ဂရေ့ နာတာလီ (အင်္ဂလိပ်: Grace Natalie; ၄ ဇူလိုင် ၁၉၈၂ မွေးဖွား) သည် သတင်းကြေညာသူဟောင်း တစ်ဦးဖြစ်ပြီး သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ဖူးသည်။ ယခုအခါ အင်ဒိုနီးရှား ညီညွတ်ရေးပါတီ (Partai Solidaritas Indonesia) အား ဦးဆောင်လျက် ရှိသည်။

ဂရေ့ နာတာလီ
အင်ဒိုနီးရှား ညီညွတ်ရေးပါတီ၏ ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၄ နိုဝင်ဘာ ၁၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1982-07-04) ၄ ဇူလိုင်၊ ၁၉၈၂ (အသက် ၄၁)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ, အင်ဒိုနီးရှား
နိုင်ငံရေးပါတီအင်ဒိုနီးရှား ညီညွတ်ရေးပါတီ
ကြင်ဖော်(များ)ကီဗင် အော့စမွန်
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

ပညာရေး ပြင်ဆင်ရန်

ဂျာကာတာပြည်နယ်၊ ပီနာဘာမြို့ရှိ အမှတ်(၃) အထက်တန်းကျောင်း၌ အထက်တန်းအောင်ကာ အင်ဒိုနီးရှားစီးပွားရေးနှင့်သတင်းအချက်အလက်တက္ကသိုလ် (Institute of Business and Infomatics Indonesia) တွင် စာရင်းအင်းဘာသာ ဖြင့် ပညာသင်ခဲ့သည်။[၁] ဘုရားကျောင်းရှိ တနင်္ဂနွေကျောင်းတွင် အကူသင်အဖြစ်လည်း အလုပ်လုပ်ခဲ့သည်။[၂]

အဆင့်မြင့်ပညာသင်ကျောင်းသားများအတွက်ပြုလုပ်သည့် သတင်းထောက်ပြိုင်ပွဲ အစီအစဉ်ဖြစ်သော အက်စီတီဗွီရုပ်သံ၏ ကျောင်းဝင်းထဲကအက်စီတီဗွီ (SCTV Goes to Campus) ပြိုင်ပွဲတွင် သတင်းထောက်ပညာနှင့် ထိတွေ့ခွင့်ရသည်။[၃] ဂျာကာတာနယ်တွင် ဗိုလ်စွဲနိုင်ခဲ့ပြီး နိုင်ငံလုံးအဆင့်တွင် ထိပ်သီး (၅) ဦးတွင် စာရင်းဝင်သည်။[၄]

ရုပ်သံ အလုပ် ပြင်ဆင်ရန်

ပညာပြီးဆုံးသောအခါ အက်စီတီဗွီတွင် အလုပ်ဝင်သည်။ အစောပိုင်းကာလက ရုပ်သံသတင်းထောက်ဖြစ်ခဲ့ပြီး အမှုအခင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လက်တလောဖြစ်ရပ်များကို သတင်းလိုက်သည်။ နောင်သော် လစ်ပူတန် ၆ သတင်းရုပ်သံလိုင်းသစ်တွင် သတင်းတင်ဆက်သူဖြစ်လာသည်။ သုံးနှစ်အတွင်း အက်စီတီဗွီမှ အေအန်တီဗွီ၊ ထိုမှတစ်ဆင့် တီဗွီဝမ်း သို့ ပြောင်းသည်။[၅]

နိုင်ငံရေးသမား ဘဝ ပြင်ဆင်ရန်

၂၀၁၂ ခုနှစ်၊ ဇွန်လတွင် တီဗွီဝမ်းမှထွက်ကာ ဆိုင်ဖူ မူဂျာနီ သုတေသနနှင့် အကြံပေး လုပ်ငန်း တွင် အမှုဆောင်ချုပ် ဖြစ်လာသည်။[၆] ၂၀၁၄ ရောက်သော် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ယခုအခါ ပါတီဝင် (၄) သိန်းကျော်ရှိသည့် အင်ဒိုနီးရှား ညီညွတ်ရေးပါတီ (ခေတ်သစ်လူငယ် ပါတီ ဟုလည်းခေါ်) ၏ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၉ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံအဖြစ် ယှဉ်ပြိုင်မည် ဖြစ်သည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. "Profil Grace Natalie"၊ PT. Viva Media Baru။ 27 February 2018 တွင် ပြန်စစ်ပြီး 
  2. "Grace Natalie, diskriminasi dan Clinton yang menginspirasi"၊ Beritagar.id၊ 16 December 2015။ 27 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 17 June 2018။ 
  3. "Grace Natalie: The anomaly in Indonesian politics"၊ The Jakarta Post၊ 9 April 2015။ 27 February 2018 တွင် ပြန်စစ်ပြီး 
  4. "Grace Natalie Rasakan Kepuasan Klimaks Jadi Presenter TV"၊ detikcom၊ 15 December 2011။ 27 February 2018 တွင် ပြန်စစ်ပြီး 
  5. "Profil Grace Natalie"၊ PT. Viva Media Baru။ 27 February 2018 တွင် ပြန်စစ်ပြီး 
  6. "Ini Alasan Grace Natalie Keluar dari TV One"၊ Rakyat Merdeka Online၊ 8 July 2012။ 27 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2018။ 
  7. "PSI Lolos Pemilu 2019, Grace Tulis Surat Untuk Kadernya"၊ PT Jawa Pos Grup Multimedia၊ 18 February 2018။ 27 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 27 February 2018။