ဂန်းနမ်ခရိုင် (ကိုရီးယား: 강남구, 江南區; ဂန်းနမ်ဂူ) သည် တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တစ်ခု ဖြစ်သည်။ ဂန်းနမ်၏ အဓိပ္ပာယ်မှာ "ဟန်မြစ်တောင်ဘက်"ဟု ကိုရီယားဘာသာဖြင့် အနက်ရသည်။ ဆိုးလ်၏ တတိယအကြီးဆုံး ခရိုင်ဖြစ်ပြီး ၃၉.၅ စတုရန်းကီလိုမီတာ (၁၅.၃ စတုရန်းမိုင်) ကျယ်သည်။ ၂၀၁၇ ခု သန်းခေါင်စာရင်းအရ လူဦးရေ ၅၆၁,၀၅၂ ယောက် နေသည်။ [၁] ကြွယ်ဝမှုမြင့်မားသော ခရိုင်ဖြစ်ပြီး ၂၀၂၀ စာရင်းအရ အိမ်ခန်းတစ်ခန်း၏ ကာလပေါက်ဈေးမှာ နှစ် ၄၀ အတွင်း ၈၄ ဆ တက်လာကြောင်း တွေ့ရသည်။ ဆိုးလ်ရှိ အခြားမြေများမှာ ၆ ဆသာ တက်၏။ [၂]

ဂန်းနမ်ခရိုင်ရုံး
ဂန်းနမ်ခရိုင် ​ကောင်းကင်မြင်ကွင်း
ချောင်းဒမ်ဖက်ရှင်လမ်းမ အစပြုရာ ​ချောင်းဒမ်လူကူးမြင်းကျား

လူစည်ကားရာနေရာများ ပြင်ဆင်ရန်

 
ဂန်းနမ်ခရိုင်၏ ညခင်း
 
ဘုန်းအွန်းဆာ ဘုန်းကြီးကျောင်း
 
ဘုန်းအွန်းဆာမှ မြင်ရသော ခိုအက်စ်

လူသိများသော ဈေးဝယ်စင်တာများနှင့် ဖျော်ဖြေရေးဧရိယာများတွင် အပ်ဂူဂျောင်ရပ်ကွက် (압구정동) ရှိ ကစားကွင်းများနှင့် စားသောက်ဆိုင်များ၊ ဆမ်ဆောင်းရပ်ကွက် (삼성동) ရှိ ကိုအိတ် ခေါ် ပြပွဲစင်တာကြီး၊ ရှင်ဆာရပ်ကွက် (신사동) ရှိ တရုတ်ဆီးပင်တန်းကြီးရှိသည့် ဂါရိုဆူလမ်း (가로수길)၊ ချောင်ဒမ်ရပ်ကွက် (청담동) ရှိ အထည်ဆိုင်များဖြင့်ပြည့်နေသော ဖက်ရှင်လမ်းမတို့ ပါဝင်သည်။

ကိုးကား ပြင်ဆင်ရန်