ဆေးပညာနယ်ပယ်တွင် ခွဲစိတ်ဆရာဝန် ဆိုသည်မှာ ခွဲစိတ်ကုပညာတွင် အထူးပြုသောသူ ဖြစ်သည်။ ခွဲစိတ်ကုပညာတွင် အလွန်ကျယ်ပြန့်သော ခွဲစိတ်ကုသခြင်းများပါဝင်ပြီး လူ သို့မဟုတ် တိရစ္ဆာန်၏ ခန္ဓာကိုယ်ကို ခွဲစိတ်ခြင်းဖြင့် ရောဂါဖြစ်နေသော တစ်သျှူး အပိုင်းအစကို ဖယ်ထုတ်ခြင်း သို့မဟုတ် ကွဲနေသော နေရာများကို ပြန်လည် ဆက်စပ်ခြင်း စသည်တို့ကို ပြုလုပ်ရန် ဖြစ်သည်။။ ခွဲစိတ်ဆရာဝန် များတွင် သမားတော်ကြီးများ၊ သွားဆရာဝန်များ၊ တိရစ္ဆာန်ကုဆရာဝန်များ ပါဝင်သည်။

ခွဲစိတ်ဆရာဝန်
Surgeons at Work.jpg
ခွဲစိတ်ခန်းအတွင်းမှ ခွဲစိတ်ဆရာဝန်များ
အလုပ်အကိုင်
အမျိုးအစား ပရော်ဖက်ရှင်
ပါဝင်လှုပ်ရှားသည့် နယ်ပယ် ဆေးပညာ
ဖွင့်ဆိုချက်
လိုအပ်သော ပညာအရည်အချင်း ဆေးပညာဘွဲ့
လုပ်ငန်းခွင် ဆေးရုံများ
သက်ဆိုင်သော အလုပ်အကိုင်များ ဆရာဝန်

အထူးပြုနှင့် ဆက်စပ်သော ပညာရပ်များပြင်ဆင်

  • နှလုံးခွဲစိတ်မှုပညာ (Cardiac surgery)
  • အစာလမ်းကြောင်း ခွဲစိတ်မှုပညာ (Gastrointestinal Surgery)
  • အသည်း၊ သည်းခြေလမ်းကြောင်းနှင့် ပန်ကရိယ ခွဲစိတ်မှုပညာ (Hepatobiliary and Pancreas Surgery)
  • သွားခွဲစိတ်မှုပညာ (Dental surgery)
  • ဦးခေါင်း၊လည်ပင်း၊ မျက်နှာနှင့် ခံတွင်း ခွဲစိတ်မှုပညာ (Oral and maxillofacial surgery)
  • အစားထိုး ခွဲစိတ်မှု ပညာ (Transplant surgery)