စောမိုးမြင့် ခေါ် ဆင်မြူရယ် (၂ ဇန်နဝါရီ ၁၉၄၇ မွေးဖွား) သည် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ရွေးကောက်တင်မြှောက်ခံရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။[၁][၂] သူသည် ပါလီမန်ခေတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ သစ်တောနှင့်သတ္တုဝန်ကြီးဌာန ဝန်ကြီး ဦးစောလုံ၏သားဖြစ်ပြီး သတ္တုတူးဖော်ရေး အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။

စောမိုးမြင့်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကရင်ပြည်နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၃၄၈၄၉ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1947-01-02) ၂ ဇန်နဝါရီ၊ ၁၉၄၇ (အသက် ၇၇)
တောင်ငူမြို့
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)နော်ဘေဘီသန်း
မိဘဦးစောလုံ (ဖခင်)
ဒေါ်စောမြတ် (မိခင်)
နေထိုင်ရာအင်းစိန်မြို့နယ်
ပညာရေးB.E (mining), P.E (mining)

အစောပိုင်းဘဝ ပြင်ဆင်ရန်

ရန်ကုန်စက်မှုတက္ကသိုလ်မှ သတ္တုတွင်း အင်ဂျင်နီယာဘွဲ့ရရှိပြီး[၁] (၁၉၇၁)ခုနှစ်မှ (၂၀၀၉)နှစ်အထိ သတ္တုတွင်းဝန်ကြီးဌာနတွင် သတ္တုတွင်းဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သီပေါ ဂေါဒန်သတ္တုတွင်းနှင့် ကလေးဝ ကျောက်မီးသွေးတွင်းများတွင် နိုင်ငံပိုင်စက်ရုံများအတွက် ဂေါဒန်ကျောက်နှင့်ကျောက်မီးသွေးများ ထုတ်လုပ်သည့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ အမှတ်(၁)သံနှင့်သံမဏိစက်ရုံ(ပြင်ဦးလွင်)တွင် အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ရင်း (၂၀၀၉)ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

စောမိုးမြင့်(သတ္တုတွင်း) ကလောင်အမည်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သတ္တုတွင်းအသိပညာပေးရေး စာပေများကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေများရေးသားလျက်ရှိသည်။

နိုင်ငံရေး ပြင်ဆင်ရန်

စက်မှုတက္ကသိုလ်တက်ရောက်ခဲ့သည့် (၁၉၆၅-၁၉၇၁)တွင် ရန်ကုန်တက္ကသိုလ်များ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ငွေကြေးချို့တဲ့သော ကျောင်းသား/သူများအား ထောက်ပံ့ရန်ဖွံ့စည်းခဲ့သော စေတနာရှင်အသင်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ သတ္တုတွင်းဝန်ထမ်းဘဝတစ်လျှောက် မိမိသတ္တုတွင်းပတ်ဝန်းကျင်၊ စက်ရုံပတ်ဝန်းကျင် ကျေးရွာများအား ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်အဆင့်မြှင့်တင်ခြင်းနှင့် ယိုယွင်းနေသော စာသင်ကျောင်းများ ပြုပြင်ပေးခြင်းများအား ကျေးရွာလူထုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် ကရင်ပြည်သူ့ပါတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် မြန်မာအစိမ်းရောင်ကွန်ယက်(Myanmar Green Network)တို့တွင် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ကရင်ပြည်သူ့ပါတီမှ နုတ်ထွက်ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရွေးချယ်ခံခဲ့ရသည်။ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။[၃][၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Mp Profile (in my)။ အမျိုးသားလွှတ်တော်။ 5 September 2018 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. Mp Profile (in my)။ ပြည်ထောင်စုလွှတ်တော်။ 5 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 2018-08-22 တွင် ပြန်စစ်ပြီး။
  4. Open Hluttaw[လင့်ခ်သေ]