင်ရန် အထောက်အထားများကို စုဆောင်းနေခဲ့သည်။ ပြီးမှ စနစ်တကျထုတ်ဝေတင်ပြနိုင်ရန် မူကြမ်း(Hypothesis) ကို စီစဉ်သည်။

သီအိုရီ အကျဉ်းချုပ်ကို ၁၈၄၂ စောစောကပင် ရေးသားပြီးစီးခဲ့ပြီးနောက် အကျယ်ကို ၁၈၄၄ တွင်ပြီးစီးသည်။ ထိုသို့ အကျယ်ရေးနေချိန်အတွင်း အရှေ့အင်ဒိစ် (ယနေ့ အင်ဒိုနီးရှား) သို့ ရောက်ရှိနေသည့် အဲဖရက်ရပ်ဆဲလ်ဝေါလေ့စ် (Alfred Russel Wallace) ထံမှ ဆင့်ကဲဖြစ်စဉ် သီအိုရီ နှင့်ပတ်သက်သည့် စာမူကြမ်းတစ်ခု ရောက်လာသဖြင့် တိုက်ဆိုင်စစ်ဆေးရာ နှစ်ဦးသား၏ တွေ့ရှိများမှာ အဓိက အကြောင်းအရာအားဖြင့် အတော်များများ တူညီမှုရှိကြောင်း တွေ့ရသည်။ နှစ်ဦးသားအနေဖြင့် တူညီသည့် အကြောင်းအရာ တစ်ခုအတွက် မည်သူကအလျင်တွေ့ရှိသည်ကို ငြင်းခုံရတော့မယ့် အခြေအနေသို့ ရောက်နေရပြီဖြစ်သည်။

သို့သော် ဒါဝင်က ထိုအခြေအနေသို့ အရောက်မခံတော့ပဲ နှစ်ဦးလုံး၏ စာမူများကို သိပ္ပံအဖွဲ့ကြီးတစ်ခုသို့ ပို့ပြီးတင်ပြလိုက်သည်။ ထိုတင်ပြချက်များအား မည်သူမျှ အရေးတယူ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့သော်လည်း ၁၈၅၉တွင် ဒါဝင်၏ မျိုးရိုးဗီဇများ (The 0rigin of Species) ကိုပုံနှိပ်ထုတ်ဝေသောအခါတွင်မူ ပညာရှင်အသိုင်းအဝန်းကြားတွင်သာမက အရပ်သားများကြားတွင်ပါ အကြီးအကျယ် ပွက်လောညံသွားခဲ့သည်။ ထို့ပြင် ၁၈၇၁ တွင် လူဆင်းသက်လာပုံနှင့် လိင်အလိုက် ရွေးချယ်ပုံ"' (The Descent of Men and Selection to Sex) ကို ထပ်မံထုတ်ဝေသောအခါတွင်လည်း အကြီးအကျယ် အငြင်းပွားကြပြန်သည်။ ထိုနောက် လူသည် လူဝံ (Ape) ကဲ့သို့သောသတ္တဝါမျိုးမှ ဆင်းသက်လာသည် ဟူသော် အဆိုပြုချက်ကို ဖတ်ရသောအခါ လောင်နေသည့် မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ဒါဝင်သည် သူ၏သီအိုရီနှင့် ပတ်သက်ပြီး ငြင်းခုံကြသည့် ပွဲများတွင် ကိုယ်တိုင်ပါဝင်လေ့မရှိပေ။ အကြောင်းမှာ

  1. ဘီဂဲလ်သင်္ဘောဖြင့် ခရီးလိုက်ပါစဉ်က၊ လေ့လာစူးစမ်းစဉ်က အမေရိကတွင် အဆိပ်ရှိပိုး အကိုက်ခံရသဖြင့် ရှာဂါရောဂါ(Chaga' Diseaes) ဖြစ်ခဲ့ဖူးပြီး ခရီးပန်းသည့်ဒဏ်များကြောင့် အတော်ပင် ကျန်းမာရေးချို့တဲ့ရှာသောကြောင့် အပြင်ထွက်လေ့မရှိသည်က တစ်ကြောင်း၊
  2. သူ၏သီအိုရီများနှင့် ပက်သတ်လျှင် အလွန်ရှေ့နေအလိုက်ကောင်းသည်ဟု ပြောကြသည့် သောမက်စ် အိတ်ချ် ဟက်စ်လေ(Thomas H. Huxley) ရှိနေသောကြောင့် တစ်ကြောင်းဖြစ်သည်။

သို့နှင့် ချားလ်စ်ဒါဝင်ကွယ်လွန်သည့် ၁၈၈၂ တွင် သူ၏သီအိုရီများမှာ အမှန်ဖြစ်သည်ဟု အများကလက်ခံယုံကြည်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်ဆိုရလျှင် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို စတင်ဖော်ထုတ်သူမှာ ဒါဝင်တစ်ဦးတည်း မဟုတ်ပေ။ ရှေ့တွင်လည်း လက်ဦးက ပြောဆိုနေမှုများ ရှိနေပြီးဖြစ်သည်။ (ထိုသူများထဲတွင် ဒါဝင့်အဖိုးကိုယ်တိုင်ပါဝင်သည်။) သို့သော် မည်သူကမှ လက်မခံခဲ့ပေ။ အကြောင်းမှာ ဒါဝင်ကဲ့သို့ အချက်အလက် သက်သေခိုင်ခိုင်ဖြင့် မတင်ပြနိုင်သောကြောင့်ဖြစ်သည်။

နောက်နှစ် ၂၀ အကြာတွင် ပေါ်ပေါက်လာသည့် ဂရီဂိုမန်ဒဲလ် (Gregor Mendel) ၏ မျိုးရိုးဗီဇ အမွေဆက်ခံခြင်း နိယာမ(Law of Genetic Ingeritance) က ဒါဝင်၏သီအိုရီကို ပိုမိုအားကောင်း ခိုင်မာလာစေသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါဝင်၏ သဘာဝရွေးချယ်ခြင်း သီအိုရီကို သိပ္ပံပညာရပ်တော်တော်များများတွင်သာမက နိုင်ငံရေး၊ ဘောဂဗေဒ အစရှိသည့် ဘာသာရပ်များတွင်လည်း အလျဉ်းသင့်သလို အသုံးချကြသေးသည်။ ဘာသာရေးအနေဖြင့်ကြည့်လျှင် ဘာသာမဲ့ဖြစ်သူ ဒါဝင်၏ သီအိုရီကို ဘာသာရေးသမားများ၊ လေးနက်ယုံကြည်သူများက အတော်ပင်စိုးရွံခဲ့ကြသည်ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား အယူဝါဒအရ "အရာရာကို ဘုရားသခင်က ဖန်ဆင်းသည်။"ဆိုသည့်ယုံကြည်မှုကို အကြီးအကျယ်ပင် ခြိမ်းခြောက်နေသောကြောင့်ပင် ဖြစ်သည်။

သို့နှင့် ဘဝရပ်တည်ရေးအတွက် ရုန်းကန်ဆဲနှင့် အတော်ဆုံးသာလျှင် ကျန်ရစ်မည်။ ဆိုသည့်စကားမှာ လူသားတို့အတွက် သတိပေးစကားဖြစ်လာခဲ့ကာ သိပ္ပံ၊ မနုဿနှင့် ဇီဝဗေဒ ဆိုင်ရာများတွင် ဒါဝင်၏ သီအိုရီများမှာ မရှိမဖြစ်ဆိုသလိုပင် အသုံးပြုနေရသောကြောင့် ဒါဝင်၏ကျေးဇူးမှာ ခေတ်လူသားတို့အပေါ်တွင် များစွာတင်ရှိနေသည်ဟု ဆိုရတော့မည်ဖြစ်သည်။[၅]

ရည်ညွှန်းကိုးကားပြင်ဆင်