စာပေဗိမာန် စာတမ်းဖတ်ပွဲ(၁၉၉၁)
စာပေဗိမာန် စာတမ်းဖတ်ပွဲ (၁၉၉၁)
ပြင်ဆင်ရန်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း၊စာပေ ဗိမာန်အဖွဲ့က ဂန္ထဝင်စာပေစာတမ်း ဖတ်ပွဲကို ကုန်သည်လမ်းစာပေဗိမာန် ပြည်သူ့စာကြည့်တိုက် ခန်းမ၌ ၁၉၉၁ ခုနှစ်မတ်လ ၅ ရက်နေ့မှ မတ်လ ရ ရက် နေ့အထိသုံးရက်ကျင်းပသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း၊ စာပေ ဗိမာန်အဖွဲ့သည် မြန်မာစာပေ ဖွံ့ဖြိုးမှုကိုဦးတည်ပြီး ၁၉၆၅ ခုနှစ်ကစ၍ စာတမ်းဖတ်ပွဲများ ကျင်းပခဲ့ရာ ဂန္ထဝင်စာပေစာတမ်းဖတ်ပွဲအပါအဝင် ၂၂ ကြိမ် ရှိပြီဖြစ်သည်။၁၉၉၁ ခုနှစ်ဂန္ထဝင်စာပေစာတမ်းဖတ်ပွဲတွင် ဂန္ထဝင် စာပေဟူသည်စာတမ်း၊ ရှေးခေတ်မြန်မာဂန္ထဝင်စာပေစာတမ်း၊မြန်မာဂန္ထဝင် ကဗျာစာတမ်း၊ နိုင်ငံတကာဂန္ထဝင်စာပေစာတမ်း၊ မြန်မာဘာသာပြန်ဂန္ထဝင ်စာပေစာတမ်း၊ ခေတ်ပေါ်မြန်မာ ဂန္ထဝင်စာပေစာတမ်းဟူ၍ စာတမ်း ခြောက်စောင်ဖတ်ကြား တင်သွင်းသည်။ ဂန္ထဝင်စာပေဟူသည်စာတမ်းကို ဦးမျိုးသန့် (မောင်ဆုရှင်)ကတင်သွင်းဖတ်ကြားရာတွင် ဂန္ထဝင်စာပေသည် သုတစာပေနှင့် ရသစာပေနှစ်ရပ်ပါဝင်သော၊ လင်္ကာ စကားပြေနှစ်ရပ်ပါ ဝင်ပုံ၊ ဝတ္ထုနှင့်ဝတ္ထုမဟုတ်သောစာပေများ ပါဝင်ပုံနှင့်ဂန္ထဝင်စာပေသည် အချိန်ကာလနှစ်ပရိစ္ဆေဒတို့ကို ဖြတ်ကျော်ရပ်တည်လျက်ရှိသော သဘောက ိုဆောင်ပုံ၊ ဂန္ထဝင်စာပေဟူ၍သတ်မှတ်ရေး၌ စာဖတ်သူများ၏ သဘောမျှခြင်းနှင့် လက်သင့်ခံခြင်းတို့အပေါ်တွင် တည်နေပုံ၊ ဂန္ထဝင်မြောက် ဟူသောအသုံးအနှုန်းကိုမူ သီးခြားဘာသာပြန်များ၊ကျမ်းများတွင်အတွေ့များ ပုံနှင့် ဂန္ထဝင် မြောက်ဟုဆိုခြင်းမှာ စံထားအပ်သောအနှစ်သာရများ ပါရှိသည့်ကျမ်းဟုဆင့်ပွား အဓိပ္ပာယ်သက်ရောက်ပုံ၊ ထို့ပြင်ဂန္ထဝင်စာပေကို ခိုင်မြဲတည်တံ့၍ အကျိုးတစ်စုံ တစ်ရာသက်ရောက်မှုရှိသောစာပေဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပုံ၊ ကမ္ဘာ့စာပေပညာရှင်များက ဂန္ထဝင်စာပေကို သဘောပေါက် နားလည်မှုအမျိုးမျိုးရှိကြပုံစသည်ဖြင့် ဖတ်ကြားတင်ပြသည်။ ရှေးခေတ်မြန်မာဂန္ထဝင်စာပေ စာတမ်းကိုစာရေးဆရာမောင်ခင်မင်(ဓနုဖြူ) က ဖတ်ကြားတင်သွင်းသည်။ စာတမ်းတွင်ဤစာတမ်းသည် ရှေးခေတ်တွင်ပေါ်ထွန်းခဲ့သော မြန်မာဂန္ထဝင်စာပေများကို လေ့လာတင်ပြသည့် စာတမ်းဖြစ်ပုံ၊ရှေးခေတ်ဆိုရာတွင် ပုဂံခေတ်မှကုန်းဘောင်ခေတ်အဆုံးအထ ိကာလကိုသတ်မှတ်ပုံနှင့် မြန်မာဂန္ထဝင် စာပေဆိုသည်မှာဂုဏ်၊အလင်္ကာ၊ ရသမြောက်သော စာပေ၊ စံတင် လောက်သောစာပေ၊ စာပေဩဇာ သက်ရောက်လျက် ရှိသော စာပေအဖြစ်ခေတ်အဆက်ဆက် ကြံ့ကြံ့ခံရပ်တည်သော စာပေကျမ်းဂန်သမိုင်းဝင် စာကောင်းပေမွန်တို့ ဖြစ်ကြပုံကိုတင်ပြသည်။
ဂန္ထဝင်စာပေများပေါ်ပေါက်စေရန် အားပြုပေးသော အကြောင်းအရာများ အဖြစ် ဗုဒ္ဓဘာသာနှင့်ဗုဒ္ဓစာပေ၊ မြန်မာစာပေကိုလမ်းခင်းပေးသောပါဠိစာပေ၊ မွန်စာပေ အဖွဲ့များဟူသောအကြောင်းသုံးရပ်သည် အခြေခံကျသော အကြောင်းများဖြစ်ပုံ၊ စသည်တို့ကိုဖတ်ကြားတင်ပြသည်။ မြန်မာဂန္ထဝင်ကဗျာစာတမ်းကို ဦးစိုးညွှန့်(ထီလာစစ်သူ)က တင်သွင်း ဖတ်ကြားသည်။ စာတမ်း တွင်မြန်မာကဗျာသမိုင်းသည်မြန်မာစာပေသမိုင်း ပင်ဖြစ်ပုံကို သမိုင်းအထောက်အထားများကဖော်ပြနေပုံ၊ မြန်မာစကားပြေနှင့် မြန်မာကဗျာသည်အတူတူတွဲဖက်၍ ထွက်ပေါ်လာခဲ့ပုံ၊ မည်သည့်အရာက ရှေးဦးကျသည်ကို မည်သူမျှအတိအကျမပြောနိုင်ပုံ၊သို့သော်မြန်မာကဗျာတွင် အမျိုးအစားတစ်ရပ် အဖြစ်ပါဝင်သော သီချင်းအဖွဲ့သည် ၈ဝ၂ ခုနှစ် တရုတ်နိုင်ငံ ရောက်ပျူသံအဖွဲ့ ဆောင်းပါး၌ ဖော်ပြချက်အရ မြန်မာကဗျာသည် ထွန်းကားနေပြီးဖြစ်ပုံ။
မြန်မာ့ယဉ်ကျေးမှုထွန်းကားသော ပုဂံ၊ပင်းယ၊မြင်စိုင်း၊ စစ်ကိုင်း၊အင်းဝ၊ တောင်ငူ၊ညောင်ရမ်း၊ကုန်းဘောင်၊ နယ်ချဲ့ကိုလိုနီခေတ်၊ ဒုတိယကမ္ဘာစစ် အတွင်းဂျပန်ခေတ်၊ စစ်ပြီးကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊တော်လှန်ရေး အစိုးရခေတ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ခေတ်တို့ တွင်ထွန်းကားသော မြန်မာဂန္ထဝင်ကဗျာများ အကြောင်းနှင့် ဂန္ထဝင်ကဗျာ၊ ဂန္ထဝင်စာပေသည် မြန်မာနိုင်ငံတွင်လည်းကောင်း၊ နိုင်ငံတကာတွင်လည်းကောင်း၊ ပထမတန်းစာစာပေ၊ ထူးခြားထင်ရှားသည့်စာပေ၊ ရှေးကျသည့်စာပေဖြစ်သည်ဟူသော အသုံးအနှုန်းတို့ဖြင့် သုံးနှုန်းသော သဘောကိုဆောင်သည့် စာပေဟူ၍ ပစ္စုပ္ပန်ကာလတွင် ဖွင့်ဆိုနိုင်ပုံစသည်ကိုတင်ပြသည်။နိုင်ငံတကာဂန္ထဝင်စာပေစာတမ်းကိုဦးတင်ထွေး(တင်ထွေး) က တင်သွင်းဖတ်ကြားသည်။ စာတမ်း တွင်နိုင်ငံတကာဂန္ထဝင်စာပေနှင့် ပတ်သက်၍ နိုင်ငံတကာ စာပေလောကတွင် ငြင်းခုံမှုများရှိခဲ့ပြီးရှိနေဆဲဖြစ်ပုံ၊ နိုင်ငံတကာဂန္ထဝင်စာပေ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့ကြပုံများကို တင်ပြထားသည်။
စာအုပ်တစ်အုပ်သည် နိုင်ငံတကာစာပေလောကတွင် လူကြိုက်များနေမည်၊ လူဖတ်များမည်၊ ယင်းသို့ လူကြိုက်များခြင်း၊ လူဖတ်များခြင်းများလည်း နှစ်ပေါင်း များစွာကြာအောင်ရပ်တည်နေမည်ဆိုပါက ယင်းစာအုပ်ကို နိုင်ငံတကာဂန္ထဝင်စာအုပ် (ဝါ) နိုင်ငံတကာဂန္ထဝင်စာပေဟု ခေါ်ဆိုနိုင်ပုံစသည်တို့ကို တင်ပြထားသည်။ မြန်မာဘာသာပြန် ဂန္ထဝင်စာပေ စာတမ်းကို ဦးကျော်ဆွေ(မင်းကျော်)က တင်သွင်းသည်။ စာတမ်းတွင် မြန်မာဘာသာပြန် ဂန္ထဝင်စာပေဟူရာတွင် အဓိကအားဖြင့် မျက်မှောက်ကာ လ၌ အနောက်တိုင်းအင်္ဂလိပ်ဘာသာမှ မြန်မာ ဘာသာသို့ပြန်ဆိုခြင်းဟု နားလည်ထားကြပုံ၊ မြန်မာတို့တွင် မြန်မာစာပေါ်ဦးအစကပင်အင်္ဂလိပ်မူရင်း မှ ဘာသာပြန် မဟုတ်သောဘာသာပြန်လုပ်ငန်းကြီးရှိခဲ့ပုံ၊မြန်မာစာပေါ်ဦးစ၊ မြန်မာနိုင်ငံကိုတည်ထောင်စကာလ အနော်ရထာမင်း၏သက္ကတစာဖြင့်ရေး သားသောအုတ်ခွက်စာများ၊ ပါဠိစာဖြင့် ရေးသားသောအုတ်ခွက်စာများကို အထောက်အထားပြု၍ မြန်မာတို့သည်မူလကပင်ပါဠိသက္ကတဘာသာတို့ဖြင့် ရင်းနှီးခဲ့သည်ဟုသိရှိရပုံ၊ သက္ကတဘာသာသည် မဟာယာန ဗုဒ္ဓဘာသာနှင့်ဆက်နွယ်ပြီး ပါဠိဘာသာမှာမူ ထေရဝါဒဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည်ကို မှတ်သားရပုံ၊ မြန်မာတို့သည်ထေရဝါဒ ဗုဒ္ဓဘာသာက ိုလက်ခံ၍ ဗုဒ္ဓယဉ်ကျေးမှုအစစ်အမှန်ကို လက်ခံလာသောအခါ သက္ကတကိုလည်း ပစ်ပယ်လာကြလိမ့်မည်ဟု ယူဆရပုံ၊ မြန်မာစာပေသည ် ဗုဒ္ဓယဉ်ကျေးမှု အခြေခံဖြစ်သော ပါဠိစာပေကိုလေ့လာခဲ့ကြဟန်ရှိပုံ၊မြန်မာ တို့သည်တိုင်းခြားဘာသာဖြစ်သော ပါဠိစာကို ဗုဒ္ဓဘာသာစာပေအဖြစ် လက်ခံလာချိန်မှာပင် မြန်မာတိုင်းရင်းသားများ၏ စာပေဖြစ်သောပျူစာ၊ မွန်စာတို့သည်လည်း ဆက်လက် ရှင်သန်လာပုံစသည်တို့ကိုတင်ပြ ထားသည်။ ခေတ်ပေါ်မြန်မာဂန္ထဝင် စာပေစာတမ်းကို ဦးကျော်အောင် (ကျော်အောင်)ကဖတ်ကြားသည်။
စာတမ်းတွင်ခေတ်ပေါ်ဟူသည့်ကာလကို သီပေါမင်း ပါတော်မူသည့်နှစ်မှ မြန်မာပြည်လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်အထိသတ်မှတ်ကြောင်း၊ ကိုယ်မင်းကိုယ်ချင်း ဘဝမှ အင်္ဂလိပ်လက်အောက်ခံကျွန်ဘဝသို့ ကူးပြောင်းလာ သည့်အခါ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုနှင့်စာပေစသည်တို့ အသွင်ပြောင်းလာပုံ အတွေ့အကြုံသစ်များကို တဖြည်းဖြည်းလက်ခံ၍ စာပေအသွင်ကူးပြောင်းသည့်သဘောကို ဦးစွာပထမ တင်ပြသဖြင့် ခေတ်နှစ်ခေတ်ပေါင်းကူးသည့် သဘောကိုနားလည်နိုင်ပုံ၊ ဤကာလမှာ နှစ်ဆယ်ရာစုခေတ်ဦး အထိအနှစ် ၂ဝ ခန့်ကြာမည်ဟုယူဆရပုံ၊ ပုဂံခေတ် ကျောက်စာတွင် ပို၍ထူးခြားလာသည်မှာ ရသစာပေ၌ ကဗျာ အရေးအသားနှင့်အရေးတော်ပုံ ရာဇဝင်စကားပြေများ ထူးထူး ခြားခြားတိုးပွားလာပုံ၊ သီပေါလက်ထက်ထိဂန္ထဝင် စာပေတွင်စကားပြေအရေးအသား အားနည်းခဲ့ပုံ၊လူ့ဘဝပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များကို ထင်ဟတ်သည့် သရုပ်ဖော်ရသစာပေမျိုးအားနည်းခဲ့ပုံ၊ ၂ဝ ရာစုဦးမှစ၍ မြန်မာစကားပြေအသုံးများလာပြီးကာလပေါ်ဝတ္ထုအဖွဲ့ကို မြန်မာစာပရိသတ်က လက်ခံလာပုံ၊ ခေတ်ပေါ်စာပေရေစီးကြောင်းတွင် ဘဝ ပတ်ဝန်းကျင်ကိုတန်ဖိုးထားထင်ဟတ်သည့် သရုပ်ဖော်ရသ စာပေအဖွဲ့ အင်တိုက်အားတိုက် စီးဝင်နိုင်ပုံ စသည်တို့တင်ပြထားသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ နှစ်ချုပ်၊ ၁၉၉၂