ဆင်ဘိုမြို့
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြို့
ဆင်ဘိုမြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ ဧရာဝတီမြစ် ပထမမြစ်ကျဉ်း၏ မြစ်ညာဘက် ၁၄ မိုင်ခန့်တွင် တည်ရှိသည်။ ယခင်က ကျေးရွာကလေးဖြစ်သော်လည်း ၂၀၀၂တွင် မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဆင်ဘိုမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 25°22′N 97°23′E / 25.367°N 97.383°E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ကချင် |
ခရိုင် | မြစ်ကြီးနား |
မြို့နယ် | မြစ်ကြီးနား |
လတ္တီကျု | (၂၅)ဒီဂရီ၊ (၂၂)မိနစ် |
လောင်ဂျီကျု | (၉၇)ဒီဂရီ၊ (၂၃)မိနစ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၀,၆၅၅[၁] |
အချိန်ဇုန် | မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
လမ်းပန်းဆက်သွယ်ရေး
ပြင်ဆင်ရန်ရေလမ်းဖြင့် မြစ်ကြီးနားသို့ မော်တော်များ၊ ဗန်းမော်သို့ စက်လှေများ၊ ရှပ်ပြေးယာဉ်များဖြင့် သွားလာနိုင်သည်။ ယခုအခါ အနောက်ဘက်တွင် မန္တလေး-မြစ်ကြီးနားမီးရထားလမ်း၊ ကားလမ်းပေါ်ရှိ ဟိုပင်သို့လည်းကောင်း၊ အရှေ့ဘက်တွင် ကေအိုင်အေထိန်းချုပ်သည့်နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့သို့လည်းကောင်း မော်တော်ကားလမ်း ဖောက်လုပ်ထားပြီးဖြစ်သည်။
လူဦးရေနှင့်လူမျိုးများ
ပြင်ဆင်ရန်အများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
ဤ ကချင်ပြည်နယ် ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |