ငဘ ရုပ်ရှင်သည် ၁၉၆၁ခုနှစ်တွင် ဒါရိုက်တာ ဦးချစ်ခင် ရိုက်ကူးသော မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်သည်။ စာရေးဆရာ မောင်ထင်၏ ငဘ ဝတ္ထုကို အခြေခံ၍ရိုက်ကူးထားခြင်း ဖြစ်ပြီး ဖိနှိပ်ခံလယ်သမားများ၏ ခက်ခဲကြမ်းတမ်းသောဘဝကို ပုံဖော်ထားသည်။ အဆိုပါ ရုပ်ရှင်တွင် ညွန့်မောင်၊ မေနွဲ့၊ ကြည်ရွှင်၊ ပဲခူးမယ်မြင့် တို့က ပါဝင် သရုပ်ဆောင်ထားသည်။[၁] တရုတ်- မြန်မာသံတမန် ဆက်ဆံရေးထူထောင်သော နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ပြည်ရှိ မြန်မာရှေးဟောင်းရုပ်ရှင် ငဘ ဖလင်ကော်ပီကို ဒစ်ဂျစ်တယ်နည်းဖြင့် ပြုပြင်မှုများ ပြုလုပ်၍ မြန်မာနိုင်ငံအား လက်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်နှစ် ၂၀၂၀ ခုနှစ်တွင် တရားဝင် ပေးအပ်ခဲ့သည်။ [၂][၃]

ငဘ
Ngaba poster.jpg
ငဘ ရုပ်ရှင်ပိုစတာ
ဒါရိုက်တာဦးချစ်ခင် (ဒါရိုက်တာ)
စာရေးသူစာရေးဆရာ မောင်ထင်
ထုတ်ဝေသူဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ
ဖြန့်ချိသည့်နေ့
၁၉၆၁ ခုနှစ်
နိုင်ငံ မြန်မာ
ဘာသာစကား မြန်မာ

ဇာတ်လမ်းအကျဉ်းပြင်ဆင်

မြန်မာ့ကျေးလက်မှ တောင်သူလယ်သမားများ၏ ဘဝကို သရုပ်ဖော်ရိုက်ကူးထားခြင်းဖြစ်ကာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နယ်ချဲ့နှင့် ဖက်ဆစ်တို့၏ နှိပ်စက်ခံကျေးလက်ပြည်သူများ၏ဘဝ ကို သရုပ်ဖော်ရိုက်ကူးထားပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓာတ်များ၊ လွတ်လပ်ရေး အတွက် ရုန်းကန်လှုပ်ရှားကြပုံများကို ထင်ဟပ်ဖော်ပြထားသည်။

ကိုးကားပြင်ဆင်