ငါးတောက်တူ (ခေါ်) ကျောက်ငါးကို မိုးတွင်းအချိန်အခါတွေမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် (၇) လက်မ ဝန်းကျင်ရှိပြီး အရောင်မှာ အနက်ရောင်နှင့် ရွှေရောင် အနည်း သန်းသော ပုံသဏ္ဌာန် ရှိပါတယ်။ မိုးတွင်းပိုင်းတွေမှာ တွေ့ရတတ်တာကြောင့် အရသာမှာ ပိုဆိမ့်ပြီး အဆီပိုများတဲ့ ငါးမျိုးစိပ် တစ်ခုဖြစ်ပါတယ်။ ညှီနံ့ ပြင်းတဲ့ ငါးအမျိုးအစား ဖြစ်ပြီး ဆူးတောင်များ ပြန့်ကားပြီး အဖီးများတဲ့ ငါးမျိုး ဖြစ်ပါတယ်။

Nga Tauk Tu
ငါးတောက်တူ (ငတောက်တူ)