ဂျန် အော (28 April 1900 – 5 November 1992) သည် ဒတ်ခ်ျလူမျိုး နက္ခတ္တပညာရှင်ဖြစ်ပြီး နဂါးငွေ့တန်း ဂယ်လက်ဆီအား လေ့လာရာတွင် သိသာထင်ရှားသည့်ပံ့ပိုးမှုများဆောင်ရွက်ခဲ့သူ၊ ရေဒီယို နက္ခတ္တပညာရပ်တွင် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်။[၁] နယူးယောက်တိုင်းမ်က သူအား ရာစုနှစ်တစ်ခုတွင် စကြဝဠာ၏ အထင်ရှားဆုံး စူးစမ်းလေ့လာသူတစ်ဦးဟု ခေါ်ဆိုခဲ့သကဲ့သို့[၂] ဥရောပ အာကာသ အေဂျင်စီ ဝဘ်ဆိုဒ်ကမူ ၂၀ ရာစု၏ အခမ်းနားဆုံး နက္ခတ္တပညာရှင်ဟု သမုတ်ခဲ့သည်။[၃] ၁၉၅၅ ခုနှစ်တွင် ဂျန်အောသည် Life magazine ၏ ထင်ရှားသော သက်ရှိထင်ရှားလူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ပြီး[၄] နယ်သာလန်နိုင်ငံအား နက္ခတ္တဗေဒ စစ်ပွဲပြီးခေတ်၏ ရှေးတန်းသို့ ပို့ဆောင်ပေးသူဟု ဖော်ပြခံရသည်။[၂] သူသည် ၁၉၃၂ ခုနှစ်တွင် ဒြပ်မှောင် (Dark matter) များ၏ တည်ရှိမှုကို အမှန်ဟုယုံကြည်ခဲ့သူလည်းဖြစ်သည်။ Oort cloud နှင့် Oort constant အစရှိသည်တို့သည် သူအားအစွဲပြုကာ မှည့်ခေါ်ခြင်းဖြစ်သည်။

ဂျန် အော
မွေးဖွား(1900-04-28)၂၈ ဧပြီ၊ ၁၉၀၀
Franeker, Friesland
ဆုံးပါး၅ နိုဝင်ဘာ၊ ၁၉၉၂(1992-11-05) (အသက် ၉၂)
လိုင်ဒန် ဟော်လန်တောင်ပိုင်း။
နိုင်ငံလူမျိုးဒတ်ချ်
နယ်ပယ်နက္ခတ္တဗေဒ
ပါရဂူဘွဲ့ ကြီးကြပ်သူJacobus Cornelius Kapteyn
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များVetlesen Prize (1966)
Kyoto Prize (1987)


ကိုးကား ပြင်ဆင်ရန်

  1. Woltjer, Lodewijk (November 1993). "Obituary: Jan H. Oort". Physics Today 46 (11): 104–05. doi:10.1063/1.2809110. Bibcode1993PhT....46k.104W. 
  2. ၂.၀ ၂.၁ Wilford၊ John။ "Jan H. Oort, Dutch Astronomer In Forefront of Field, Dies at 92"၊ 12 November 1992။ 
  3. Jan Hendrik Oort: Comet PioneerEuropean Space Agency။ 30 May 2014 တွင် ပြန်စစ်ပြီး။
  4. Katgert-Merkelijn၊ J. (2000)။ "Jan Oort, astronomer : Catalogue of an exhibition in Leiden University library, April 20 - May 27, 2000"။ Jan Oort။ Universiteitsbibliotheek Leiden။ hdl:1887/77628