စပါးတောင်သည် ထားဝယ်မြို့၏ အရှေ့တောင်ဘက်တွင်ရှိသည်။[၁] စပါးတောင်ပေါ်တွင် ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်း အစရှိသည့် သာသနိက အဆောက်အအုံများရှိသည်။ စပါးတောင်တက်လမ်း၏ အရှည်မှာ နှစ်မိုင်ခန့်ရှိသည်။[၂] စပါးတောင်ကို "အရှေ့ပုပ္ပါးတောင်"ဟုလည်း ခေါ်ကြသည်။[၃] လောကသရဖူ လျောင်းတော်မူဘုရားကြီးသည် စပါးတောင်၏ အနောက်ဘက်တောင်ခြေတွင် တည်ရှိသည်။[၄] အမြင့်ဆုံးအပိုင်းသည် ၂၈၀-မီတာကျော် မြင့်သည်။[၁]

စပါးတောင်
အမြင့်ဆုံးအမှတ်
အမြင့်၂၈၁[၁] m (၉၂၂ ft)
ပေါ်လွင်မှု၂၈၀[၁] m (၉၂၀ ft)
ကိုဩဒိနိတ်14°02′39″N 98°14′29″E / 14.044037°N 98.241294°E / 14.044037; 98.241294ကိုဩဒိနိတ်: 14°02′39″N 98°14′29″E / 14.044037°N 98.241294°E / 14.044037; 98.241294
အမည်ပေးခြင်း
ဘာသာပြန်"Rice Hill"(or Sabar Mountain)
ပထဝီဝင်
တည်နေရာမြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်
ဘူမိဗေဒ
တောင်အမျိုးအစားတောင်ကုန်း (Hill)

တောင်တက်လမ်း ပြင်ဆင်ရန်

စပါးတောင်တက်လမ်းသည် တောင်ပွားဘုန်းကြီးကျောင်းမှစပြီး၊ ရှင်တစ်ထောင်စေတီ၊ နတ်ရေကန်စေတီ၊ မောင်တော်ဘုရား၊ စကြာရှင်စေတီ၊ ဧရာဝဏ်ဆင်များရှင်စေတီတို့ကို ဖြတ်ကာ နောက်ဆုံး မြစိမ်းရောင်စေတီ သို့မဟုတ် စပါးတောင်ဘုရားသို့ ဆက်သွယ်ထားသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Sabar Taung Pagoda - Google Maps။ 2020-10-28 တွင် ပြန်စစ်ပြီး။
  2. စပါးတောင်တက်လမ်း ကွန်ကရစ်ခင်းမည်။ 2020-01-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-27 တွင် ပြန်စစ်ပြီး။
  3. စပါးတောင်တွင် ဉာဏ်တော် ပေရှစ်ဆယ်ကျော်ရှိ ရုပ်ပွားတော်တည်ရန် ပြင်ဆင်။ 2019-06-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-27 တွင် ပြန်စစ်ပြီး။
  4. Reclining Buddha Statue - Google Maps။ 2020-10-28 တွင် ပြန်စစ်ပြီး။