စတားဘတ်

အမေရိကန် နိုင်ငံတကာ ကော်ဖီ ကုမ္ပဏီ

စတားဘတ် ကော်ပိုရေးရှင်း (အင်္ဂလိပ်: Starbucks Corporation) သည် အမေရိကန် ကော်ဖီ ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကော်ဖီဆိုင်တွဲများလည်း ပိုင်ဆိုင်သည်။ ၁၉၇၁ ခုနှစ်တွင် ဝါရှင်တန်ပြည်နယ်၊ ဆီရက်တယ်မြို့၌ စတင်ထူထောင်ခဲ့ရာ ၂၀၁၈ ခုနှစ်အရောက်တွင် ကမ္ဘာအနှံ့ရှိ နေရာ (၂၈ ၂၁၈) ခုတို့တွင် ဆိုင်ခွဲများ ဖွင့်ထားပြီး ဖြစ်သည်။

၂၀၁၁ ခုနှစ်၌ စတင်အသုံးပြုသည့် တံဆိပ်
ဆီရက်တယ် ရှိ ရုံးချုပ်ဖွင့်လှစ်ရာ စတားဘတ် စင်တာ အား တွေ့ရစဉ်

အမေရိကန်ရှိ ပုံမှန်ကော်ဖီဆိုင်များမှ အနံ့၊ အရသာနှင့် စားသုံးသူအတွေ့အကြုံ တို့ကို ခွဲထွက်ပြခဲ့ခြင်းကြောင့် စတားဘတ်အား ကော်ဖီလောက၏ ဒုတိယလှိုင်း ကိုယ်စားပြု အဖြစ် သတ်မှတ်ခြင်း ခံရသည်။ တတိယလှိုင်းအဖြစ် ၂၀၀၀ ပြည့်နှစ်များတွင် အကောင်းကြိုက်သည့် ကော်ဖီသမားများအတွက် လက်ဖြစ် ကော်ဖီကို ကော်ဖီရောင်းသူများက မိတ်ဆက်ပေးခဲ့သည်။ ယခုမူ အလုပ်ဖြစ်မှုကြောင့်လည်းကောင်း၊ လုပ်ငန်းခွင်လုံခြုံရေးကြောင့်လည်းကောင်း ကော်ဖီဖျော်စက်ကို စတားဘတ်တွင် ပြန်သုံးနေပြီ ဖြစ်သည်။

စတားဘတ်ဆိုင်များတွင် အပူအအေး သောက်စရာများ၊ သစ်သီးဖျော်ရည်များ၊ သွားရေစာများအပြင် ရာသီစာနှင့် ဒေသထွက်မုန့်များကိုပါ ရောင်းချပေးသည်။ ဆိုင်အများစုတွင် အသင့်ထုတ်ထားသည့် စားစရာများ ထားရှိသည်။ စတားဘတ် ညနေခင်း ဆိုင်များတွင် ဘီယာ၊ ဝိုင် နှင့် အမြည်း တို့ကို ရောင်းချပေးသည်။ စတားဘတ်တံဆိပ်တပ် ကော်ဖီ၊ ရေခဲမုန့်နှင့် ပုလင်းသွပ် ကော်ဖီအေးတို့ကို ကုန်စုံဆိုင်များတွင်လည်း ရနိုင်သည်။

၁၉၈၀ ခုနှစ်များတွင် ဆီရက်တယ်၌ အမြတ်အစွန်းကောင်းစွာ ရသည်။ ၁၉၈၀ နှောင်းပိုင်းတွင် ဗြိတိသျှကိုလံဘီယာ နှင့် အနောက်အလယ်ပိုင်းသို့ လုပ်ငန်းချဲ့ရာ အဖိတ်အစင်ရှိခဲ့သည်။ ၁၉၉၀ နှစ်များတွင် ကာလီဖိုးနီးယား၌ ဖွင့်ရာတွင်မူ ယခင်အဖြစ်အပျက်ကို သင်ခန်းစာယူနိုင်ခဲ့သည့်အတွက် တာထွက်ကောင်းသည်။ မြောက်အမေရိကပြင်ပရှိ ပထမဆုံးဆိုင်ကို ၁၉၉၆ ခုနှစ်တွင် တိုကျို၌ ဖွင့်သည်။ ၁၉၈၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတောအတွင်း တစ်နေ့လျှင် နှစ်ဆိုင်နှုန်း ဖွင့်နိုင်လာသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အမှုဆောင်အရာရှိချုပ်နေရာအား ကီဗင် ဂျွန်ဆင် တာဝန်ယူမည်ဖြစ်ကြောင်း ဟောင်းဝေါ့ ချော့ က ကြေညာသည်။ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၌ ကီဗင် စတင်တာဝန်ထမ်းသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှစ၍ ဟောင်းဝေါ့မှာ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နေရာ၌သာ နေတော့သည်။