ငါးချဉ်သည် ငါးကိုထမင်းနှင့်ဆားထည့်ကာဖိသိပ်၍လည်းကောင်း၊ စည်းနှောင်၍လည်းကောင်း ချဉ်အောင်ပြုလုပ်ထားသော စားဖွယ်တစ်မျိုးဖြစ်သည်။ ငါးချဉ်ကို များသောအားဖြင့် ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးစိမ်းနံနံပင်၊ ပဲဆီတို့ဖြင့် သုတ်ပြီး ထမင်းနှင့် စားကြသည်။ မဒေါက်တွင်မူ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ငါးချဉ်ကို နေ့လယ်စာ အဆာပြေအဖြစ်စားကြသည်။ မုန့်ဟင်းခါးထဲတွင်လည်း ထည့်စားတတ်သည်။ မြန်မာစကားပုံတွင် ကိုယ့်ငါးချဉ် ကိုယ်ချဉ် ဟူသည့်စကားပုံရှိသည်။

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်