ဂျာမနီနိုင်ငံ သီချင်း

နိုင်ငံတော်သီချင်း

ဂျာမနီနိုင်ငံသီချင်း (ဂျာမန်: Deutschlandlied) တရားဝင်အားဖြင့် ဂျာမန်အမျိုးသားများ၏သီချင်း (Das Lied der Deutschen) သည် ဂျာမနီနိုင်ငံ၏ နိုင်ငံတော်သီချင်းတစ်ပုဒ်ဖြစ်ပြီး ၁၉၂၂ စတင်သုံးစွဲခဲ့သည်။ ၁၉၄၉ မှ ၁၉၉၀ ခုနှစ်များအတွင်း အရှေ့ဂျာမနီ၏ နိုင်ငံတော်သီချင်းမှာ "အပျက်အစီးများမှ ထကြွလာပြီ" (Auferstanden aus Ruinen) ဟူ၍ဖြစ်သည်။

Deutschlandlied
ဂျာမနီနိုင်ငံသီချင်း
English: The Song of Germany
ဟော့ဖမန်း ဗွန် ဖာလာစ်လေဘန်၏ သီချင်းအတွက်စာသား

 ဂျာမနီ[မှတ်စု ၁]၏ နိုင်ငံတော်သီချင်း
အခြားအမည်Das Lied der Deutschen
ဂျာမန်အမျိုးသားများ၏သီချင်း (အင်္ဂလိပ်: The Song of the Germans)
စာသားသြဂတ်စ် ဟိုင်းနရစ် ဟော့ဖမန်း ဗွန် ဖာလာစ်လေဘန်, ၁၈၄၁
ဂီတဂျိုးဇက် ဟိုင်းဒင့်, ၁၇၉၇
အတည်ပြုခြင်း၁၉၂၂–၁၉၄၅
ပြန်လည်အတည်ပြုခြင်း၁၉၅၂
ယခင်သီချင်း
အသံနမူနာ

ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမနီကျဆုံးပြီးနောက် တတိယပိုဒ်ကိုသာ နိုင်ငံတော်သီချင်းအဖြစ် အသုံးပြုခဲ့သည်။ ၎င်း၏ အချီသောစာသားဖြစ်သော "စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနှင့် လွတ်လပ်မှု" (Einigkeit und Recht und Freiheit) ကို ဂျာမနီနိုင်ငံ၏ တရားဝင်မဟုတ်သော အမျိုးသားဆောင်ပုဒ်အဖြစ် ယူဆထားသည်။[၁]

တေးသံသည် ဩစတြီးယန်းတေးရေးဆရာ ဂျိုးဇက် ဟိုင်းဒင့် မှ ၁၇၉၇ ခုနှစ်တွင် ရေးသားခဲ့သော ဧကရာဇ်ဖရန်စစ်ကို ဘုရားသခင် စောင့်ရှောက်ပါစေ (Gott erhalte Franz den Kaiser) ဟူသောသီချင်းဖြစ်ပြီး မြင့်မြတ်သောရောမအင်ပါယာနှင့် နောက်ပိုင်းတွင် သြစတြီးယား၏ဘုရင်ဖြစ်သူ ဒုတိယဖရန်စစ်၏မွေးနေ့အတွက် ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ၁၈၄၁ တွင် ဂျာမန်ဘာသာဗေဒပညာရှင်နှင့် ကဗျာဆရာ သြဂတ်စ် ဟိုင်းနရစ် ဟော့ဖမန်း ဗွန် ဖာလာစ်လေဘန်သည် ဂျာမန်အမျိုးသားစည်းလုံးရေးကိုရှေးရှု၍ ထိုတေးသံအတွက် စာသားအသစ်များကိုရေးစပ်ခဲ့သည်။

ဝိုင်မာသမ္မတနိုင်ငံကာလအတွင်း ၁၉၂၂ ခုနှစ်တွင် "ဂျာမနီနိုင်ငံသီချင်း"ကို ဂျာမနီနိုင်ငံတော်သီချင်းအဖြစ် အသုံးပြုခဲ့သည်။ အနောက်ဂျာမနီနိုင်ငံသည် ၎င်း၏တရားဝင်နိုင်ငံတော်သီချင်းအဖြစ် ၁၉၅၂ ခုနှစ်တွင် ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး တတိယအပိုဒ်ကို တရားဝင်အခါသမယများတွင် သီဆိုခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ဂျာမနီနိုင်ငံပြန်လည်ပေါင်းစည်းပြီးနောက် ၁၉၉၁ ခုနှစ်တွင် တတိယအပိုဒ်ကိုသာ နိုင်ငံတော်သီချင်းအဖြစ် ပြန်လည်အတည်ပြုခဲ့သည်။ ပထမအပိုဒ် (သို့မဟုတ် ဒုတိယအပိုဒ်) သီဆိုခြင်းကို နာဇီအစိုးရ သို့မဟုတ် ယခင်အမျိုးသားရေးစိတ်ဓာတ်များနှင့် နှီးနွှယ်မှုများကြောင့် အားပေးခြင်းမရှိပေ။

စာသား ပြင်ဆင်ရန်

တတိယပိုဒ် (အထူ) ကိုသာ ခေတ်သစ် ဂျာမန် နိုင်ငံတော်သီချင်းအဖြစ် အသုံးပြုသည်။

 

ဂျာမန် အိုင်ပီအေ အင်္ဂလိပ်ဘာသာပြန်

I[မှတ်စု ၂]
Deutschland, Deutschland über alles,
Über alles in der Welt,
Wenn es stets zu Schutz und Trutze
Brüderlich zusammenhält.
Von der Maas bis an die Memel,
Von der Etsch bis an den Belt,
𝄆 Deutschland, Deutschland über alles,
Über alles in der Welt! 𝄇

II
Deutsche Frauen, deutsche Treue,
Deutscher Wein und deutscher Sang
Sollen in der Welt behalten
Ihren alten schönen Klang,
Uns zu edler Tat begeistern
Unser ganzes Leben lang –
𝄆 Deutsche Frauen, deutsche Treue,
Deutscher Wein und deutscher Sang! 𝄇

III
Einigkeit und Recht und Freiheit
Für das deutsche Vaterland!
Danach lasst uns alle streben
Brüderlich mit Herz und Hand!
Einigkeit und Recht und Freiheit
Sind des Glückes Unterpfand –
𝄆 Blüh' im Glanze dieses Glückes,
Blühe, deutsches Vaterland! 𝄇
[၂]

1
[ˈdɔʏtʃlant ˈdɔʏtʃlant yːbɐ alɛs]
[yːbɐ alɛs ɪn dɛɐ vɛlt]
[vɛn ɛs ˈʃtɛts tsʊ ʃuːts ʊnt ˈtʁʊtsə]
[bʁyːdɐ̯lɪç tsuːzamn̩ˈhɛːlt]
[fɔn dɛɐ maːs bɪs an diː ˈmeːməl]
[fɔn dɛɐ ɛtʃ bɪs an dɛn ˈbɛlt]
𝄆 [ˈdɔʏtʃlant ˈdɔʏtʃlant yːbɐ alɛs]
[yːbɐ alɛs in dɛɐ vɛlt] 𝄇

2
[ˈdɔʏtʃə ˈfʁaʊən ˈdɔʏtʃə tʁɔʏə]
[ˈdɔʏtʃɐ vaɪn ʊnt ˈdɔʏtʃɐ zaŋ]
[ˈzɔln̩ ɪn dɛɐ vɛlt ˈbɛhaltn̩]
[iːʁən altn̩ ʃøːnən klaŋ]
[ˈuns tsʊ ɛdlɐ tat bɛgaɪˈstɛʁn]
[ˈunzɐ ganˈtsɛs lɛbən laŋ]
𝄆 [ˈdɔʏtʃə ˈfʁaʊən ˈdɔʏtʃə tʁɔʏə]
[ˈdɔʏtʃɐ vaɪn ʊnt ˈdɔʏtʃɐ zaŋ] 𝄇

3
[aɪnɪçˈkaɪt ʊnt ʁɛçt ʊnt ˈfʁaɪhaɪt]
[ˈfyːʁ das ˈdɔʏtʃə fatɛɐ̯ˈlant]
[ˈdanax last ʊns alə ˈʃtʁeːbən]
[bʁyːdɐ̯lɪç mɪt ˈhɛʁts ʊnt ˈhant]
[aɪnɪçˈkaɪt ʊnt ʁɛçt ʊnt ˈfʁaɪhaɪt]
[zɪnt dɛs glʏkɛs ʊntɐpfant]
𝄆 [blyː ɪm ˈglantsə diːzəs glʏkɛs]
[blyːə ˈdɔʏtʃəs fatɛɐ̯ˈlant] 𝄇

I
Germany, Germany above all
Above all in the world
When, always, for protection and defense
Brothers stand together.
From the Maas to the Memel
From the Etsch to the Belt,
𝄆 Germany, Germany above all
Above all in the world. 𝄇

II
German women, German loyalty,
German wine and German song,
Shall retain, throughout the world,
Their old respected fame,
To inspire us to noble deeds
For the length of our lives.
𝄆 German women, German fidelity,
German wine and German song. 𝄇

III
Unity and Justice and Freedom
For the German Fatherland!
After these let us all strive
Brotherly with heart and hand!
Unity and Justice and Freedom
Are the pledge of happiness.
𝄆 Bloom in the splendour of this happiness,
Bloom, German Fatherland! 𝄇


မှတ်စု ပြင်ဆင်ရန်

  1. တတိယပိုဒ်ကိုသာ နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်သည်။
  2. ပထမပိုဒ်သည် နာဇီခေတ်နှင့် ဆက်နွှယ်နေသောကြောင့် တားမြစ်ထားသည်။

ကိုးကား ပြင်ဆင်ရန်