စိုက်ခင်းများတွင် ပျိုးကြဲပြီးစကာလတွင် ငှက်များသည် စပါးပဲ စသောမျိုးစေ့များကို လာရောက်စားတတ်ကြ၏။ တောင်သူလယ်သမားများသည် မျိုးစေ့များကို စားသောက်ခြင်းမှ ကာကွယ်ရန် စာခြောက်ရုပ် ပြုလုပ်ကာ ငှက်များကို ခြောက်လှန့်ကြသည်။ ငှက်အမျိုးမျိုးလာရောက်စားကြသော်လည်း စာကလေးဟုခေါ်သော ငှက်ငယ်များကသာ အများဆုံး စားသောက်ဖျက်ဆီး တတ်ကြသည်။ စာကလေးများကို အဓိကထား ခြောက်လှန့်ရာမှ စာခြောက်ရုပ်ဟု ခေါ်ဝေါ်ခြင်း ဖြစ်ဟန်တူသည်။

ပြုလုပ်ပုံ ပြင်ဆင်ရန်

ဝါးအသေးနှစ်လုံးကို အပေါင်းလက္ခဏာ (+) ပုံစံဖြစ်အောင် ကြိုးဖြင့်ချည်သည်။ ထို့နောက် ဝါးလုံးကို ကောက်ရိုးဖြင့် ပတ်ကာ လူပုံသဏ္ဌာန် ဖြစ်အောင် ပြုလုပ်၏။ အပေါင်းလက္ခဏာ၏ အပေါ်ဘက်ကို ဦးခေါင်းပုံစံဖြစ်အောင် ပြုလုပ်ကြသည်။ ဦးခေါင်းပုံစံပြုလုပ်ရာတွင် ပိုမိုပီပြင်စေရန် ဦးထုပ်ခမောက်စသော လူ့အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်ပေးကြသည်။ အပေါင်းလက္ခဏာ၏ ဘယ်၊ ညာ နှစ်ဖက်ကိုမူ လက်ပုံသဏ္ဌာန်ဖြစ်အောင် ပြုလုပ်ကြသည်။ အလယ်ပိုင်းတွင် အင်္ကျီဝတ်ဆင်ပေးကြသည်။ အောက်ပိုင်းတွင်မူ ပုဆိုးထဘီစသည်တို့ကို ဝတ်ဆင်ပေးကာ လူနှင့် တူစေရန် အမျိုးမျိုးပြုလုပ်ကြသည်။ စာခြောက်ရုပ်ကို လူများသီးနှံဆွတ်ခူးနေဟန်သော်လည်းကောင်း၊ မတ်တပ်ရပ်ကာ ပေါက်ပြားကိုင်နေဟန်သော်လည်းကောင်း နှစ်သက်ရာ လူတို့၏ အပြုအမူ၏ အမျိုးမျိုး ပြုလုပ်ကာ ငှက်တို့ကို ခြောက်လှန့်ကြ၏။ ပြုလုပ်သူပေါ်မူတည်၍ ပုံသဏ္ဌာန် နှင့် အနေအထားမှာ ကွဲပြားသည်။

ကိုးကား ပြင်ဆင်ရန်