ဂျွန် ဟစ်ဂင်စ် (အင်္ဂလိပ်: Jobn Higgins) သည် စကော့လူမျိုး အဆင့်မြင့်စနူကာ ကစားသမားဖြစ်သည်။ ၁၉၉၂ ခုနှစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ပြောင်းလဲပြီးသည်မှစ၍ ကမ္ဘာ့ချန်ပီယံ လေးကြိမ်၊ ယူကေချန်ပီယံ သုံးကြိမ်၊ မာစတာသုံးကြိမ် အပါအဝင် ပွဲပေါင်း (၃၀) အထိအနိုင်ရရှိထားကာ ဤအားကစား၏ သမိုင်း၌ အအောင်မြင်ဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်သည်။

ဂျွန် ဟစ်ဂင်စ်
MBE
၂၀၁၅ ပေါလ် ဟန်တာကလပ်စစ်ပြိုင်ပွဲ တွင် တွေ့ရစဉ်
မွေးဖွား (1975-05-18) ၁၈ မေ၊ ၁၉၇၅ (အသက် ၄၈)
Wishaw, North Lanarkshire, Scotland
ကိုယ်စားပြု နိုင်ငံ စကော့တလန်
အမည်ပြောင်The Wizard of Wishaw
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
1992–
အမြင့်ဆုံး အဆင့်ကမ္ဘာ့အဆင့် (၁) (၁၉၉၈ မေ – ၂၀၀၀ မေ၊ ၂၀၀၇ မေ –၂၀၀၈ မေ၊ ၂၀၁၀ မေ-စက်တင်ဘာ၊ ၂၀၁၀ ဒီဇင်ဘာ - ၂၀၁၁ မေ)
ကစားသမားဘဝ
အောင်မြင်မှုများ
£ 8,051,209
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
147 (၁၀ ကြိမ်)[၁]
အမှတ် (၁၀၀) (သို့) အထက်၇၉၀
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၃၀
Minor-ranking
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၁၉
ကမ္ဘာ့ချန်ပီယံ
  • ၁၉၉၈
  • [၂၀၀၇
  • ၂၀၀၉
  • ၂၀၁၁

ခေတ်သစ်ကာလ စနူကာကမ္ဘာ့ချန်ပီယံဆုအနေဖြင့် စတီးဗန် ဟန်ဒရီ (၇)၊ စတိဗ် ဒေးဗစ် (၆)၊ ရေး ရီယာဒန် (၆)၊ ရော်နီ အို ဆူလစ်ဗန် (၅) တို့နောက် ပဉ္စမမြောက် ကစားသမားအဖြစ် ရပ်တည်လျက် ရှိသည်။ ၎င်းရရှိခဲ့သော ဆုတံဆိပ် (၃၀)သည် ဟန်ဒရီ (၃၆)၊ အို ဆူလစ်ဗန် (၃၆) တို့နောက် တတိယနေရာတွင် ရပ်တည်စေသည်။ တစ်ချီတည်းအမှတ်ဆက်တိုက် ယူနိုင်သူအဖြစ် သိရှိကြပြီး 'တစ်ချီတည်း အမှတ်ရာကျော်ယူနိုင်မှု' အကြိမ် (၇၉၀) ရှိ၍ အို ဆူလစ်ဗန်နောက် ဒုတိယလိုက်သည်။ အမြင့်ဆုံးအမှတ် (၁၄၇) ရယူနိုင်မှု (၁၁) ကြိမ်ရှိကာ အို ဆူလစ်ဗန် (၁၅)၊ ဟန်ဒရီ (၁၁) ဖြစ်၍ တတိယနေရာတွင် ရှိသည်။ ကမ္ဘာ့အဆင့်တစ်အဖြစ် လေးကြိမ်ရရှိခဲ့ဖူးသည်။[၂]

၂၀၁၀ တွင် News of the World အရွယ်အစားငယ်သည့် သတင်းစာတစ်ဆောင်က ယူကရိန်းနိုင်ငံ ဟိုတယ်အခန်းတစ်ခုအတွင်း 'လှည့်ဖျားလှည့်စားစစ်ဆင်ရေး' (sting operation) တစ်ခုကို လုပ်ဆောင်ခဲ့သည်။ ထို၌ ဟစ်ဂင်နှင့် ထိုစဉ်က ၎င်း၏မန်နေဂျာတို့ ငွေကြေးအတွက်အလို့ငှာ လာမည့်ပြိုင်ပွဲများ၏ သီးသန့်ပွဲငယ် အချို့၌ (frame) တွင် အရှုံးပေးရန်စီစဉ်နေကြသည်။ စစ်ဆေးမှုများက ၎င်းကို စွပ်စွဲချက်များမှ ရှင်းလင်းစေခဲ့သော်လည်း ကစားနည်း၏ လောင်းစားဥပဒေကို ချိုးဖောက်ရန် ဖိတ်ခေါ်ခြင်း၊ ထိုဆွေးနွေးမှုကို သဘောတူသည့် အသွင်ပြခြင်း၊ သတင်းမပေးခြင်းဖြင့် ကစားနည်းကို သိက္ခာပိုင်းကျဆင်းစေခဲ့ဖူးသည်။ ကမ္ဘာ့ဘိလိယက်နှင့် စနူကာအဖွဲ့ (WPBSA) က ဟစ်ဂင်စ်ကို အဆင့်မြင့်ပြိုင်ပွဲများမှ ခြောက်လကြာ ပိတ်ပင်ခဲ့၍ ဒဏ်ငွေ £ ၇၅,၀၀၀ ပေးဆောင်စေခဲ့သည်။ ထို့နောက် အားကစားလောကသို့ ၂၀၁၀-၁၁ ရာသီတွင် အလယ်လောက်တွင် ပြန်ရောက်ရှိခဲ့သည်။

ဟစ်ဂင်စ်သည် ၂၀၁၀၌ တတိယမြောက် ယူကေချန်ပီယံဆုရရှိခဲ့၍ ၂၀၁၁ တွင် ၎င်း၏ စတုတ္ထမြောက် ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့၏။ ယင်းနောက် အောင်မြင်မှုမရခဲ့သည့် ပုံစံကိုလည်း တွေ့ကြုံခဲ့လေသည်။ သို့သော် ၂၀၁၅ ၌ အောင်မြင်မှုများ ပြန်လည်ရရှိခဲ့ပြီး အဆင့်သတ်မှတ်သည့် ပြိုင်ပွဲသုံးခုတွင် အနိုင်ရခဲ့သည်။ ၂၀၁၇-၁၉ ကာလများတွင် ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲအထိရောက်သော်လည်း မာ့ခ် ဆဲလ်ဘီကို ၁၅-၁၈၊ မာ့ခ် ဝီလျံစ်ကို ၁၆-၁၈၊ ဂျပ်ဒ် ထရမ့်ကို ၉-၁၈ ဖြင့် အသီးသီး ရှုံးနိမ့်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Official 147s – World Snooker။ 21 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2018 တွင် ပြန်စစ်ပြီး။
  2. Cuetracker: John Higgins။ Cuetracker။ 1 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2014 တွင် ပြန်စစ်ပြီး။