ခြေဖဝါးတော်နုနု (ရုပ်ရှင်)

ခြေဖဝါးတော်နုနု သည် ၁၉၇၂ ခုထွက် မြန်မာ အဖြူအမည်းရုပ်ရှင် ဖြစ်သည်။ မင်းလွင် ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်သည်။ ဇော်လွင်စမ်းစမ်းအေးအောင်ပြည့်ဗဂျီအောင်စိုး၊ မျိုးငြိမ်း (မန္တလေး)၊ လမင်းတရာ ဌေးဌေးမြင့်တို့ အဓိက ပါသည်။ မူရင်းဝတ္ထုမှ အောင်လင်း ရေးသည့် ၁၉၆၈ ခုထွက် ခြေဖဝါးတော်နုနု ဖြစ်သည်။

ရိုက်ကူးခြင်း ပြင်ဆင်ရန်

အနုပညာကို ပုံဖော်လိုသော မောင်ဝဏ္ဏက အောင်လင်းထံမှ ဤဝတ္ထုကို ရိုက်ရန် တောင်းသည်။ ရှုမဝ ဦးကျော်က ဝယ်ထားပြီးဖြစ်၍ ဦးကျော်အား ညွှန်ရသည်။ ဦးကျော်ကလည်း လိုလိုလားလားပင် လက်လွှဲပေးသည်။ တခုတည်းသော တောင်းဆိုချက်မှာ ကမ်းလှမ်းထားပြီးသော မင်းသမီး စမ်းစမ်းအေးကိုသာ သုံးရန် ဖြစ်သည်။

ရိုက်ကွင်းကို မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရားတွင် ဇာတ်စင်ဆောက်ကာ ရိုက်သည်။ ရိုက်ကူးစဉ် ဇော်လွင် နိုင်ငံရေးကိစ္စနှင့် အဖမ်းခံရ၍ ရိုက်ကူးရေး နားရသည်။ ထိုကာလတွင် တတိယကားကို ရိုက်နှင့်ရသည်။ ဇော်လွင်ပြန်လွတ်မှ ရိုက်သော် အချိန်ကြာသဖြင့် ကုန်ကျစရိတ် များကာ ရှုံးလေသည်။ ဝေဖန်သူတို့ကလည်း ဇာတ်လောက၏ စင်နောက်ဖြစ်ရပ်ကို အသားပေးရိုက်သဖြင့် ဇာတ်လမ်းမပေါ်ဟု ဝေဖန်ကြသည်။

ဇာတ်ဆောင်များ ပြင်ဆင်ရန်

  • ပတ်မတီး စိန်လင်း အဖြစ် ဇော်လွင်
  • အငြိမ့်သမ ခင်စမ်း အဖြစ် စမ်းစမ်းအေး
  • ရုပ်ရှင်ထုတ်လုပ်သူ လှထွန်း အဖြစ် အောင်ပြည့်
  • ဇာတ်ထောင်ဆရာအဖြစ် ဗဂျီ အောင်စိုး

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

စိန်လင်းသည် ငယ်ရွယ်စဉ်ကတည်းက ဇာတ်သဘင်လောကထဲသို့ ရောက်ရှိခဲ့ပြီး ဇာတ်သဘင်ကို အောက်ခြေမှ စတင်သင်ယူခဲ့သူ ဖြစ်သည်။ သူသည် ပညာတော်သူတစ်ဦးဖြစ်၍ အနုပညာမာနကြီးသူဖြစ်သည်။

ခင်စမ်းသည် စိန်လင်း၏ ခြေဖဝါးတော်နုနု သီချင်းဖြင့် နာမည်ကြီးလာသော အငြိမ့်မင်းသမီး ဖြစ်သည်။ အငြိမ့်သမဘဝမှ ရုပ်ရှင်မင်းသမီးဘဝကို တက်လှမ်းခဲ့သည်။ အနုပညာနှင့် ကျော် ကြားမှုတို့တွင် ကျော်ကြားမှုကို တပ်မက်ခဲ့ပြီး ကျော်ကြားမှုနောက်လိုက်ရင်း အောင်မြင်မှုဆုံးရှုံးခဲ့သည်။

ခင်စမ်းနှင့် ငယ်သူငယ်ချင်း လှထွန်း သည် သမီးတယောက်ဖခင်ဖြစ်ပြီး အိမ်ထောင်ရေး မပြေလည်။ ခင်စမ်းနှင့် လက်ထပ်ရန် ကြိုးပမ်းသည်။

စိန်လင်း၊ ခင်စမ်း၊ လှထွန်းတို့ သုံးဦး၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနှင့် မြန်မာ့ဇာတ်သဘင်လောက သဘာဝ၊ ဓလေ့စရိုက်၊ ဇာတ်သမားတို့၏ ဘဝ၊ အနုပညာနှင့်ထင်ပေါ်ကျော်ကြားတို့ အကြား အားပြိုင်မှုတို့ကို သရုပ်ဖော်ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။

ပြန်လည် ပြသခြင်း ပြင်ဆင်ရန်

၂၀၁၄ ခု၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ဤဇာတ်ကားအား ဒစ်ဂျစ်တယ်ပြောင်းကာ ဘာလင် ရုပ်ရှင်ပွဲတော်၌ ပြခဲ့သည်။