ငှက်ချေးမြေဩဇာ
ပင်လယ်ငှက်ကြီးများ စွန့်ထုတ်သော မစင်ဖြစ်၍ ငါးရိုးဖတ်များလည်း ပါရှိတတ်သည်။ ငှက်သေကောင်၊ ငါးသေကောင်များလည်း ပါရှိသည်။ တောင်အမေရိကတိုက် အနီးအပါး ကျွန်းများမှ ကျောက်ဆောင်များတွင် တူးဖော်ယူကြသည်။ နေ့တွင် သွေ့ခြောက်လျက် နိုက်ထရိုဂျင်ဓာတ်များ ပြည့်ဝလျက်ရှိရာ မြေဩဇာအဖြစ် အသုံးပြုကြသည်။ နှစ်သက်ကြာရှည်သော အခါ ယမ်းစုန်းများ ကိန်းဝင်၍ နိုက်ထရိုဂျင်နည်းပါးသွားတတ်သည်။ ၁၇၂၃-ခုနှစ်တွင် စပိန်နိုင်ငံသား အင်ကာဂါစီလာဆိုဒါဗီဂါ ဆိုသူက စတင်ဖော်ထုတ် သုံးစွဲခဲ့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ငှက်ချေးမြေဩဇာ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |