ဆရာဝန်တစ်ဦးမှ ကိုယ်ဝန်ဆောင်အား စစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်အား စောင့်ရှောက်ခြင်း ဆိုသည်မှာ ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း အမျိုးသမီးများခံယူသင့်သည်ဟု အကြံပြုထားသော ဆေးဝါးကုသမှုနှင့် သူနာပြုစုစောင့်ရှောက် ခြင်းတို့ကို ရည်ညွှန်းသည်။ ကောင်းမွန်သော ကိုယ်ဝန်ဆောင် ပြုစုစောင့်ရှောက်ခြင်း၏ ရည်ရွယ်ချက်မှာ ဖြစ်နိုင်ရန် အလားအလာရှိသော ပြဿနာအခက်အခဲများကို ရှာဖွေတွေ့ရှိနိုင်ရန်၊ ဖြစ်နိုင်လျှင် ကြိုတင် ကာကွယ်ရန် (အာဟာရဓာတ်၊ လေ့ကျင့်ခန်း၊ ဗီတာမင် စားသုံးမှုပမာဏ စသည်တို့ လုံလောက်စွာ ရရှိနိုင်ရန်အတွက် ထောက်ခံချက်များပေးခြင်းတို့ဖြင့်) နှင့် လိုအပ်ပါက အမျိုးသမီး အား သင့်လျော်သော အထူးကုများ၊ ဆေးရုံများ စသည်တို့အား ညွှန်ပြနိုင်ရန်အတွက် ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပုံမှန် ကိုယ်ဝန်ဆောင် ပြုစုစောင့်ရှောက်မှု ရယူနိုင်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း နှင့် ကိုယ်ဝန်ပျက်ကျခြင်းနှုန်းများကို လျော့နည်းလာစေရုံသာမက ချွတ်ယွင်းချက်များဖြင့် မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားခြင်းနှင့် မွေးကင်းစကလေးငယ်များတွင် ဖြစ်တတ်သော အခြား ကြိုတင်ကာကွယ် နိုင်သော ပြဿနာအခက်အခဲများကို လျှော့ချရာတွင် အခန်းကဏ္ဍတစ်နေရာမှ ပါဝင်နေပေသည်။တိရစ္ဆာန်များအား လေ့လာချက်များအရ သားဥကြွေခြင်းမတိုင်မီနှင့် သန္ဓေတည်သောကာလအတွင်း မိခင်၏ ဓာတ်စာ (ဖြစ်နိုင်လျှင် ဖခင်အပါအဝင်)၊ ဗီတာမင်ဓာတ်စားသုံးမှုပမာဏနှင့် ဂလူးကို့စ်ပမာဏ တို့သည် သန္ဓေသားကြီးထွားမှုနှင့် ဆယ်ကျော်သက်အရွယ်နှင့် အရွယ်ရောက်သောအချိန်တွင် ဖြစ်သော ရောဂါများအထိ ရည်ရှည် အကျိုးသက်ရောက်မှုရှိကြောင်းကို ညွှန်ပြနေပါသည်။ ကိုယ်ဝန်ဆောင်မိခင်အားစောင့်ရှောက်ခြင်း ရရှိနိုင်ခြင်းကြောင့် ပုဂ္ဂလိကကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများ အထိုက်အလျောက် ရရှိနေစဉ်၊ လူမှုစီးပွားပြဿနာများကဖွံ့ဖြိုးပြီး နိုင်ငံအတော်များများတွင်သာမက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ပါ ၎င်းအား ယုံကြည်လက်ခံကျင့်သုံးခြင်းကို တားဆီးနေပေသည်။ ကိုယ်ဝန်ဆောင်နေစဉ် အလေ့အကျင့်တစ်ခုမှာ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်များ ကာကွယ်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်အား ဖောလစ်အက်ဆစ် အနည်းဆုံး 400 mcg နှင့်အတူ ဗီတာမင်ဓာတ်များ တိုက်ကျွေးရန်ဖြစ်သည်။

ဆရာဝန်တစ်ဦးမှ ကိုယ်ဝန်ဆောင်အား စစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်အား စောင့်ရှောက်ခြင်း ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်အား စောင့်ရှောက်ခြင်းတွင် ယေဘုယျအားဖြင့် ပါဝင်သောအရာများမှာ- ပထမ သုံးလပိုင်းကာလတာ နှစ်ကြိမ်အတွင်း လစဉ်သွားရောက်ပြသမှု (1–28 ပတ်အတွင်း) ၁။ ကိုယ်ဝန်ဆောင်နေစဉ် 28 ပတ်မှ 36 ပတ်အတွင်း နှစ်ပတ်တစ်ကြိမ် ၂။36 ပတ် နောက်ပိုင်း အပတ်စဉ် (38–40ပတ်အတွင်း မီးဖွားသည်) ၃။ မိဘတို့၏ လိုအပ်ချက်များနှင့် မိသားစု၏ တတ်နိုင်စွမ်းများကို အကဲဖြတ်ခြင်း

ကျန်းမာရေးစစ်ဆေးခြင်း ပြင်ဆင်ရန်

ကျန်းမာရေး စစ်ဆေးခြင်းများတွင် ယေဘုယျအားဖြင့် ပါဝင်သောအချက်များမှာ - ၁။(မိခင်၏) ဆေးဝါးကုသမှုမှတ်တမ်းအား စုဆောင်းခြင်း ၂။(မိခင်၏) သွေးပေါင်ချိန်အား စစ်ဆေးခြင်း ၃။(မိခင်၏) အရပ်နှင့် ကိုယ်အလေးချိန် ၄။ တင်ပါးဆုံရိုး စစ်ဆေးခြင်း ၅။ သန္ဓေသား၏ နှလုံးခုန်နှုန်းအား ဒေါ့ပလာစနစ်ဖြင့် ဖမ်းယူနားထောင်ခြင်း ၆။(မိခင်၏) သွေးနှင့် ဆီး စစ်ဆေးမှုများ ၇။ ပြုစုစောင့်ရှောက်သူနှင့် ဆွေးနွေးတိုင်ပင်ခြင်း

အာလ်ထရာဆောင်းခေါ်နှုန်းလွန်အသံလှိုင်း စစ်ဆေးခြင်း ပြင်ဆင်ရန်

 
အာရ်လ်ထရာဆောင်း ဟုအများခေါ်သည့် ဝမ်းတွင်းသို့ ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် မြင်တွေ့နေရသော သန္ဓသေား၏တည်ရှိနေပုံ။

သားဖွားပညာနှင့်ဆိုင်သော အာလ်ထရာဆောင်း စစ်ဆေးချက်များကို အများအားဖြင့် သုံးလပိုင်း ဒုတိယအကြိမ် အတွင်းဖြစ်သော အပတ် 20 ခန့်တွင် ဆောင်ရွက်လေ့ရှိသည်။ အာလ်ထရာဆောင်း စစ်ဆေးချက်များသည် အတော်အတန် လုံခြုံစိတ်ချမှုရှိသည်ဟုယူဆထားပြီး ကိုယ်ဝန်ဆောင် စစ်ဆေးခြင်းအတွက် 35 နှစ်ကျော်ကြာ အသုံးပြု လျက်ရှိသည်။ အာလ်ထရာဆောင်းအား အခြားအရာများအနက် အောက်ဖော်ပြပါ အချက်များအတွက်လည်း အသုံးပြုပါသည်။- ၁။ ကိုယ်ဝန်အား ရောဂါလက္ခဏာ စစ်ဆေးခြင်း (ပုံမှန်မဟုတ်သော) ၂။ တစ်ယောက်ထက်ပိုသော သန္ဓေသားများအား စစ်ဆေးခြင်း ၃။ သန္ဓေသား၏ လိင်အမျိုးအစားအား ဆုံးဖြတ်ခြင်း ၄။ မိခင်အတွက် ဖြစ်နိုင်ချေရှိသော အန္တရာယ်များအား ခန့်မှန်းခြင်း (ဥပမာ - ကိုယ်ဝန်ပျက်ကျခြင်း၊ မမျိုးဥပျက်စီးခြင်း၊ သန္ဓေတည်မှု နေရာမမှန်ကန်ခြင်း သို့မဟုတ် စပျစ်သီးသန္ဓေတည်ခြင်း) ၅။ သာမန်မဟုတ်သော သန္ဓေသားဖြစ်တည်နေမှုအား စစ်ဆေးခြင်း (ဥပမာခြေဖဝါးအတွင်းဘက်သို့ကွေးကောက်ဝင်နေခြင်း၊ကျောရိုးဖြစ်ထွန်းမှုမပြည့်စုံခြင်း၊အာခေါင်ကွဲနေခြင်း၊လက်သီးဆုပ်ထားခြင်း) ၆။ သားအိမ်အတွင်း ကြီးထွားမှုနှောင့်နှေးသည့် အခြေအနေ ရှိမရှိ ဆုံးဖြတ်ခြင်း ၇။ သန္ဓေသား၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်မှုကို မှတ်တမ်းထားခြင်း (ဥပမာ - နှလုံး၊ ဦးနှောက်၊ အသည်းအစာအိမ်၊ ဦးခေါင်းခွံ နှင့် အခြားသောအရိုးများ) ၈။ သန္ဂေသား၏ ရေမြွှာအရည်နှင့် ချက်ကြိုးတို့တွင် ဖြစ်တတ်သော ပြဿနာများကို စစ်ဆေးခြင်း ၉။ မွေးဖွားမည့် ရက်အား ဆုံးဖြတ်ခြင်း (တိုင်းတာတွက်ဆမှုများနှင့် သက်ဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှု အခြေ အနေပေါ် မူတည်၍) ယေဘုယျအားဖြင့် သာမန်မဟုတ်သော အခြေအနေတစ်ခုအား သံသယဖြစ်သည့်အခါတိုင်း သို့မဟုတ် အောက်ပါအချက်များနှင့် အလားတူ အခြေအနေများ အတွက် သတ်မှတ်ထားသော ဇယားအတိုင်း စမ်းသပ်စစ်ဆေးစဉ် တစ်လျှောက်လုံးတွင် အာလ်ထရာဆောင်း စစ်ဆေးရန်လိုအပ်သည်။


၁။ 7 ပတ်မြောက် - ကိုယ်ဝန်ရှိခြင်းအား အတည်ပြုခြင်း၊ စပျစ်သီးသန္ဓေတည်ခြင်း သို့မဟုတ် သန္ဓေတည်မှု နေရာမမှန်ကန်ခြင်းတို့မဟုတ်ကြောင်း သေချာစစ်ဆေးခြင်း၊ မွေးဖွားမည့်ရက်သတ်မှတ်ခြင်း ၂။ 13-14 ပတ်မြောက် (အချို့သော အပိုင်းများတွင်) - ဒေါင်းဆင်ဒရုံးရောဂါ ဖြစ်နိုင်ခြေကို အကဲဖြတ်ခြင်း ၃။ 18-20 ပတ်မြောက် - အထက်တွင်ဖော်ပြထားသော အကျယ်ချဲ့ထားသည့် စာရင်းတွင် ကြည့်ရန် ၄။34 ပတ်မြောက် (အချို့သောအပိုင်းများတွင်) - အရွယ်အစားကို အကဲဖြတ်ခြင်း၊ အချင်းအနေအထား မှန်မမှန်စစ်ဆေးခြင်း

ကိုးကား ပြင်ဆင်ရန်


ပြင်ပလင့်ခ်များ ပြင်ဆင်ရန်