စပီရူလိုင်းနား ခေါ် စိမ်းပြာရေညှိ သည် အပူပိုင်းဒေသ မီးတောင်ဟောင်းများတွင် ရှင်သန်ပေါက်ပွားလေ့ရှိပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘုတလင်မြို့နယ်တွင်းတောင်ကနီမြို့နယ်အတွင်းရှိ တောင်ပျောက်အင်း၊ တွင်းမအင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရေခါးအင်းတို့တွင် စပီရူလိုင်းနားကို ထုတ်ယူရရှိသည်။

စပီရူလိုင်းနားထွက်ရှိသောဒေသများ ပြင်ဆင်ရန်

ကမ္ဘာပေါ်တွင် သဘာဝစပီရူလိုင်းနား ထွက်ရှိသောနိုင်ငံ (၆)နိုင်ငံရှိသည်။

မြန်မာနိုင်ငံရှိ တွင်းတောင်၊ တွင်းမအင်း၊ တွင်းမအင်း တို့ဖြစ်သည်။

မြန်မာနိုင်ငံမှ စပီရူလိုင်းနား ထုတ်လုပ်မှု ပြင်ဆင်ရန်

တွင်းတောင်မှ စိမ်းပြာရေညှိ ထုတ်လုပ်ရန် ၁၉၈၄ တွင် သုတေသနပြုပြီး ၁၉၈၈ တွင် စတင်ထုတ်လုပ်နိုင်ခဲ့သည်။[၁] တွင်းတောင်ဒေသထွက် စပရူလိုင်းနား ရေညှိကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသော ကုန်ချောဆေးဝါးတစ်မျိုးကို တောင်ကိုရီးယားနိုင်ငံကမှာယူခဲ့သဖြင့် ၂၀⁠၀၈-ခုနှစ်အတွင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တွင်းတောင်ဒေသထွက် စပီရူလိုင်းနားရေညှိကို ကုန်ကြမ်းအဖြစ်ထုတ်လုပ်ထားသည့် Spirulina Tablet Blister Cards ဆေးဝါးတစ်မျိုးကို ကိုးရီးယားနိုင်ငံက မှာယူခဲ့ပြီး ယခုနှစ်မှ စတင်တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။ တွင်းတောင်ရေညှိထွက်ကုန်အဖြစ် ပရိုဗီမင်ဆေး၊ စပီရူလိုင်းနား ဘီယာ၊ စပီရူလိုင်းနားခေါင်းလျှော်ရည် စသော ထုတ်ကုန်များကို ဝင်းသူဇာ အရောင်းဆိုင်များနှင့် ပြည်တွင်းဆေးဝါးနှင့် စားသောက်ကုန် အရောင်းဆိုင်များတွင် ရောင်းချပေးလျက် ရှိသည်။

ဆေးဝါး၊ စားသောက်ကုန်နှင့် လူသုံးကုန်များတွင် ထည့်သွင်းအသုံးပြုလျက်ရှိသော စပီရူလိုင်းနားကုန်ကြမ်း (အခြောက်) တန် ၁၅၀ ကျော်ကို တွင်းတောင်ဒေသမှ နှစ်စဉ်ထုတ်ပေးလျက်ရှိသည်။ ဘုတလင် မြစ်ရေတင်လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၊ တွင်းတောင်အင်းအနီးတွင် ၂၀⁠၀၆ ခုနှစ်မှ စတင်အကောင် အထည်ဖော်ခဲ့ပြီးနောက်ပိုင်း သိသိသာသာ ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး မိုးရွာသွန်းမှု မြင့်တက်လာခြင်း၊ မြစ်ရေတင်လမ်းကြောင်း နှင့် တွင်းတောင်အင်းအကြားရှိ မြေအောက်အက်ကြောင်းများတစ်ဆင့် စိမ်းပြာ ရေညှိများ ပေါက်ပွားသော အင်းအတွင်းသို့ ရေများ ဝင်ရောက်လာခြင်း စသည့်တို့ကြောင့် တွင်းတောင်အင်းမှ စပီရူလိုင်းနားထွက်ရှိမှုသည် တဖြည်း⁠ဖြည်းကျဆင်းလာကြောင်း ၂၀၁၃ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ယုဇနဟိုတယ်၌ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး တွင်းတောင်အင်းရှိ ကမ္ဘာ့ရှားပါး သယံဇာတ သဘာဝစပီရူလိုင်းနား စိမ်းပြာရေညှိ ထိန်းသိမ်းစောက်ရှောက်ရေး ဆွေးနွေးပွဲတွင် ပညာရှင်များက တင်ပြခဲ့ကြသည်။

စပီရူလိုင်းနား စိမ်းပြာရေညှိ နှစ်စဉ် ထုတ်လုပ်မှုပြဇယားများအရ စပီရူလိုင်းနား ထုတ်လုပ်မှုသည် ၂၀⁠၀၈ ခုနှစ်နောက်ပိုင်းတွင် ထုတ်လုပ်မှု ၁၆၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၀မှ ၂၀၁၁ ခုနှစ်တွင် ထုတ်လုပ်မှု ၁၄၀ ရာခိုင်နှုန်း သို့လည်းကောင်း၊ ၂၀၁၁ မှ ၂၀၁၂ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းနှင့် ၂၀၁၃ တွင်၂၅ ရာခိုင် နှုန်းအထိ ကျဆင်းသွားသည်ဖော်ပြထားသည်။[၂]။ ၂၀၁၄ တွင် လုံးဝ မထွက်တော့ပေ။ ထို့အတွက် အဖြေရှာရန် ဇွန် ၅ ၂၀၁၄ တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ ရေညှိဆိုင်ရာ ပညာရှင်များ၊ ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ ပညာရှင်များ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။[၁] လေ့လာချက်များအရ တွင်းတောင်ဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် တစ်နှစ် ထက်တစ်နှစ် မိုးရွာသွန်းမှုနှင့် ကန်ရေမျက်နှာ ပြင်အကျယ်အဝန်း ပြောင်းလဲလာမှုကို တွေ့ရှိရသည်။ တွင်းတောင်ကန်ရဲ့ ရေပြင်အကျယ်သည် ၂၀⁠၀၆ ခုနှစ်တွင် ၁၃၅ ပေ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၂၃၆ ပေအထိ ကျယ်ဝန်းလာသည်။

ဇွန်ဆေးဝါးထုတ်လုပ်ရေးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် စပီရူလိုင်းနာ စိမ်းပြာရေညှိ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ၂၀၁၃ ခုနှစ် တရားဝင်ထုတ်ပြန်သည့် တွင်းတောင်အင်း အချက်အလက်များအရ တွင်းတောင်အင်း တွင် ၂၀⁠၀၃ ခုနှစ်နှင့် ၂၀⁠၀၆ ခုနှစ် အကြားတွင် မိုးရေချိန် လက်မ ၄၀ ပတ်ဝန်းကျင် အကြားရှိသော်လည်း ကန်၏ ရေမျက်နှာပြင်အနက်မှာ ၃၀ လက်မ အတွင်းရှိပြီး ရေမျက်နှာပြင်ပြောင်းလဲမှုများစွာမရှိဘဲ ၂၀⁠၀၆ ခုနှစ်နောက်ပိုင်းတွင် မိုးရေချိန် လက်မ ၄၀ ကျော် ၅၀ ကြားသို့ မြင့်တက်လာကာ ကန်ရေမျက်နှာပြင်အနက်မှာ အမြင့်ဆုံး ၆၅ လက်မ အထိ သိသိသာသာပြောင်းလာသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ တွင်းတောင်ကို ဘယ်လိုပြန်အသက်သွင်းမလဲ။ 2 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ၊ ၂၀၁၄ တွင် ပြန်စစ်ပြီး။ဇွန် ၂၀၁၄ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ တွင်းတောင် သဘာဝ စပီရူလိုင်းနား ထွက်ရှိမှုလျော့ကျလာ။ ၂၆ ၊ ၂၀၁၄ တွင် ပြန်စစ်ပြီး။ဇွန် ၂၀၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]