ဆာကေး (အင်္ဂလိပ် Sake ဂျပန်။ 酒) ကို ဂျပန်ဆန်အရက်ဟုလည်း ခေါ်ကြပြီး ဖွဲနုပြောင်အောင် ပေါလစ်တင်ထားသော ဆန်အား ကစော်ဖောက်ခြင်းမှ ရရှိသော အရက်တစ်မျိုး ဖြစ်သည်။ ဝိုင်အရက်နှင့် မတူသော အချက်မှာ ဝိုင်အရက်သည် သစ်သီးတွင် သဘာဝအတိုင်း ပါဝင် သော သကြားအား ကစော်ဖောက်ခြင်းမှ ရရှိပြီး ဆာကေးအရက်မှာမူ ဘီယာကဲ့သို့ ချက်လုပ်ခြင်းမှ ရသည်။ ကစီဓာတ်များအား သကြားအဖြစ်ပြောင်းလဲ၍ ထိုမှတဆင့် ကစော်ဖောက်ခြင်း ဖြစ်သည်။

၁၇၄၀ ခုနှစ်မှ ဆာကေးပုလင်း၊ ဂျပန်နိုင်ငံ
ဖန်ခွက်အကြည်ဖြင့် ထည့်ထားသော ဆာကေး
ဆုရုဂါအိုကာ ဟချိမန်-ဂူး နတ်ကွန်းတွင် ဆာကေးစည်များဖြင့် ပသထားပုံ

ဆာကေးအရက်ချက်ခြင်းနှင့် ဘီယာချက်ခြင်းတို့ ကြား ကွာခြားချက်မှာ ဘီယာချက်လုပ်ရာတွင် ကစီဓာတ်ကို ပထမအဆင့်တွင် သကြားအဖြစ်ပြောင်းလဲ၍ ဒုတိယအဆင့်တွင် သကြားမှ အရက်အဖြစ်သို့ ပြောင်းလဲသည်။ ဆာကေးမှာမူ အခြားသော ဆန်အရက်များကဲ့သို့ပင် ကစီဓာတ်မှ အရက်သို့ ပြောင်းလဲခြင်းအား တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ပြုလုပ်သည်။ ထို့အပြင် ဆာကေး၊ ဝိုင်နှင့် ဘီယာတို့တွင် အရက်ပါဝင်မှု အချိုးအစား ကွာခြားသည်။ ဝိုင်များတွင် ယေဘုယျအားဖြင့် အရက် ၉% မှ ၁၆% ပါဝင်လေ့ရှိပြီး [] ဘီယာအများစုတွင်မူ အရက် ၃% မှ ၉% အထိပါဝင်ကာ ဆာကေးတွင်မူ အရက် ၁၈% မှ ၂၀%အထိ ပါဝင်လေ့ရှိသည်။ (သို့သော်လည်း အမြဲလိုလိုပင် ပုလင်းမသွတ်မီ ၁၅% အထိ ရေရောခြင်းဖြင့် ဆာကေး၏ အရက်ပါဝင်မှုကို လျှော့ချကြသည်။



  1. Robinson၊ Jancis (2006)။ The Oxford Companion to Wine (3rd ed.)။ Oxford University Press။ p. 10